Posts

ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့ သတင်းကို နောက်တစ်ကြိမ် ရိုက်ခတ်စေလိုက်တဲ့ #ရိုင်အိုလာ

Image
နာမည်ကျော် အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာ ကတော့ ‘ ဘာတွေ ရှေ့ဆက် ဖြစ်လာ မလဲ ဆိုတာ ကျွန်တော် တို့ စောင့်ကြည့် ကြ ရတာ ပေါ့ ‘ လို့ ပြောကြား ခြင်းဖြင့် ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်း ပြောင်းရွှေ့ ဖို့ ဆန္ဒ ရှိနေ ဆဲ ဖြစ်ကြောင်း အရိပ်အမြွတ် ပြောကြား သွားခဲ့ ပါတယ် ။ ယူနိုက်တက် ကွင်းလယ်လူ ဟာ ပါ့သ် မှာ လိဒ် ယူနိုက်တက် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း ကောင်းမွန် လှတဲ့ ခြေစွမ်း တွေနဲ့ အတူ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ် ခဲ့တဲ့ နောက် အပြောင်းအရွှေ့ သတင်း တွေနဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ် တွေကို စိတ် သက်သာရာ ရရှိ စေခဲ့ သူပဲ ဖြစ်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှား ဖက်က တော့ အသင်း ပြောင်းရွှေ့ ဖို့ သတင်း ကြီးနေ ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် ကို အသင်း မှာ ဆက်လက် ရှိနေ စေလို ကြောင်း ၊ ရောင်းချ သွားဖို့ ဆန္ဒ မရှိကြောင်း အတိအလင်း ပြောကြား ထားခဲ့ ပါ သေးတယ် ။ ဒါ့အပြင် ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ကလည်း ပေါ့ဂ်ဘာ အတွက် စိန်ခေါ် မှု အသစ် တွေ ဖန်တီး နိုင်ရေး အတွက် လုပ်ဆောင် သွားဖို့ ရှိကြောင်း ၊ သူ့ကို ဝန်းရံ ပြီး အသင်း ကို တည်ဆောက် သွားလို ကြေ...

မနက်ခင်း ယူနိုက်တက်သတင်းတိုများ

Image
🔴ယူနိုက်တက် အသင်း၏ တိုက်စစ်မှူး ဂျိမ်းဝီလဆင် သည် ယူနိုက်တက် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံး ပြီးနောက်ယခင်က အငှါးသွားရောက်ကစားခဲ့သည့် Aberdeen အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Source: [𝐨𝐟𝐟𝐢𝐜𝐚𝐥] 🔴ယူနိုက်တက် အသင်း၏နည်းပြဖြစ်သူ ဆိုးလ်ရှားက ခြေစမ်းပွဲ မစတင်ခင်အချိန်အတွင်း ကွင်းလယ်ကစားသမား တစ်ဦးကိုအလိုရှိနေပြီး ယင်း၏ပစ်မှတ်တွင် ဖာနန်ဒက် နှင့် လောင်စတန်တို့သာ ဖြစ်သည်။ Source: [𝐞𝐯𝐞𝐧𝐢𝐧𝐠 𝐬𝐭𝐚𝐧𝐝𝐚𝐫𝐝] 🔴ယူနိုက်တက် အသင်း၏ ကစားသမားသစ်ဒန်နီရယ်ဂျိမ်း သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ က အသင်း၏လေ့ကျင့်ခန်း အစီအစဉ်ကို အစောဆုံးရောက်ရှိလာခဲ့သူဖြစ်ကြောင်းသိ ရသည်။ Source: [𝐦𝐚𝐢𝐥] 🔴ယူနိုက်တက် အသင်းသည် အသင်း၏ဂိုးသမား ဒီဂီယာကို တစ်ပတ်လစာငွေပေါင်(3) သိန်းခွဲဖြင့် (5) နှစ်သက်တမ်းရှိစာချုပ်ဖြင့်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရသည်။ Source: [𝐭𝐢𝐦𝐞] 🔴ယူနိုက်တက် အသင်း၏ဂိုးသမားဖြစ်သူ ဒီဂီယာသည် ယခုနွေ အပြောင်းအရွှေ့တွင်ပြောင်းရွှေ့ကြေးတန်ဖိုး ယူရို(65) သန်းရှိနေပေမယ့် လာမည့်ဘောလုံးရာသီတွင် အလွတ်ထွက်ခွာမှုဖြင့် ယင်းကိုရရှိနိုင်သည်။ သို့ပေမယ့် ယူနိုက်တက် အသင်းက...

ဒီ တစ်ပါတ် အတွင်း အပြောင်းအရွှေ့ နှစ်ခု နဲ့ စာချုပ် သက်တမ်း တိုးမှု နှစ်ခုကို မြင်တွေ့ လိုနေတဲ့ #ဆိုလ်ရှား

Image
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ကတော့ ဒီ တစ်ပါတ် အတွင်း ကစားသမား သစ် ခေါ်ယူ မုှ နှစ်ခု နဲ့ အသင်း သား နှစ်ယောက် ကို စာချုပ် သက်တမ်း တိုးမြှင့် နိုင်ဖို့ အလို ဆန္ဒ ရှိ နေတယ် လို့ သိရှိ နေရ ပါတယ် ။ ဆိုးလ်ရှား ဟာ လက်ရှိ အချိန် အထိ တော့ ဆွမ်ဆီး အသင်း မှ ညာ တောင်ပံ တိုက်စစ် ကစားသမား လေး ဒန်နီယယ် ဂျိမ်းစ် ကို ပေါင် 18 သန်း ၊ ခရစ္စတယ် ပဲလေ့စ် အသင်းမှ ညာ နောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာ ကို ပေါင် သန်း 50 တို့နဲ့ ခေါ်ယူ ထားနိုင် ခဲ့ ပါတယ် ။ အခုတော့ ထွက်ပေါ် လာတဲ့ သတင်း တွေ အရ ယူနိုက်တက် နည်းပြ ဖြစ်သူ ဟာ ဝက်စ်ဟမ်း အသင်း မှ ဗဟို ခံစစ် ကစားသမားလေး ဖြစ်တဲ့ ဒီယော့ပ် ကို ခေါ်ယူ ပြီး ယိုယွင်း နေ ခဲ့တဲ့ အသင်း ရဲ့ ဗဟို ခံစစ် ပိုင်း နေရာ ကို ပြန်လည် မွမ်းမံ လို နေတယ် လို့ သိရှိ နေရ ပါတယ် ။ အဆိုပါ သတင်း ကတော့ ပြင်သစ် မြေမှ နာမည်ကျော် သတင်းစာ ဖြစ်တဲ့ L’ Equipe မှ ထွက်ပေါ် လာခဲ့ တာ ဖြစ်ပြီး ယူနိုက်တက် ဟာ ပြင်သစ် နိုင်ငံသား ကို ပြောင်းရွှေ့ ကြေး ဘယ်လောက် နဲ့ ခေါ်ယူ ရမလဲ ဆိုတဲ့ အပေါ် အတွင်း ပိုင်း ဆွေးနွေး မုှတွေ ပြုလုပ် နေကြောင်း ဖော်ပြ သွားခဲ့ ပါတယ် ။ ယူနိုက်တက်ဟာ ပြီးခဲ့...

ပေါ့ဂ်ဘာအတွက် ယူရို သန်း 60 – 70 + အဓိက ကစားသမား တစ်ဦး အလိုက်ပေး ကမ်းလှမ်းသွားဖို့ အသင့်ရှိနေတဲ့ #ဂျူဗင်တပ်

Image
အီတလီ ချန်ပီယံ ဂျူဗင်တပ် အသင်း ဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို ခေါ်ယူ ရရှိ နိုင်ဖို့ အတွက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ပေါ်လို ဒိုင်ဘာလား ကို ပေးသွား ဖို့ ဆန္ဒ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ဖက်မှ တော့ ကစားသမား အတွက် ဂျူဗင်တပ် အသင်း ဆီမှ ယူရို သန်း 150 ဆိုတဲ့ ငွေသား သီသန့် အပြောင်း အရွှေ့ တစ်ရပ် ကိုသာ အလို ရှိ နေတယ် လို့ သိရှိ နေရ ပါတယ် ။ အီတလီ နာမည်ကြီး သတင်းစာ တစ်ရပ် ဖြစ်တဲ့ Gazzetta Dello Sport မှ နီကိုလို ရှီရာ ရဲ့ ဖော်ပြချက် အရ အီတလီ ချန်ပီယံ ဟာ ပေါ့ဂ်ဘာ ကို ပြန်လည် ခေါ်ယူ နိုင်ဖို့ အတွက် အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာ နဲ့ ချိတ်ဆက် နေတယ် လို့ သိရှိ ရ ပါတယ် ။ နီကိုလို ရှီရာ ရဲ့ ဖော်ပြချက် အရ တော့ ဂျူဗင်တပ် အသင်း ရဲ့ အား ကစား ဒါရုုိက်တာ ဖြစ်သူ ဖေဘီယို ပါရာတီစီ ဟာ ပြင်သစ် လက်ရွေးစင် ကို ပြန်လည် ခေါ်ယူ နိုင်ဖို့ အတွက် အသင်း မှ တိုက်စစ် ကစားသမား ဖြစ်သူ ပေါ်လို ဒိုင်ဘာလား + ယူရို သန်း 60 – 70 အထိ ပေးချေ သွားလို နေတယ် လို့ သိရှိ ရ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ ယခင် ကတည်းက ဒိုင်ဘာလား ကို ခေါ်ယူ နိုင်ဖိ...

ယူနိုက်တက် အသင်းနှင့်(2023)ခုနှစ် စာချုပ်သက်တမ်းတိုးပြီးနောက် ရပ်ရှ်ဖို့ဒ်၏ရင်ဖွင့်စကား

Image
" ကျွန်တော်ဟာ ယူနိုက်တက် အသင်းနဲ့စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာဟာ ကြီးမားတဲ့ တန်ဖိုးတစ်ခုပဲဗျ။ ယူနိုက်တက် အသင်းဆိုတာ ကျွန်တော့်ရဲ့ကြီးမားတဲ့မိသားစုပဲဗျ။ တစ်ခြားအသင်းတွေနဲ့ ကျွန်တော့်မှာဒီလိုစိတ်ဓာတ်တွေ မရှိဘူး။ ယူနိုက်တက် အသင်းအတွက်ပဲ ရှိတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဆိုတာ ကျွန်တော့် အတွက်ဘောလုံးထက်ပိုတဲ့ အသင်းတစ်သင်းပဲဖြစ်တယ်။ ကျွန်တော်က ယူနိုက်တက် အသင်းကိုအားပေးတဲ့ပရိသတ် အဆင့်ကနေ အသင်းရဲ့အဓိကထားတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီး။ ယူနိုက်တက်ရှုံးပွဲကြုံလာရင် ကျွန်တော့် အတွက်စိတ်ထိခိုက်မှုတွေပိုဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်ဟာ ယူနိုက်တက် အသင်းရဲ့အားပေးနေတဲ့သူ တစ်ယောက်ဖြစ်တယ်။ အခုကျွန်တော်တို့ရဲ့အခြေအနေကို ကြည့်ရတာကို ကျွန်တော်အရမ်းပဲစိတ်ထိခိုက်မိပါတယ်။ ကျွန်တော်တို့မနှစ်တုန်းက အသုံးမကျခဲ့လို့ပါ။ ဒါပေမယ့် အခုစာချုပ်သက်တမ်းတိုးလိုက်တာဟာ ကျွန်တော်အသင်း ကိုပိုပြီးပေးဆပ်ချင်လို့ပဲ ဖြစ်တယ်။ ယူနိုက်တက် အသင်းနဲ့ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယား လိဂ်ဖလား အောင်မြင်မှုက ကျွန်တော်အရမ်းလိုချင်တဲ့ အောင်မြင်မှုဖြစ်တယ်။ ဒီဟာထက်ပိုပြီး ကျွန်တော်ဘာမှမလိုချင်ပါဘူး။ ကစားသမားတိုင်း ဒီအောင်မြင်မှုတ...

ယူနိုက်တက် အသင်းသည် ဖာနန်ဒက် ကိုတစ်နှစ်လစာငွေ ယူရို(5) သန်းဖြင့်ကမ်းလှမ်း၍ စပိုတင် လစ္စဘွန် အသင်းမှ ထွက်ခွာချင်စိတ်ပေါက်အောင် လုပ်ဆောင်ရန် အစီအစဉ်ဆွဲထားသည်။

Image
ထို့နောက် စပိုတင်လစ္စဘွန် အသင်းဘက်က ယင်းကိုရောင်းချရန် ဖိအားပေးမည့်ပုံစံဖြစ်အောင်လုပ်ဆောင်လိုသည်။ စပိုတင်လစ္စဘွန် အသင်းက ဖာနန်ဒက်အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရိုသန်း(60)အထိလိုချင်ပေမယ့် ယူနိုက်တက် အသင်းက ယင်းအတွက် ယူရို(35) သန်း ဖြင့်သာကမ်းလှမ်းထားရသေးသည်။ ယင်း ကမ်းလှမ်းမှုကို စပိုတင်လစ္စဘွန် အသင်းက ငြင်းဆန်ထားသည်။ [𝐬𝐩𝐨𝐫𝐭 𝐰𝐢𝐭𝐧𝐞𝐬𝐬𝐞𝐬] #နငယ်

ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ရက်တစ်ပတ်လောက်က လန်ဒန်မြို့တွင် ဒီဂီယာ၏ကိုယ်စား လှယ်များနှင့်တွေ့ဆုံခဲ့

Image
ယင်း၏စာချုပ်ကိစ္စကိုတိုးတက်မှု ရှိစေမည့်အချက်အလက်များပါဝင်သည့် စာချုပ်ဖြင့်ကမ်းလှမ်း မှုပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံမှုတွင်ဒီဂီယာ၏အဓိက ကိုယ်စားလှယ်ဖြစ်သူ ဂျောမန်ဒက်လည်းရှိနေခဲ့သည်။ ယူနိုက်တက် အသင်းက ဒီဂီယာကိုလက်လွတ်ဆုံးရှုံးခံရန် ဆန္ဒ မရှိပေ။ ယင်းကို ယူနိုက်တက် အသင်းက တစ်ပတ် လစာငွေ ပေါင်(3) သိန်းခွဲဖြင့် (5) နှစ်စာချုပ်+ စာချုပ်ပါအရ တစ်နှစ်သက်တမ်းတိုးစာချုပ်ကိုကမ်းလှမ်းသွားမည်ဖြစ် ကြောင်းသိရသည်။ [𝐝𝐮𝐧𝐜𝐚𝐧 𝐜𝐚𝐬𝐭𝐥𝐞𝐬] #နငယ်