ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့ သတင်းကို နောက်တစ်ကြိမ် ရိုက်ခတ်စေလိုက်တဲ့ #ရိုင်အိုလာ

နာမည်ကျော် အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာ ကတော့ ‘ ဘာတွေ ရှေ့ဆက် ဖြစ်လာ မလဲ ဆိုတာ ကျွန်တော် တို့ စောင့်ကြည့် ကြ ရတာ ပေါ့ ‘ လို့ ပြောကြား ခြင်းဖြင့် ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်း ပြောင်းရွှေ့ ဖို့ ဆန္ဒ ရှိနေ ဆဲ ဖြစ်ကြောင်း အရိပ်အမြွတ် ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ဟာ ပါ့သ် မှာ လိဒ် ယူနိုက်တက် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း ကောင်းမွန် လှတဲ့ ခြေစွမ်း တွေနဲ့ အတူ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ် ခဲ့တဲ့ နောက် အပြောင်းအရွှေ့ သတင်း တွေနဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ် တွေကို စိတ် သက်သာရာ ရရှိ စေခဲ့ သူပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှား ဖက်က တော့ အသင်း ပြောင်းရွှေ့ ဖို့ သတင်း ကြီးနေ ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် ကို အသင်း မှာ ဆက်လက် ရှိနေ စေလို ကြောင်း ၊ ရောင်းချ သွားဖို့ ဆန္ဒ မရှိကြောင်း အတိအလင်း ပြောကြား ထားခဲ့ ပါ သေးတယ် ။

ဒါ့အပြင် ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ကလည်း ပေါ့ဂ်ဘာ အတွက် စိန်ခေါ် မှု အသစ် တွေ ဖန်တီး နိုင်ရေး အတွက် လုပ်ဆောင် သွားဖို့ ရှိကြောင်း ၊ သူ့ကို ဝန်းရံ ပြီး အသင်း ကို တည်ဆောက် သွားလို ကြောင်း လိဒ် နဲ့ ပွဲစဉ် မတိုင်မီ ပွဲ ကြို သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ဒီလစ် ရဲ့ အပြောင်းအရွှေ့ ကိစ္စ အတွက် ဆေးစစ် ဖို့ ၊ စာချုပ် သဘော တူညီ မှု ရရှိ ဖို့ တူရင် မြေ ကို ရောက်ရှိ နေတဲ့ အေးဂျင့် ရိုင်အိုလာ ရဲ့ စကားသံ တွေက ပေါ့ဂ်ဘာ ရဲ့ အပြောင်းအရွှေ့ သတင်း ကို ပြန်လည် လှုပ်ခတ် လာစေ ခဲ့ ပါတယ် ။

အထူးသဖြင့် ‘ ဘာဖြစ် လာလိမ့် မလဲ ဆိုတာ ကို စောင့်ကြည့် ရတာ ပေါ့ ၊ သူဟာ ဒီနေ့ အတွက် တော့ ယူနိုက်တက် ကစား သမား ပါ ‘ လို့ ပြောခဲ့တဲ့ ရိုင်အိုလာ ရဲ့ စကား တွေက ပေါ့ဂ်ဘာ ဟာ ဒီနွေ မှာ အသင်း ပြောင်းရွှေ့ လိုနေ ဆဲ ဖြစ်ကြောင်း ထင်ရှား စေခဲ့ ပါတယ် ။

” အခု အချိန် အထိ တော့ ဘာမှ ထူးခြားမှု မရှိသေး ပါဘူး ။ ပေါ့ဂ်ဘာ ယူနိုက်တက် မှာ ဆက်ရှိ နိုင် မလား ? ကျွန်တော့် ဘဝ ကို တစ်ရက် ပြီး တစ်ရက် ဖြတ်သန်း နေတာ ပါ ။ ဘာတွေ ဖြစ်လာ လိမ့် မလဲ ဆိုတာ စောင့်ကြည့် ရတာ ပေါ့ ”

” ဒီ ပုံပြင် လေးရဲ့ အဆုံးသတ် ဟာ မရေး ရသေး ပါဘူး ။ ကျွန်တော် တို့တွေ အခု ဒီမှာ ရှိနေ ကြ ပါတယ် ။ မနက်ဖြန် ဘာဖြစ် မလဲ ဆိုတာ ကို ကျွန်တော် တို့ မသိနိုင် ကြဘူး လေ ” လို့ ရိုင်အိုလာ က မတင်မကျ ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

ရွိုင်အိုလာ ဟာ ပြီး ခဲ့တဲ့ တစ်ကြိမ် တုန်းက ပေါ့ဂ်ဘာ ရဲ့ အပြောင်း အရွှေ့ နဲ့ ပတ်သက် လို့ သူ့ရဲ့ ကစားသမား ဟာ ဒီနွေ မှာ အသင်း ပြောင်းရွှေ့ လိုကြောင်း ပြောကြား ခဲ့တဲ့ အတွက် ယူနိုက်တက် မှ ပြင်သစ် လက်ရွေးစင် ရဲ့ တန်ကြေး ကို ပေါင် သန်း 150 မှ 180 အထိ မြှင့်ခဲ့ ပါ သေးတယ် ။

ဒါပေမယ့် ရိုင်အိုလာဟာ အခု တစ်ကြိမ် အင်တာဗျူး မှာလည်း နောက်ထပ် မတင်မကျ ဖြစ်စေ မယ့် မှတ်ချက် တွေနဲ့ အတူ သတင်း တွေကို ပြန်လည် လှုပ်ခတ် စေလိုက် ပါပြီ ။ ပေါ့ဂ်ဘာ ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက် လို့ ဘယ်လို ဆက်ဖြစ် လာမလဲ ဆိုတာ ကတော့ စိတ်ဝင်စား ဖွယ် ပါပဲ ။

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်