ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပေါ့ဂ်ဘာ ကို အသင်း မှာ ဆက်လက် ထိန်းသိမ်း ဖို့ ( သို့မဟုတ် ) အဆိုပါ နေရာ ကို စတား ကစားသမား တစ်ဦး နဲ့ အင်အား ဖြည့်တင်း သွားဖို့ အတွက် Adidas ရဲ့ ဖိအား ပေးခြင်း ခံသွား ရဖို့ ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။

ဂျာမန် အခြေစိုက် အား ကစား ဆိုင်ရာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Adidas ဟာ 2015 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ 10 နှစ် သက်တမ်း ရှိတဲ့ ပေါင် 750 သန်းတန် ဂျာစီ စပွန်ဆာ စာချုပ် တစ်ခု အပေါ် လက်မှတ် ရေးထိုး ထားခဲ့ ပါတယ် ။

အဆိုပါ သဘော တူညီ မှု ထဲမှာ ထပ်မံ ပါဝင် ခဲ့တဲ့ အရာ တစ်ခု ကတော့ ယူနိုက်တက် အနေ နဲ့ အသင်း ရဲ့ နာမည် ကျော် စတား ကစားသမား တစ်ဦးဦး ကို ကြော်ငြာ ကဏ္ဍ မှာ ဦးဆောင် ပါဝင် စေဖို့ ၊ အာရှ ၊ ဥရောပ နဲ့ အမေရိက တွေမှာ ဈေးကွက် ထိုးဖောက် အောင် လုပ်ဆောင် နိုင်ဖို့ ပါ သဘောတူ ထားခဲ့ တယ်လို့ သိရှိ ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် ကသာ အသင်း ရဲ့ စတား ကစားသ မား ဖြစ်သူ ပေါ့ဂ်ဘာ ကို ရီးယဲ မက်ဒရစ် ဒါမှ မဟုတ် ဂျူဗင်တပ် အသင်း ဆီ ဆုံးရှုံး ဖြစ်ခဲ့ ပါက စပွန်ဆာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Adidas ဟာလည်း ကြားထဲ မှ အနည်း နဲ့ အများ နစ်နာ မှု တွေ ရှိလာ နိုင် ပါတယ် ။

Adidas တို့ ယူနိုက်တက် နဲ့ တစ်နှစ် ပေါင် 75 သန်း ဆိုတဲ့ ပမာဏ နဲ့ သဘော တူညီ မှု သဘော တူညီ မှု စတင် ရယူ ခဲ့စဉ် တုန်းက အိုးလ် ထရပ်ဖို့ဒ် မြေမှာ ဝိန်း ရွန်းနီ ဟာ အဓိက အကျဆုံး ကစားသမား အဖြစ် ရှိနေ ခဲ့တဲ့ အတွက် အဆင်ပြေ ခဲ့ပြီး လက်ရှိ အချိန် အထိ လည်း နာမည် ကောင်း တစ်ခု ပိုင်ဆိုင် ထားဆဲ ပါပဲ ။

လက်ရှိ အချိန် မှာတော့ ပေါ့ဂ်ဘာ ဟာ စတား ကစားသမား တစ်ဦး အဖြစ် ရှိနေ တာကြောင့် ယူနိုက်တက် မှ သူ့ကို ရောင်းချ ဖြစ်ခဲ့ ပါက ကမ္ဘာ့ အဆင့် ကစားသမား တစ်ဦး နဲ့ အစားထိုး သွား ရမှာ ပဲ ဖြစ် ပါတယ် ။

လက်ရှိ ယူနိုက်တက် မှာ အဆိုပါ နေရာ ကို အစားထိုး နိုင်ဖို့ အတွက် ကမ္ဘာ့ အဆင့် ကစားသမား အဖြစ် ဒေးဗစ် ဒီဂီယာ တစ်ဦး သာ ရှိနေ ပြီး သူ့ရဲ့ အနာဂတ် ဟာလည်း ယူနိုက်တက် မှာ ရှေ့ဆက် ရှိနေ ဖို့ မရေရာ လှ ပါဘူး ။ သူဟာ လည်း အသင်း နဲ့ စာချုပ် သက်တမ်း တိုးဖို့ ကြန့်ကြာ နေခဲ့ ပါတယ်

လက်ရှိ အသက် 26 နှစ်သာ ရှိနေ သေးတဲ့ ပေါ့ဂ်ဘာ အတွက် ယူနိုက်တက် မှ ပေါင် သန်း 150 အထိ သတ်မှတ် ထားတယ် လို့ သိရှိ ရ ပါတယ် ။ ဒါ့အပြင် ပေါ့ဂ်ဘာ ဟာ Adidas ရဲ့ နိုင်ငံတကာ အားကစားပိုင်း ဆိုင်ရာ သံအမတ် တစ်ဦး လည်း ဖြစ်တဲ့ အတွက် သူ့ရဲ့ အပြောင်း အရွှေ့ ကြောင့် Adidas တို့ နစ်နာ မှု ရှိလာ နိုင် ပါတယ် ။

မကြာသေးခင် က ဂျပန် မြေကို ပရိုမိုရှင်း ပွဲ တစ်ခု အတွက် တက်ရောက် ခဲ့တဲ့ ပေါ့ဂ်ဘာ ကိုယ်တိုင် က စိန်ခေါ် မှု အသစ် တွေကို ရင်ဆိုင် ဖို့ အတွက် အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ ဖို့ ရှိ နေကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

ဒါ့ကြောင့် ယူနိုက်တက် မှ ပေါ့ဂ်ဘာ ကို ဆုံးရှုံး ဖြစ်ခဲ့ ပါက အဆိုပါ နေရာ ကို စတား ကစားသမား တစ်ဦး တစ်ယောက် နဲ့ ပြန်လည် အစား ထိုးဖို့ ၊ သူတို့ ဖက်မှ နစ်နာမုှ မရှိ စေဖို့ Adidas မှ ယူနိုက်တက် ကို ဖိအား ပေးသွား နိုင်ဖွယ် ရှိနေ တာပဲ ဖြစ် ပါတယ် ။

#Sports_Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်