အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

🔴ယူနိုက်တက် အသင်းက
ဝမ်ဘစ်စကာ ၏ပြောင်းရွှေ့ကြေးကို ယခုတစ်ပတ်တည်း
တွင်အားလုံး နီးပါးအပြီးသတ်နိုင်မည်ဟု ယုံကြည်ထား
သည်။ ယင်း၏အပြောင်းအရွှေ့ကိစ္စကိုလန်ဒန်မြု့ိတွင်
အပြီးသတ်စီစဉ်မည်ဖြစ်သည်။ သို့ပေမယ့် ပြောင်းရွှေ့ကြေး
ပေးရန် နှစ်သင်းကြားသဘောတူညီမှုကိုရခဲ့ပြီးဖြစ်သည်။
ပြောင်းရွှေ့ကြေးမှာပေါင်(55)သန်းကျသင့်သွားမည်ဖြစ်
သည်။ဝမ်ဘစ်စကာကို ယူနိုက်တက် အသင်းက တစ်ပတ်
လစာငွေပေါင်(8) သောင်းပေးသွားမည်ဖြစ်သည်။
ယင်း၏ပြောင်းရွှေ့ကြေးကိုပေးချေရာတွင် ကုန်ကျစရိတ်
သက်သာအောင် ဒါမီယန်ကိုရောင်း၍ ငွေကြေးရှာဖွေဦး
မည်ဖြစ်သည်။
Source: [Andy Mitten]

🔴ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တုန်းက လောင်စတန်
အတွက် ယူနိုက်တက်အသင်း၏ ချဉ်းကပ်မှုနှင့်ကမ်းလှမ်း
မှုများကိုနယူကာဆယ်အသင်းက လက်ခံရရှိခဲ့သည်။
Source: [Telegraph ]

🔴ယူနိုက်တက် အသင်းသည် အကယ်၍ ကွင်းလယ်လူ
ပေါ့ဘာ အသင်းတွင်ဆက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ
နောက်ခံနေရာကို ကူကစားပေးမည့်ကွင်းလယ်လူတစ်ဦး၊
Box-to-Box ကစားနိုင်မည့် ကွင်းလယ်လူတစ်ဦးကိုခေါ်ယူ
သွားမည်ဖြစ်သည်။
Source: [Telegraph ]

🔴ယူနိုက်တက်၊ စပါးနှင့် ဂျူ ဗင်တပ်စ်အသင်းတို့သည်
လိုင်ယွန်အသင်း၏ ကွင်းလယ်လူ Tanguy Ndombele
ကို ယူရိုသန်း(60) ဖြင့်အသီးသီးကမ်းလှမ်းခဲ့ကြသည်။
ယင်းကိုခေါ်ယူရန် ယူနိုက်တက် နှင့် ဂျူ ဗင်တပ်စ်အသင်း
တို့က ပိုမိုရေးပန်းစားသည်။ လိုင်ယွန်အသင်းက ယင်း
အတွက်ယူရိုသန်း(90) အထိတောင်းဆိုသွားဖွယ်ရှိသည်။
Source: [Soccer Link]

ကျွန်တော်ရေးသားထားတဲ့ သတင်းတွေကို
ယူနိူက်တတ်ပရိသတ်များအနေဖြင့်
ကျွန်တော်တို့ယူနိုက်တက် ပရိသတ်
တွေ ပိုမိုဖတ်ရှု့နိုင်အောင် ယူနိုက်တက်groupများတွင်
Share ခြင်းဖြင့် ကူညီပေးကြပါ ရန် မေတ္တာ ရပ်ခံပါ၏☺

#နငယ်


Comments

Popular posts from this blog

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်