ပေါ့ဂ်ဘာအတွက် ယူရို သန်း 60 – 70 + အဓိက ကစားသမား တစ်ဦး အလိုက်ပေး ကမ်းလှမ်းသွားဖို့ အသင့်ရှိနေတဲ့ #ဂျူဗင်တပ်
အီတလီ ချန်ပီယံ ဂျူဗင်တပ် အသင်း ဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ်
ပေါ့ဂ်ဘာ ကို ခေါ်ယူ ရရှိ နိုင်ဖို့ အတွက် အသင်း ရဲ့ တိုက်စစ် ကစားသမား
ဖြစ်သူ ပေါ်လို ဒိုင်ဘာလား ကို ပေးသွား ဖို့ ဆန္ဒ ရှိ နေတယ် လို့ သိရှိ ရ
ပါတယ် ။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ဖက်မှ တော့ ကစားသမား အတွက် ဂျူဗင်တပ် အသင်း ဆီမှ ယူရို သန်း 150 ဆိုတဲ့ ငွေသား သီသန့် အပြောင်း အရွှေ့ တစ်ရပ် ကိုသာ အလို ရှိ နေတယ် လို့ သိရှိ နေရ ပါတယ် ။
အီတလီ နာမည်ကြီး သတင်းစာ တစ်ရပ် ဖြစ်တဲ့ Gazzetta Dello Sport မှ နီကိုလို ရှီရာ ရဲ့ ဖော်ပြချက် အရ အီတလီ ချန်ပီယံ ဟာ ပေါ့ဂ်ဘာ ကို ပြန်လည် ခေါ်ယူ နိုင်ဖို့ အတွက် အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာ နဲ့ ချိတ်ဆက် နေတယ် လို့ သိရှိ ရ ပါတယ် ။
နီကိုလို ရှီရာ ရဲ့ ဖော်ပြချက် အရ တော့ ဂျူဗင်တပ် အသင်း ရဲ့ အား ကစား ဒါရုုိက်တာ ဖြစ်သူ ဖေဘီယို ပါရာတီစီ ဟာ ပြင်သစ် လက်ရွေးစင် ကို ပြန်လည် ခေါ်ယူ နိုင်ဖို့ အတွက် အသင်း မှ တိုက်စစ် ကစားသမား ဖြစ်သူ ပေါ်လို ဒိုင်ဘာလား + ယူရို သန်း 60 – 70 အထိ ပေးချေ သွားလို နေတယ် လို့ သိရှိ ရ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ ယခင် ကတည်းက ဒိုင်ဘာလား ကို ခေါ်ယူ နိုင်ဖို့ အတွက် စောင့်ကြည့် နေ ခဲ့တဲ့ အသင်း တစ်သင်း ပဲ ဖြစ် ပါတယ် ။ အခုတော့ ကိုပါ အမေရိက ပြိုင်ပွဲ မှ အာဂျင်တီးနား အသင်း ထွက်ခွာ ခဲ့ ရတဲ့ နောက် ဂျူဗင်တပ် ဟာ တိုက်စစ် မှူးရဲ့ အနာဂတ် အပေါ် ဆုံးဖြတ်ချက် ချမှတ် သွားဖို့ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် ဖက်မှ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အတွက် ယူရို သန်း 150 ဆိုတဲ့ ငွေသား သီးသန့်ချည်း တောင်းဆို နေခြင်း က ဂျူဗင်တပ် အတွက် အခက် တွေ့ရ ဖွယ် ဖြစ်နေ ခဲ့ ပါတယ် ။
Gazzetta Dello Sport မှ ဖော်ပြချက် အရ တော့ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ဟာလည်း ပေါ့ဂ်ဘာ ကို ခေါ်ယူ နိုင်ရေး အတွက် လက် မလျော့ သေးပဲ ကစားသမား ရဲ့ အနေအထား ကို စောင့်ကြည့် နေဆဲ လို့ သိရှိ ရ ပါတယ် ။
ယခင် တုန်းက ပေါ့ဂ်ဘာ ကိုယ်တိုင် က ဇီဒန်း ဦးဆောင် တဲ့ ရီးယဲ မက်ဒရစ် အသင်းမှာ ကစား ရဖို့ ဆိုတာ သူ့ရဲ့ အိပ်မက် ဖြစ်ကြောင်း ပြောကြား ထားခဲ့ သလို မကြာသေးခင် ကလည်း စိန်ခေါ် မှု အသစ် တွေ အတွက် အသင်း ပြောင်း လိုကြောင်း သူ့ရဲ့ ဆန္ဒ တွေကို ပြောကြား ခဲ့ပါ သေးတယ် ။
လက်ရှိ အချိန် မှာ သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် ရီးယဲ မက်ဒရစ် အပြင် အသင်း ဟောင်း ဂျူဗင်တပ် ကပါ စိတ်ဝင်စား နေကြ ပေမယ့် ယူနိုက်တက် အသင်း ဖက်က တောင်းဆို မှုဟာ မြင့်မား နေခဲ့ တာကြောင့် နှစ်သင်း လုံးဟာ အပြောင်း အရွှေ့ ပြုလုပ် ဖို့ တုန့်ဆိုင်း နေခဲ့ ကြ ပါတယ် ။
#Sports_Myanmar

Comments
Post a Comment