ဒီ တစ်ပါတ် အတွင်း အပြောင်းအရွှေ့ နှစ်ခု နဲ့ စာချုပ် သက်တမ်း တိုးမှု နှစ်ခုကို မြင်တွေ့ လိုနေတဲ့ #ဆိုလ်ရှား
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ကတော့ ဒီ တစ်ပါတ် အတွင်း ကစားသမား သစ် ခေါ်ယူ မုှ နှစ်ခု နဲ့ အသင်း သား နှစ်ယောက် ကို စာချုပ် သက်တမ်း တိုးမြှင့် နိုင်ဖို့ အလို ဆန္ဒ ရှိ နေတယ် လို့ သိရှိ နေရ ပါတယ် ။
ဆိုးလ်ရှား ဟာ လက်ရှိ အချိန် အထိ တော့ ဆွမ်ဆီး အသင်း မှ ညာ တောင်ပံ တိုက်စစ် ကစားသမား လေး ဒန်နီယယ် ဂျိမ်းစ် ကို ပေါင် 18 သန်း ၊ ခရစ္စတယ် ပဲလေ့စ် အသင်းမှ ညာ နောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာ ကို ပေါင် သန်း 50 တို့နဲ့ ခေါ်ယူ ထားနိုင် ခဲ့ ပါတယ် ။
အခုတော့ ထွက်ပေါ် လာတဲ့ သတင်း တွေ အရ ယူနိုက်တက် နည်းပြ ဖြစ်သူ ဟာ ဝက်စ်ဟမ်း အသင်း မှ ဗဟို ခံစစ် ကစားသမားလေး ဖြစ်တဲ့ ဒီယော့ပ် ကို ခေါ်ယူ ပြီး ယိုယွင်း နေ ခဲ့တဲ့ အသင်း ရဲ့ ဗဟို ခံစစ် ပိုင်း နေရာ ကို ပြန်လည် မွမ်းမံ လို နေတယ် လို့ သိရှိ နေရ ပါတယ် ။
အဆိုပါ သတင်း ကတော့ ပြင်သစ် မြေမှ နာမည်ကျော် သတင်းစာ ဖြစ်တဲ့ L’ Equipe မှ ထွက်ပေါ် လာခဲ့ တာ ဖြစ်ပြီး ယူနိုက်တက် ဟာ ပြင်သစ် နိုင်ငံသား ကို ပြောင်းရွှေ့ ကြေး ဘယ်လောက် နဲ့ ခေါ်ယူ ရမလဲ ဆိုတဲ့ အပေါ် အတွင်း ပိုင်း ဆွေးနွေး မုှတွေ ပြုလုပ် နေကြောင်း ဖော်ပြ သွားခဲ့ ပါတယ် ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ တုန်းက လက်စတာ စီးတီး အသင်း မှ ဗဟို နောက်ခံလူ ဟာရီ မက်ဂွားယား ကို ပေါင် သန်း 70 နဲ့ ကမ်းလှမ်း ခဲ့ ပေမယ့် လက်စတာ စီးတီး အသင်း ဖက်မှ အဆိုပါ ကမ်းလှမ်း မှုကို ပယ်ချ ခဲ့တယ် လို့ သိရှိ ခဲ့ရ ပါ သေးတယ် ။
ယူနိုက်တက် တို့ နောက်ထပ် ခေါ်ယူ အင်အား ဖြည့်တင်း လိုတဲ့ နေရာ ကတော့ ကွင်းလယ် ပိုင်း ဖြစ်ပြီး အဆိုပါ နေရာ အတွက် တော့ ယူနိုက်တက် ဟာ နယူးကာဆယ် အသင်း မှ ကွင်းလယ်လူ ရှောင် လောင်းစတက်ဖ် ကို ပစ်မှတ် ထားနေ ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။
နယူးကာဆယ် အသင်း မှ နည်းပြ ဖြစ်သူ ရာဖာ ဘင်နီတက်ဇ် ထွက်ခွာ သွားတဲ့ နောက် လောင်းစတက်ဖ် ရဲ့ အနာဂတ် ကလည်း တစ်စ ထက် တစ်စ လှုပ်ခတ် လာခဲ့ ပါတယ် ။ လက်ရှိ ထွက်ပေါ် နေတဲ့ သူ့ရဲ့ ပြောင်းရွှေ့ ကြေး ကတော့ ပေါင် 25 သန်း ဝန်းကျင် ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။
ယူနိုက်တက် ဟာ ကွင်းလယ် အတွက် နောက်ထပ် ကစားသ မား တစ်ဦး အနေ နဲ့ စပို့တင်း လစ္စဘွန်း အသင်း မှ ကွင်းလယ် လူ ဘရူနို ဖာနန်ဒက်ဇ် ကို ပစ်မှတ် ထာနေ ခဲ့ ပါတယ် ။ သူ့ အတွက် တော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပေါင် 35 သန်း ဝန်းကျင် သာ အသုံး ပြုလို နေ ပေမယ့် စပို့တင်း ဖက်မှ ပေါင် 55 သန်း ဝန်ကျင် ခန့် အလို ရှိနေ ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။
အဆိုပါ ကစားသမား တွေကို တော့ ယူနိုက်တက် နည်းပြ ဖြစ်သူ ဆိုးလ်ရှား ဟာ ရာသီ ကြို ခြေစွမ်း ပွဲတွေ သွား မကစား မီ အရ ခေါ်ယူ လို နေတယ် လို့ သိရှိ နေရ ပါတယ် ။ ဆိုးလ်ရှား ဟာ ရာသီ သစ်ကို ပြင်ဆင် မှု အပြည့် ပြုလုပ် ပြီး ယှဉ်ပြိုင် သွားဖို့ ဆန္ဒ ရှိနေ တာပဲ ဖြစ် ပါတယ် ။
ဆိုးလ်ရှား ဟာ ဒီယော့ပ် နဲ့ လောင်းစတက်ဖ် တို့ကို ခေါ်ယူ လိုပြီး နောက်ထပ် လှုပ်ရှား မှု တစ်ခု အနေ နဲ့ အသင်း ရဲ့ ဂိုး သမား တွေ ဖြစ်ကြ တဲ့ ဒေးဗစ် ဒီဂီယာ နဲ့ ဒီးန် ဟန်ဒါဆန် တို့ကို လည်း စာချုပ် သက်တမ်း တိုးမြှင့် လို နေတယ် လို့ သိရှိ နေရ ပါတယ် ။
#Sports_Myanmar

Comments
Post a Comment