မော်ရင်ဟို ခေါ်ယူလို ခဲ့တဲ့ ကစားသမား 3 ဦးကို ဆက်လက် ပစ်မှတ် ထားနေတဲ့ #ယူနိုက်တက်

ထွက်ပေါ် လာတဲ့ သတင်း တွေ အရ တော့ ဒီနွေ မှာ ယူနိုက်တက် တို့ ခေါ်ယူ လို ကြတဲ့ ကစားသမား စာရင်း ထဲ ယခင် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ခေါ်ယူ လိုနေ ခဲ့တဲ့ ကစား သမား 3 ဦး အထိ ပါဝင် နေကြောင်း သိရှိ လိုက်ရ ပါတယ် ။

ပေါ်တူဂီ သား နည်းပြ ဟောင်းဟာ ပြီး ခဲ့တဲ့ ဒီဇင်ဘာ တုန်းက ယူနိုက်တက် မှ ထုတ်ပယ် ခံခဲ့ ရပြီး နောက် အဆိုပါ နေရာ ကို ဆိုးလ်ရှား ယာယီ နည်းပြ အဖြစ် ရောက်ရှိ ခဲ့ကာ ရလဒ် ကောင်းမွန် ခဲ့မှု ကြောင့် အမြဲတမ်း နည်းပြ ဖြစ်ခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒါပေမယ် ရာသီ အကုန် မှာ ရလဒ် တွေ ဆိုးရွား ခဲ့မှု ကြောင့် ယူနိုက်တက် တို့ ချန်ပီယံ လိဂ် ဝင်ခွင့် လွဲချော် ခဲ့ ရတဲ့ နောက်တော့ ဆိုးလ်ရှား ဟာ ဒီနွေ မှာ အသင်း ကို အင်အား ပြန်လည် တောင့်တင်း စေဖို့ ကစားသမား သစ်တွေ ခေါ်ယူ အားဖြည့် လိုနေ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် နွေ အပြောင်းအရွှေ့ စတင် ကတည်းက လက်ရှိ အချိန် အထိ ယူနိုက်တက် ဟာ ဆွမ်ဆီး အသင်း မှ ဝေးလ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား လေး ဖြစ်တဲ့ ဒန်နီယယ် ဂျိမ်းစ် တစ်ဦး တည်း ကိုသာ ပေါင် 18 သန်း နဲ့ ခေါ်ယူ ထားနိုင် ခဲ့ပါ သေးတယ် ။

ထို့အတူ ယူနိုက်တက် ဟာ နောက်ထပ် ကစားသမား သစ်တွေ ကို ခေါ်ယူ နိုင်ဖို့ ချိတ်ဆက် နေသေး ပြီး အဆိုပါ ကစားသမားတွေ ထဲက သုံးဦး ကတော့ ယခင် နည်းပြ ဟိုဆေး မော်ရင်ဟို လက်ထက် ကတည်းက စောင့်ကြည့် နေခဲ့ ကြတဲ့ ကစားသမားတွေ ဖြစ်ကြောင်း တွေ့ရှိ ခဲ့ရ ပါတယ် ။

The Sun ရဲ့ ဖော်ပြချက် အရ လက်ရှိ ယူနိုက်တက် တို့ ခံစစ် အင်အား ဖြည့်တင်း ဖို့ အတွက် စောင့်ကြည့် နေတဲ့ လက်စတာ စီးတီး အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ ဟယ်ရီ မက်ဂွားယား ဟာ ဟိုဆေး မော်ရင်ဟို အထူး လိုချင် ခဲ့တဲ့ ကစားသ မား တစ်ဦး ပဲ ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် ကစားသမား ရဲ့ ပြောင်းရွှေ့ ကြေး ဟာ အရမ်း ကို များပြား နေခဲ့ တာကြောင့် ယူနိုက်တက် ဖက်မှ မခေါ်ယူ ပေးလို ခဲ့ ပါဘူး ။ အခုတော့ ယူနိုက်တက် ရဲ့ အမှုဆောင်ချုပ် ဖြစ်သူ အဒ်ဝုဝဒ် က မက်ဂွားယား ကို ခေါ်ယူ ပေးဖို့ စိတ်အား ထက်သန် နေတယ် လို့ သိရှိ ရ ပါတယ် ။

ဒါ့အပြင် ဝက်စ်ဟမ်း အသင်း မှ ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ကွင်းလယ်လူ ဒီကလန် ရိုက်စ် နဲ့ နောက်ခံလူ အစ်ဆာ ဒီယော့ပ် တို့ကို စောင့်ကြည့် ဖို့ အတွက် လည်း မော်ရင်ဟို က ကင်းထောက် တွေ စေလွှတ် ခဲ့တယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ မကြာသေးခင် က ဒီယော့ပ် ကို ခေါ်ယူ ဖို့ အတွက် ကမ်းလှမ်း ခဲ့ ပေမယ့် ဝက်စ်ဟမ်း အသင်း ဖက်မှ မာရှယ် ကို ကစားသမား အလိုက် ပြန်ပေး ဖို့ တောင်းဆို ခဲ့တာ ကြောင့် ယူနိုက်တက် တို့ ပယ်ချ ခဲ့ပြီး အဆိုပါ အပြောင်း အရွှေ့ ဟာ ပျက်ပြယ် ခဲ့ရ ပါ သေးတယ် ။

ဝက်စ်ဟမ်း အသင်း ဖက်မှ တော့ ခံစစ် ကစားသမား ဖြစ်သူ အတွက် ပြောင်းရွှေ့ ကြေး ပေါင် 75 သန်း လောက် အလိုရှိ နေတယ် လို့ သိရှိ ခဲ့ရ ပါတယ် ။ ကစားသမား ကိုယ်တိုင် ကတော့ မေလ တုန်းက ဝက်စ်ဟမ်း ဟာ မိသားစု တစ်ခု နဲ့ တူညီကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

ထို့အတူ ဝက်စ်ဟမ်း အသင်း ဟာ ပရီးမီးယား လိဂ်ရဲ့ အခြား ထိပ်သီး ကလပ် တွေက ပါ စောင့်ကြည့် နေကြ တဲ့ ကွင်းလယ် လူ ဒီကလန် ရိုက်စ် အတွက် အလားတူ မြင့်မား လှတဲ့ ပြောင်းရွှေ့ ကြေး တစ်ရပ် သတ်မှတ် သွားဖို့ လုပ်ဆောင် နေတယ် လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်