ယူနိုက်တက်တို့ မိနစ် 900 အတွင်း ဂိုးသွင်း စေနိုင်မှာ မဟုတ်တဲ့ ပွဲစဉ် တစ်ပွဲ အကြောင်း ပြောကြားသွားတဲ့ #မော်ရင်ဟို

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2019 – 20 ရာသီ အစ မှာ ချဲလ်ဆီး အသင်း နဲ့ စတင် ရင်ဆိုင် ကစား သွား ရမှာ ပဲ ဖြစ် ပါတယ် ။ ယူနိုက်တက် ဟာ 2004 – 05 ခုနှစ် တုန်းက လည်း ဟိုဆေး မော်ရင်ဟို ရဲ့ အသင်း နဲ့ ဒီလို အဖြစ် မျိုး ကြုံခဲ့ ဖူူပါ သေးတယ် ။


အဆိုပါ အချိန် တုန်းက ချဲလ်ဆီး ရဲ့ နည်းပြ ဖြစ်ခဲ့ တဲ့ ဟိုဆေး မော်ရင်ဟို က အဲ့ဒီလို အဖွင့် ပွဲမှာ စတင် တွေ့ဆုံ တဲ့ အချိန် မန်ချက်စတာ ယူနိုက်တက် အသင်း ကို မိနစ် 900 အထိ ဂိုး မသွင်းယူ စေလို တဲ့ အနေအထား တစ်ခု မှာ ရှိနေ ခဲ့ကြ တယ်လို ဆိုသွား ခဲ့လိုက် ပါတယ် ။

အဆိုပါ အချိန် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ကို ဆာ အဲလပ်စ် ဖာဂူဆန် ကိုင်တွယ် ခဲ့ပြီး မော်ရင်ဟို က အဲ့တာ ကို ဘယ်လို ကျော်ဖြတ် မ ရလဲ ဆိုတာ ပြီး ပြည့်စုံ တဲ့ ချဉ်းကပ် နည်း တစ်ခု ရှိခဲ့ ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါဟာ အင်္ဂလန် မြေကို မော်ရင်ဟို စတင် ရောက်ရှိ ခဲ့တဲ့ ပထမဆုံး ဘောလုံး ရာသီ ဖြစ်ခဲ့ ရပြီး ပရီးမီးယား လိဂ်ရဲ့ အင်အား အကြီးဆုံး အသင်း ကို အဖွင့် ပွဲ အတွင်း ရင်ဆိုင် ခဲ့ရာ မှာ မော်ရင်ဟို ဟာ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အတူ စတမ်းဖို့ဒ် ဘရစ်ချ် မှာ အောင်ပွဲ ခံခဲ့ ပြီး ရာသီ ကုန် အမှတ်ပေး ဖလား ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ နောက် တစ်ကြိမ် အဖွင့် ပွဲမှာ ထိပ်တိုက် ရင်ဆိုင် ကစား ရတော့ မှာ နဲ့ ပတ်သက် ပြီး မော်ရင်ဟို က သူ့ရဲ့ အတွေ့အကြံု ဟောင်း တွေကို ပြန်ပြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အဓိက ပြိုင်ဖက် နဲ့ ထိပ်တိုက် ရင်ဆိုင် ရတဲ့ အခါ အနိုင် ရရှိ ဖို့ ဆိုတာ တစ်ကယ့် ကို အရေးကြီး လှ ပါတယ် ။ တစ် ရာသီ အတွင်း 38 ပွဲ ကစား ရတဲ့ ပြိုင်ပွဲ မှာ ခင်ဗျား ဟာ အမှတ် တွေ အများကြီး ဆုံးရှံုး လို့ မရ နိုင် ပါဘူး ”

” အထူးသဖြင့် ဆု ဖလား ဆွတ်ခူး ဖို့ ရည်မှန်း ထားတဲ့ ဘောလုံး ရာသီ မှာ အဓိက ပြိုင်ဖက် ကို လုံးဝ ရှံုးနိမ့် ခံလို့ မရ နိုင် ပါဘူး ။ ကျွန်တော် တို့ ကစားသမား တွေကို ပြော ခဲ့တဲ့ စကား ၊ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် ၊ ပွဲ ရလဒ် တွေ အတွက် ဝိရောဓိ ဖြစ်နေ ဖို့ အကြောင်း မရှိ ခဲ့ဘူး လေ ”

” ခင်ဗျား က ဒီ ရာသီ အမှတ်ပေး ချန်ပီယံ ဖြစ်လို နေတယ် လို့ ပြောတယ် ။ ပြီးရင် အဓိက ပြိုင်ဖက် ကို ရာသီ အဖွင့် ပွဲစဉ် မှာပဲ 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ့် သွားတယ် ဆိုရင် အဲ့တာ က နောက်ကို တစ်လှမ်း ဆုတ်ပေး လိုက်ရ သလို ပါပဲ ”

” ဒါ့ကြောင့် ကျွန်တော် တို့ ရှေ့ တစ်လှမ်း လှမ်းနိုင် ရ ပါ့မယ် ။ ဒီ ပွဲစဉ် ဟာ ကျွန်တော် တို့ အတွက် တစ်ကယ့် ကို ကြီးမား ခဲ့ ပါတယ် ။ ဒီ အတွက် ကျွန်တော် တို့ တွေဟာ ရာသီ ကြို ကတည်းက စိတ်ဓါတ် ခွန်အား မြှင့်တင် ဖို့ ၊ ကျစ်လျစ် ဖို့ ၊ နည်း စနစ် ပိုင်း ဆိုင်ရာ စည်းကမ်း သေဝပ်ဖို့ ၊ ကြီးမား တဲ့ ရည်မှန်း ချက်တွေ ထားရှိ ဖို့ လုပ်ဆောင် ခဲ့ကြ ပါတယ် ”

” ကျွန်တော် ကတော့ အဲ့တာ ကို အရာရာ အားလုံး ပေးဆပ် ချဉ်းကပ်ခြင်း လို့ အမည် ပေးခဲ့ ပါတယ် ။ အဲ့ဒီ လို ပြိုင်ပွဲ အတွက် ကျွန်တော် တို့ အရာ အားလုံး ပေးဆပ် ကစား ကြရ ပါ့မယ် ။ မိနစ် တိုင်း စက္ကန့် တိုင်း ကျွန်တော် တို့တွေ ပြိုင်ပွဲ ထဲမှာ ပဲ ရှိနေ ကြရ ပါ့မယ် ”

” ကျွန်တော် တို့ရဲ့ အရည်အသွေး ၊ ကျွန်တော် တို့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ ပါဝါ ၊ ရန်လိုစွာ ကစား မှု ၊ စိတ်ပိုင်း ဆိုင်ရာ ခံစားချက် ထိန်းချုပ် နိုင်မှု ၊ စသဖြင့် ကျွန်တော်တို့ အရာရာ တိုင်း ပေးဆပ် ကစားသွား ကြရ ပါ့မယ် ။ ဒီလို ပွဲစဉ် အတွက် ကျွန်တော်တို့ တက်စွမ်း သမျှ အရာရာ တိုင်း ပေးဆပ် ကစား ရ ပါ့မယ် ”

” အဲ့တာ က ကျွန်တော် တို့ မိနစ် 90 ကစား ရတယ် လို့ ခံစား ရတဲ့ ပွဲစဉ် တွေ ထဲက တစ်ခု ပါပဲ ။ ဒါပေမယ့် အဲ့တာ က မိနစ် 900 ဖြစ်သွား ပြီးရင် လည်း သူတို့ ဂိုးသွင်း စေနိုင် လိမ့်မှာ မဟုတ် ပါဘူး ။ အဲ့လို ဆိုရင် ကျွန်တော် တို့ ဒီပွဲ ကို အမြဲတမ်း အနိုင်ယူ နိုင်ပါ လိမ့်မယ် ” လို့ မော်ရင်ဟို က ဆိုသွား ခဲ့လိုက် ပါတယ် ။
လက်ရှိ အချိန် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နည်းပြ မော်ရင်ဟို ရဲ့ နေရာ ကို ဆက်ခံ နေတဲ့ အိုလီ ဂန်နား ဆိုးလ်ရှား ရဲ့ လက်အောက် မှာ ကစား နေပြီး သြဂုတ်လ တစ်ရက် နေ့မှာ နည်းပြ သစ် တစ်ဦး ကိုင်တွယ် ဖို့ ရှိနေ တဲ့ ချဲလ်ဆီး အသင်း ကို ရင်ဆိုင် သွားရ ဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်