ပြောင်းရွေ့ဈေးကွက်မှာ ခပ်သွက်သွက်လှုပ်ရှားလာတဲ့ ယူနိုက်တက်

မန်ယူအသင်းဟာ အစောပိုင်းကစားသမားခေါ်ယူမှုမှာ နှေင့်နှေးခဲ့ပေမယ့် ခုချိန်မှာတော့ ဈေးကွက်အတွင်း ခြေလှမ်းခပ်သွက်သွက်လေး လှုပ်ရှားလာပါတယ်။ လတ်တလောသတင်းများမှာတော့ -

ပေါ့ဘာဂ် အခြေအနေ


ဂျူဗင်တပ် ဟာ ပေါ့ဘာဂ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်ဆိုတာကို အတည်ပြုပေးလိုက်ပါပြီ။ ဒါကြောင့် ပေါ့ဘာ ဟာ ဂျူဗင်တပ် ကို ပြန်သွားဖို့ဟာ ရီးရဲယ်ကို ရောက်မှာထက် ပိုကျိန်းသေသွားခဲ့ပါတယ်။ ကစားသမား ဆီက တုံ့ပြန်မှုကို ပဲ စောင့်စရာ လိုတော့တဲ့ ဂျူဗင်တပ် ဘာဆက်လုပ်မလည်း စောင့်ကြည့်ရပါလိမ့်မယ်။ပေါလ်ပေါ့ဘာဂ် ရဲ့ အပြောင်းအရွေ့ တစ်စိတ်တစ်ဒေသ အဖြစ် ဂျူဗင်တပ် အသင်းဟာ Douglas Costa ကို ကစားသမား အလဲအထပ်အဖြစ် ပြုလုပ်ပေးဖွယ်ရှိနေပါတယ်။ ပြင်သစ် ကွင်းလယ်လူကို အဓိက ခေါ်ယူနိုင်ရေးအတွက် ဂျူဗင်တပ်အသင်း ရဲ့ အားကစားဒါရိုက်တာ Fabio Paratici ဟာ ယူနိုက်တတ် တာဝန်ရှိသူ တချို့နှင့် အင်္ဂလန်မှာ တွေ့ဆုံခဲ့ကြပြီး အဓိက ကတော့ အလားအလာ ရှိနိုင်တဲ့ပြောင်းရွေ့ကြေး နှင့် ကော်စတာ ကို ကစားသမား အလဲအထပ်အဖြစ် ပြုလုပ်ဖွယ် ရှိနေတယ်လို့ သတင်းများအရသိရပါတယ်။

ဝမ်ဘစ်ဆာကာ အပြောင်းအရွေ့

Wan-Bissaka ကို ခေါ်ယူရန်ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိသွားပါပြီ။ မန်ချက်စတာယူနိုက်တတ် ရဲ့ နောက်ဆုံးကမ်းလှမ်းမှု ကို ပဲလေစ့် အသင်း လက်ခံလိုက်တာ ဖြစ်ပါတယ်။ အပြောင်းအရွေ့ အတွက် သိပ်မကြာခင် တိကျစွာ ထွက်ပေါ်လာပါလိမ့်မယ်။Wan-Bissaka ဟာ ယူနိုက်တတ် နှင့် အတူ ၅ နှစ် သက်တမ်းရှိ စာချုပ် ကို လက်မှတ်ရေးထိုးပါလိမ့်မယ်။ သူ တကယ်လို့ကျိန်းသေရောက်လာရင် ဒါမီယန် တစ်ယောက် အီတလီ ပြန်ဖို့ကျိန်းသေသွားပါပြီ။

ဘရူနိုဖာနန်ဒက်စ်  ခေါ်ယူနိုင်ရေး

ဘရူနိုဖာနန်ဒက်စ် ကို ခေါ်ယူရေး ကိစ္စ များ အားလုံး အဆင်ပြေ ချောချောမွှေ့မွှေ့ရှိနေပါတယ်။ ကစားသမား ရဲ့ အေးဂျင့် နှင့် အသင်းတာဝန်ရှိသူများကြား တွေ့ဆုံမှုဟာလည်း အဆင်ပြေခဲ့တယ်လို့ဆိုပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ မန်ချက်စတာယူနိုက်တတ်အသင်းကို လာရောက် ကစားချင်နေပါတယ်။ စပို့တင်း ကတော့အခြား ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့သိရပါတယ်။ သတင်းထူးများကိုတော့ရှေ့လာမယ့် ရက်ပိုင်းအတွင်း ကြားရပါလိမ့်မယ်။

Credit : မန်ယူဖန်များအတွက်သီးသန့်နေရာ

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်