ရဟန်း သံဃာတော်တွေရဲ့အားပေးမှုအပေါ် ယူနိုက်တက်အသင်းဘက်က ဘယ်လိုဂုဏ်ပြုထားသလဲ?
ယူနိုက်တက် ပွဲစဉ် ကြည့်ရှု့သည့် ရဟန်းသံဃာတော်
များ၏ မြင်ကွင်းကို အီတလီဓာတ်ပုံဆရာ 𝐀𝐥𝐞𝐬𝐬𝐚𝐧𝐝𝐫𝐨 𝐂𝐢𝐧𝐪𝐮𝐞 အာရှကိုခရီးထွက်ရင် တွေ့ရှိခဲ့သည့် ပုံရိပ်ဖြစ်ခဲ့
သည်ဟုသိရှိရသည်။ ယင်းသည် အာရှတိုက်တွင်နိုင်ငံများ
စွာကို သွားရောက်လည်ပတ်၍ နောက်ဆုံးတွင် မြန်မာနိုင်ငံ
သို့အလှည်ရောက်ဖြစ်ခဲ့သည်။ ဓာတ်ပုံဆရာ 𝐀𝐥𝐞𝐬𝐬𝐚𝐧𝐝𝐫𝐨 𝐂𝐢𝐧𝐪𝐮𝐞 က သံဃာတော်များ ယူနိုက်တက်ပွဲစဉ်ကြည့်
ရှု့သည့်ပုံရိပ်များစွာကို ယူနိုက်တက်အသင်းဆီကို ပေးပို့
ခဲ့သည်။ ယင်းဖြစ်စဉ်မှာ လွန်ခဲ့သည့်(2015) ခုနှစ်ကဖြစ်
နေပြီး သို့ပေမယ့် အခုအချိန်သတင်းအဖြစ်ပြန်လည်ဖော်
ပေးရသည်မှာ ယူနိုက်တက်ဘက်က သံဃာတော်များ၏
အားပေးမှုကို ဂုဏ်ပြုထားခြင်းအကြောင်းကို
ယူနိုက်တက် 𝐨𝐟𝐟𝐢𝐜𝐚𝐥 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 မှတစ်ဆင့်မှာဖော်ပြပေး
ထားခြင်းဖြစ်သည်။
ယနေ့တွင် ယူနိုက်တက် အသင်းမှ ပြဌာန်သည့်ကမ္ဘာ
တစ်ဝှမ်းရှိ 𝐬𝐮𝐩𝐩𝐨𝐫𝐭𝐞𝐫 𝐜𝐥𝐮𝐛ထိပ်သီး (40) စာရင်း
တွင်မြန်မာနိုင်ငံမှကိုယ်စားပြုသည့် 𝐬𝐮𝐩𝐩𝐨𝐫𝐭𝐞𝐫 𝐜𝐥𝐮𝐛ပါဝင်
ခြင်းမရှိခဲ့ပေမယ့်မြန်မာနိုင်ငံ မှ သံဃာတော်များ၏အားပေး
မှုကို 𝐥𝐢𝐧𝐤 နှင့်တကွ လူများစွာသိရှိစေရန် ဖော်ပြပေးထား
သည်ကိုသိရှိရသည်။ ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့်
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ဂုဏ်ပြု သောအားဖြင့်
ကိုယ်ပိုင် 𝐰𝐞𝐛𝐬𝐢𝐭𝐞𝐬အသီးသီးဖြစ်ကြသည့် 𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤,
𝐭𝐰𝐢𝐭𝐭𝐞𝐫 နှင့် 𝐢𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 အစရှိသည့် လူမှုကွန်ယက်တို့
တွင် ဂုဏ်ပြု 𝐩𝐨𝐬𝐭 ကိုတင်ပေးခဲ့သည်။
ပြီးခဲ့သည့် (2015) ခုနှစ်တုန်းက အီတလီဓာတ်ပုံဆရာ
𝐀𝐥𝐞𝐬𝐬𝐚𝐧𝐝𝐫𝐨 𝐂𝐢𝐧𝐪𝐮𝐞က ယူနိုက်တက် အသင်းကို သံဃာ
တော်များ၏အားပေးမှုနှင့်ပတ်သတ်ပြီး "ဗုဒ္ဓဘာသာ ဝင်ဖြစ်
ကြတဲ့ အသက်(6) နှစ်အရွယ်ကစပြီး အသက်(20)ဝန်ကျင်းမှရှိကြတဲ့ သံဃာတော်များစွာက ယူနိုက်တက် အသင်းရဲ့
ပွဲစဉ်ကို အားလုံးကြည့်ရှု့ခဲ့ကြတာကိုကိုယ်တိုင်တွေ့ကြုံခဲ့
ပါတယ်။ ဒါကြောင့် ကျွန်တော်က သူတို့နဲအတူ ဘောလုံး
ကြည့်ဖို့ဝင်ထိုင်ပါတယ်။ အဲ့ထဲမှာ ကျွန်တော်တစ်ယောက်
ပဲ အနောက်နိုင်ငံသားအဖြစ် ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါက
ပြဿ နာတစ်ခုမဟုတ်ခဲ့ဘူးဗျ။ အမှန်တရားတွေပြောပြရ
မယ်ဆိုရင် ခင်ဗျာတို့တောင် ယုံကြည်မှာမဟုတ်ဘူး။
ကျွန်တော်တောင်နည်းနည်းအံ့အားသင့်မိတယ်။ ဘောလုံး
ဆိုတာမြန်မာနိုင်ငံရဲ့အကြီးမားဆုံး အသက်တဲ့။ မြန်မာနိုင်
ငံမှာ ဘောလုံးကိုနေရာမရွေးဒေသမရွေးကစားတယ်။
ဘောလုံးဆိုတာမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုတစ်ခုပဲ။ သူတို့
တွေက ဘောလုံးပွဲကြည့်ဖို့အတွက် စည်းစည်းရုံးရုံးရှိကြ
တယ်။နောက်ပြီး သူတ်ု့ိရဲ့ဘုန်ကြီးကျောင်းမှာ𝐓𝐕ကတစ်လုံး
လောက်ပဲ ရှိတယ်။ ဒါပေမယ့် သူတ်ု့ိက ကျောင်းရဲ့ဦးစီးသူ
(ကျောင်းတိုင်) ဆီမှာ ဘောလုံးပွဲကြည့်ဖို့ အမြဲတမ်းလိုလို
ခွင့်တောင်းကြပါတယ်။ သူတို့တွေရဲ့ဓာတ်ပုံကိုရယူဖို့
အတွက်ကျွန်တော်ခွင့်တောင်းခဲ့တယ်။ သူတို့ဘက်ကလည်း
ကျွန်တော့်ကိုခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဘုန်းကြီး
ကျောင်းထဲကိုဝင်ခွင့်ရခဲ့တယ်။ဓာတ်ပုံတွေများစွာရိုက်ခဲ့
တယ်။ အဲ့မှာ တစ်ချက် ကျွန်တော်အံ့သြမိတာကတော့
ကျောင်း သံဃာတော်တွေရဲ့မျက်နှာသုပ်ပုဝါတောင်
ယူနိုက်တက် တံဆိပ်နဲ့ရှိနေခဲ့တယ်။ မြန်မာနိုင်ငံမှာဘောလုံး
ပွဲကြည့်ဖို့အတွက် *𝐛𝐚𝐫*မလိုဘူး။ သူတို့တွေက နွေးထွေး
မှုတွေနဲ့အတူ ဘောလုံးပွဲတွေကြည့်ကြတယ်" ဟုပြောဆို
ခဲ့ဖူးသည်။ ယင်းဒေသမှာ ရှမ်းပြည်နယ်အနောက်ဘက်
ညောင်ရွှေမြို့ဖြစ်ကြောင်းသိရသည်။
[𝐨𝐟𝐟𝐢𝐜𝐚𝐥 𝐰𝐞𝐛𝐬𝐢𝐭𝐞𝐬]
#နငယ်

Comments
Post a Comment