ဒီဂီယာကို မြင့်မားတဲ့လစာတရပ်နဲ့ ထပ်မံကမ်းလှမ်းလိုက်ပြီဖြစ်တဲ့ #ယူနိုက်တက်အသင်း

ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်သူ ဒီဂီယာ နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်နေပြီး ၅နှစ်စာချုပ် ချုပ်ဆိုနိုင်ဖို့ယုံကြည်ချက်ရှိနေပြီလို့ သိရပါတယ်။ယူနိုက်တက်အသင်းဟာ အခုနှစ်စ ကတည်းက တပတ်လုပ်ခ ပေါင်၃ သိန်းနဲ့ စာချုပ်သစ်
အတွက်ကမ်းလှမ်းနေခဲ့တာဖြစ်ပြီးနှစ်ဖက် သဘောတူညီ မှု မရထားသေးတာဖြစ်ပါတယ်။


ဒါကြောင့် လည်း အခုချိန်မှာတော့ ဒီစပိန် လက်ရွေးစင် ဂိုးသမားကြီးကို အသင်းမှာ ဆက်နေဖို့ တပတ်လုပ်ခ ပေါင်၃သိန်း ခွဲအထိ တိုးမြှင့်ပြီး ကမ်းလှမ်းလိုက်တာလည်းဖြစ်ပါတယ်။လတ်တလောသူ့ရဲ့ လစာပမာဏဟာ တပတ်လုပ်ခပေါင် ၂သိန်းခန့်သာရှိနေတာဖြစ်လို့ ၂ဆနီးပါအထိ တိုးလာဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အဆို ပါ ပမာဏ ဟာ အသင်းရဲ့ တိုက်စစ်မှူး တဦးဖြစ်တဲ့ အလက်ဆစ် ဆန်းချက်ရဲ့ လစာငွေပမာဏ နဲ့ တော့ အနည်းငယ် ကွာခြားနေသေးတာဖြစ်ပါတယ်။ဒီချီလီသားကြီးဟာ အာဆင်နယ် အသင်းကနေ မစ်ခီတာရန်းနဲ့ အလဲအထပ်အဖြစ်ရောက်လာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ တပတ်လုပ်ခပေါင် ၅သိန်း ကျော်ရရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီဂီယာကို လစာငွေတိုးမြှင့်ပြီး လေးနှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တနှစ်သက်တမ်းထပ်တိုးနိုင်တဲ့ အချက်ပါဝင်ဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ဒီဂီယာ
ပြီးခဲ့တဲ့ ၆နှစ်အတွင်းမှာ ယူနိုက်အသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ၄ကြိမ်အထိရရှိထားတဲ့ ကစားသမား တဦးဖြစ်ပြီး ဒီရာသီမှာမှ လက်စွမ်းအနည်းငယ်မတည်ငြိမ်မှု အချို့ရှိထားခဲ့တာဖြစ်ပါတယ်။

ဒီဂီယာဟာ လက်တလော ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တဦးဖြစ်ပေမယ့် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ရဲ့နောက်ဆုံး ရာသီဖြစ်တဲ့၂၀၁၂-၁၃ ရာသီကတည်းက အခုထိ လိဂ်ချန်ပီယံ ဆုကို တော့တကြိမ်သာရထားဖူးသေးတာဖြစ်ပါတယ်။သူဟာ၂၀၁၈ ကမ္ဘာ့ဖလားမှာ လက်စွမ်းဆိုးရွားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှလည်း ပုံမှန်လက်စွမ်းပြန်မရထားသေးတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလား၁၆ သင်းအဆင့်မှာရုရှားကို အရေးနိမ့်ပြီး စပိန် အသင်းလှည့်ပြန်ခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း အများရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ဒီဂီယာတယောက် အတော်လေး ရင်ဆိုင်ခဲ့ရသေးတာဖြစ်ပါတယ်။သူဟာယမန်နှစ် နွေရာသီ စျေးကွက် အတွင်းမှာPSG ၊ ရီးရဲလ်တို့ ရဲ့ စိတ်ဝင်စားမှုတွေကို ပယ်ချခံခဲ့ရအပြီးကတည်းက လက်စွမ်းပိုင်းနဲ့ ကိုယ်ရည်ကိုယ်သွေးပါ ပုံမှန်မဟုတ်တော့တာလည်းဖြစ်ပါတယ်။

ဒီဂီယာဟာ ၂၀၁၁ ခုနှစ်မှာအေတီကို အသင်းကနေရောက်လာခဲ့တာဖြစ်ပြီးယူနိုက်တက် အသင်းအတွက် စုစုပေါင်း ၃၆၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ သူဟာ၂၀၁၅ခုနှစ်မှာတော့ မက်ဒရစ်အခြေစိုက် ရီးရဲလ်ကို ရောက်ဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ စာရွက်စာတမ်းကိစ္စတွေ အပြီးမသတ်နိုင်ခဲ့လို့ ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

SPORTS MYANMAR

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်