* စိန်* လိုချင်ရင် *ရွှေ* တော့ ပြန်ပေးရမယ်ဆိုတဲ့သဘောရိုးနဲ့ လူကာကူ၏အပြောင်းအ ရွှေ့နှင့်ပတ်သတ်ပြီး အင်တာမီလန် အသင်းကိုသတိပေးခဲ့ သည့်ယူနိုက်တက်

ယူနိုက်တက် အသင်းသည် တိုက်စစ်မှူး လူကာကူ၏
စွမ်းဆောင်ရည်နှင့်ပတ်သတ်ပြီးအမှန်တကယ်ရောင်းထုတ်
လိုသည်။ သို့ပေမယ့်ရောင်းထုတ်ရာတွင် တန်ရာတန်ကြေး
ရမှာ လက်လွတ်မည့်သဘောတွင်ရှိသည်။ အစပိုင်းက
အီတလီသတင်းထောက်များက ယူနိုက်တက် အသင်း
သည် အင်တာမီလန်အသင်း၏နောက်ခံလူ ကိုခေါ်ယူရန်
ဆန္ဒမရှိကြောင်းသိထားပေမယ့် Corriere dello Sport
၏ဖော်ပြချက်အရ - * မင်းဘက်က လူကာကူကို လိုချင်
ရင် ၊ မင်းဘက်ကလည်း ငါ့ကို ရှက်ကရိန်နာပြန်ပေးရမယ်*
ဟူသော စာသားအသုံးနှုန်းဖြင့်သတိပေးပြောဆိုသွားခဲ့
ကြောင်း ယနေ့ထုတ်ဝေသည့်အီတလီသတင်းစာတွင်
ရေးသားဖော်ပြခဲ့သည်ကိုသိရှိရ ပါသည်။

အီတလီထိပ်သီးကလပ်တစ်သင်းဖြစ်သည့် အင်တာမီလန်
အသင်းက ယင်းတို့၏အာဂျင်တီးနား တိုက်စစ်မှူး အီကာဒီ
ဖြင့်လူကာကူကို တိုက်ရိုက်အလှယ်ထပ်ပြုလုပ်ချင်ကြောင်း
ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက် အသင်းဘက်က ပယ်ချ
ခဲ့သလို ပါရီဆစ် +ယူရိုသန်း(40) ကမ်းလှမ်းမှုကိုလည်း
ငြင်းပယ်ခဲ့သည်။ အစောပိုင်းက ယူနိုက်တက် အသင်း
သည် လူကာကူ၏ပြောင်းရွှေ့ကြေးအတွက် ပေါင်းသန်(80)
လိုချင်သည်။ သို့ပေမယ့် ယင်းသို့သော်ပြောင်းရွှေ့ကြေး
ပမာဏကို အင်တာ ဘက်က မပေးနိုင်သည့်အတွက်
ယူနိုက်တက်ဘက်က ရှက်ကရိန်နာဖြင့် အလှယ်ထပ်လုပ်
ရန်ကမ်းလှမ်းခဲ့ပေမယ့် အင်တာဘက်က ငြင်းပယ်ခဲ့သေး
သည်။

ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကလည်း ယူနိုက်တက်
အသင်းမှ ထွက်ခွာရန်ဆန္ဒရှိသလိုအသင်းမှထွက်ခွာရန်
အတွက်တရားဝင်တောင်းဆိုမှုများလည်းတောင်းဆိုဖွယ်ရှိ
ကြောင်း သတင်းများက ထွက်နေသေးသည်။ဒါ့အပြင်
ဘယ်ဂျီယံလက်ရွေးစင်နည်းပြဖြစ်သူ မာတီနက်ဇ်က
လည်း လူကာကူက ယူနိုက်တက် အသင်းမှ ဆန္ဒရှိကြောင်း
ပြီးခဲ့သည့် ရက်ပိုင်းလောက်က ထုတ်ဖော်ပြောဆိုခဲ့
သေးသည်။

[Sport witnesses ]
#နငယ်

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်