လူကာကူ ရဲ့ နေရာကို ဘယ်လိုပုံစံ နဲ့ ယူနိုက်တက် တို့ အစားထိုးမှာလဲ

ရိုမီရို လူကာကူ ဟာ အိုးထရက်ဖိုဒ့် မှာ အရေးပါ တဲ့ သူ လို့ မခံစား မိတဲ့ အတွက် အသင်း ပြောင်းရွှေ့ ဖို့ စိတ်ပိုင်း ဖြတ်ထား ပြီဖြစ် ပါတယ် ။ အီတလီ စီးရီးအေ ကလပ် အင်တာ မီလန် ကို ပြောင်းးရွှေ့ ဖို့ သဘောတူ ညီ မှု ရရှိပြီ ဆိုတဲ့ သတင်းတွေ လည်း ပေါ်ထွက် လာခဲ့ ပါတယ် ။ လူကာကူ ကိုယ်တိုင် ကလည်း အင်တာ နည်းပြ ဖြစ်လာတဲ့ ကွန်တီ အပေါ် လေးစားမှု ရှိတဲ့အကြောင်း ဖွင့်ဟ ပြောဆို ထားတာကြောင့် ဘယ်ဂျီယံသား ကို အင်တာ ဂျာစီ နဲ့ မြင်ရဖို့ သေချာ သလောက် ရှိပြီလို့ ဆိုရမှာ ပါ ။
ဒါကြောင့် ယူနိုက်တက် တို့ တိုက်စစ်မှုး တစ်ယောက် ရှာဖွေရ ပါတော့မယ် ။ လောလော လတ်လတ် အသင်း မှာ မားကပ် ရက်ဖိုဒ့် တစ်ဦး သာ အထောင် တိုက်စစ်မှုး နေရာ မှာ ကစား နေပြီး မာရှယ် ၊ ဆန်းချက် တို့ က ဒီနေရာ မှာ မကစား ဖြစ်တာ ကြာခဲ့ ပါပြီ ။


လူကာကူ ရဲ့ စျေးကွက် တန်ကြေး က ပေါင် သန်း ရ၀ ကျော် ပါတယ် ။ ဒီ ပမာဏ ဟာ အစားထိုး တိုက်စစ်မှုး တစ်ဦး ကို ပြန်ပြီး ခေါ်ယူနိုင် ဖို့ လုံလောက် တဲ့ ပမာဏ ပါ ။ ထပ်ပြီး ဖြည့်ရမယ် ဆိုရင်လည်း သန်း ၂၀ လောက် ပါပဲ ။ ဒါကြောင့် လူကာကူ ရောင်းရ ငွေ နဲ့ တိုက်စစ်မှုး ပြန်ခေါ်နိုင်ဖို့ ဟာ သိပ်ပြီး ခက်ခဲမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဘယ်သူ့ ကို ခေါ်မလဲ ဆိုတာ က အဓိက ကျ ပါတယ် ။

ဆိုးရှား ဟာ ရက်ဖိုဒ့် ကို အသင်းရဲ့ နံပါတ် ၁ တိုက်စစ်မှုး အဖြစ် နေရာ ပေးထား ပါတယ် ။ တကယ်လို့ အီကာဒီ တို့လို ထိပ်တန်း ဆင့် တိုက်စစ်မှုးတွေ ခေါ်မယ် ဆိုရင် ၄-၄-၂ ကို ပြောင်း ကစားရ မှာပါ ။ ဒီလို မှ မဟုတ်ရင်တော့ ရက်ဖိုဒ့် နဲ့ တိုက်စစ်မှုးသစ် တို့ အကြား စိတ်ဝမ်းကွဲ စရာတွေ ဖြစ်လာပြီး အရန်ခုံ မထိုင်ချင် လို့ ဆန္ဒပြ မှုတွေ ပေါ်ပေါက် လာမှာပါ ။

တကယ်လို့ ရက်ဖိုဒ့် ကို ဆက်ပြီး နေရာပေးမယ် ဆိုရင်တော့ စျေးသင့်ပြီး အသင့်သုံးစွဲ နိုင်တဲ့ ၀ါရင့် သမ္ဘာရင့် တိုက်စစ်မှုးမျိုး ကို ရှာပြီး ခေါ်ယူ သင့် ပါတယ် ။ ချဲလ်ဆီး က အိုလီဗာ ဂျီရူး တို့လို ပုံစံမျိုးပါ ။ ဒီ ကစား သမားမျိုး တွေ ဟာ အတွေ့ အကြုံကောင်းတွေ ယူဆောင် လာနိုင် သလို အရန်ခုံ မှာ လည်း ကျေကျေနပ်နပ် ထိုင်နိုင် ပြီး အသင်းက လိုအပ် လာချိန် မှာလည်း Super-sub အနေနဲ့ အကျိုး ပြုနိုင် ပါတယ် ။ စျေးလည်း မများတာ ကြောင့် ပိုလျှံငွေ ကို အခြား နေရာတွေ အတွက် သုံးစွဲနိုင် မှာပါ ။

မန်ချက် စတာ ညနေခင်း သတင်းစာ ကတော့ အီကာဒီ ၊ အော်ဘားမီးယန်း ၊ ဂရစ်ဇ်မန်း ၊ ဂရင်းဝုဒ် နဲ့ ဆီဘက်စတီယန် ဟေလာ တို့ကို လူကာကူ ရဲ့ နေရာအတွက် သုံးသပ် ရေးသားခဲ့ ပါတယ် ။ အီကာဒီ ကတော့ အရန်ခုံ ထိုင်မှာ မဟုတ်သလို လူကာကူ ဆီက ရတဲ့ ငွေ အပြင် အိတ်စိုက် ရဦးမှာပါ ။ ဂရစ်ဇ်မန်း နဲ့ အော်ဘားမီးယန်း တို့ ကတော့ မဖြစ်နိုင် ပါဘူး ။ ဂရင်းဝုဒ် ကို Line-up ပေးလိုက်လို့ကတော့ ရက်ဖိုဒ့် ပုန်ကန် မှာ သေချာ ပါတယ် ။ အသင့်တော်ဆုံးကတော့ ဆီဘက်စတီယန် ဟေလာ ပါပဲ ။
အခြား တိုက်စစ်မှုးကောင်း တွေ လည်း အများကြီး ရှိပါသေးတယ် ။ အဓိက ဆုံးဖြတ် ရမှာက ဆိုးရှားပါ ။ ရက်ဖိုဒ့် က တော့ အရန်ခုံ ထိုင်ရ ပါများရင် ပွစိ ပွစိ လုပ်မှာ သေချာ သလို အင်္ဂလန် မီဒီယာတွေ ကလည်း သူတို့ လူ ကို ဒီလိုလုပ်တဲ့ အတွက် ဝေဖန် ကြမှာ သေချာ ပါတယ် ။ ဒါကြောင့် ဆိုးရှား အနေနဲ့ ရက်ဖိုဒ့် ကို ဆက်ပြီး သုံးနေဦးမှာပါ ။

ဒါကြောင့် အီကာဒီ ၊ ဒိုင်ဘားလား လို ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ကို ခေါ်မယ် ဆိုရင်တော့ ရက်ဖိုဒ့် နဲ့ အပြိုင် သုံး ရမှ အဆင်ပြေနိုင် မှာ ဖြစ်ပြီး ၄-၄-၂ ( သို့ ) ၄-၄-၁-၁ ကို ပြောင်းပြီး ကစား ရပါလိမ့်မယ် ။ ဟေလာ တို့လို low profile ကစားသမားတွေ ကတော့ အရန်ခုံ ကို လက်ခံ မှာဖြစ်ပြီး စျေးနှုန်း ကလည်း လူကာကူ ဆီက ရမယ့် ငွေ ကို ပိုုလျှံ စေနိုင် ပါတယ် ။

နောက်ထပ် နည်းလမ်း တစ်ခု ကတော့ မာရှယ် နဲ့ ဆန်းချက် တို့ ကို အထောင် တိုက်စစ်မှာ နေရာ ပေးတာ ပါပဲ ။ အရင်နှစ်တွေ တုန်းက ဒါမျိုး ကို စမ်းကြည့်ခဲ့ကြ ဖူးပါတယ် ။ ဒါပေမယ့် ရက်ဖိုဒ့် နဲ့ ဘယ်သူမှ တွဲလို့ အဆင်မပြေ ခဲ့ ပါဘူး ။ ဒါကြောင့် သူတို့ ၂ ယောက် ထဲ က ဘယ်သူ ဖြစ်ဖြစ် ရက်ဖိုဒ့် နဲ့ အပေးအယူ မျှ ဖို့ မရှိပါဘူး ။ ဒါကြောင့် ဒီနည်းလမ်း ကို ရွေးမယ် ဆိုရင် တော့ ၄-၂-၃-၁ ကစားကွက် နဲ့ သာ ကိုက်ညီ မယ့် ပုံစံ ရှိနေပါတယ် ။ ဒါဆိုရင် တိုက်စစ်မှုး အတွက် ရှာဖို့ မလိုုတော့ဘဲ ဘယ်ညာ တောင်ပံ တွေ ကို လူထပ်ဖြည့် နိုင် မှာပါ ။

ဘာပဲ ဖြစ်ဖြစ် လူကာကူ ထွက်သွားရင်တော့ ငွေတွေ ရလာမှာပါ ။ ဒီငွေ တွေ နဲ့ ဘယ်နေရာတွေ ကို ပြန်ပြီး အားဖြည့် မလဲ ဆိုတာ က အဓိက စဉ်းစား ရမယ့် ကိစ္စ ပါပဲ ။ a striker for a striker လား ၊ မာရှယ် ဆန်းချက် အစားထိုးပြီး တောင်ပံကို အားဖြည့်မလား ၊ low profile player ၀ယ်ပြီး ပိုလျှံငွေ နဲ့ နောက် ထပ်ခေါ်ယူမှု တွေ မှာသုံးမလား . . . . . ဆိုးရှား ရွေးချယ် ရမှာပါ ။

SPORTS MYANMAR

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်