ရာသီကြို ပွဲစဉ်တွေမှာ ထိပ်သီး အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် အပေါ် ဖြေကြားသွားတဲ့ #တော်မီနေး
ရာသီ သစ် အတွက် ကြိုတင် ပြင်ဆင် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေ
နဲ့ ရာသီ အကြို ပွဲစဉ် တွေမှာ ဥရောပ ထိပ်သီး အသင်း တွေနဲ့ ရင်ဆိုင် ရခြင်းက
တစ်ကယ့် ကို အကျိုး ရှိလှ ကြောင်း ယူနိုက်တက် ကွင်းလယ် ကစားသမား လေး စကော့
မတ် တော်မီနေး က ဆိုသွား ခဲ့လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနှစ် မှာတော့ ICC ပွဲစဉ် အဖြစ် အီတလီ ထိပ်သီး အင်တာ မီလန် ၊ ချန်ပီယံ လိဂ် ဖိုင်နယ် အထိ တက်ရောက် ထားနိုင် ခဲ့တဲ့ တော့တင်ဟမ် ၊ ချန်ပီယံ လိဂ် ဖလား 7 ကြိမ် အထိ ဆွတ်ခူး ထားနိုင် ခဲ့တဲ့ အေစီ မီလန် အသင်း တို့နဲ့ ရင်ဆိုင် ကစား သွား ရမှာ ပဲ ဖြစ် ပါတယ် ။
ဒါ့အပြင် ဒီ ကြားထဲ ယူနိုက်တက် အသင်း ဟာ ပါ့သ် ဂလိုရီ ၊ လိဒ် ယူနိုက်တက် ၊ ခရစ္စတီယန်ဆမ်း အသင်း တို့နဲ့ ခြေစမ်း ပွဲတွေ လည်း ကစား ရဖို့ ရှိနေ ပါ သေးတယ် ။ အဆိုပါ ပွဲစဉ် တွေ မှာတော့ ယူနိုက်တက် ဟာ အသင်း သား တွေရဲ့ ကြံ့ခိုင် မှု နဲ့ ပတ်သက်လို့ အဓိက ထား လေ့ကျင့် သွားမှာ ပဲ ဖြစ် ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် ဟာ 2019 – 20 ဘောလုံး ရာသီ ကို လည်း ပြိုင်ဖက် ကောင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်း နဲ့ ထိပ်တိုက် ရင်ဆိုင် ကစား သွား ရမှာ ပဲ ဖြစ် ပါတယ် ။ ဒါ့ကြောင့် ICC ပွဲစဉ် တွေဟာ ယူနိုက်တက် ရဲ့ ရာသီ သစ်ကို အထောက်အကူ ပြုနိုင် လိမ့်မယ် လို့ တော်မီနေး က ပြောကြား သွားခဲ့ တာပဲ ဖြစ် ပါတယ် ။
” ခင်ဗျား ဟာ အသင်း အဖွဲ့ တစ်ခု နဲ့ အတူ ဘယ်လို သင့်တင့် အောင် ရှေ့ဆက် ရမလဲ ၊ မတူညီ တဲ့ ကစား ကွက် အသစ် တစ်ခု မှာ အရာရာ တိုင်းဟာ ဘယ်လို ဖြစ်နေ ပြီလဲ ဆိုတာ နဲ့ ပတ်သက် ပြီး အကောင်းဆုံး သိရှိ နိုင်ဖို့ အတွက် အကောင်းဆုံး အသင်း တွေနဲ့ ကစား ဖို့ လိုအပ် ပါတယ် ”
” ပိုပြီး အရေးကြီး တာ ကတော့ အသင်း ကြီး တွေနဲ့ ရင်ဆိုင် ကစား ပြီး တစ်ကယ့် ပွဲတွေ ကစား တဲ့ အခါ မှာ ဒါဟာ ကျွန်တော် တို့ရဲ့ ကြံ့ခိုင် မှုတွေ ကို အတော်လေး အကူအညီ ပေးတာ ပါပဲ ။ ဒါ့ကြောင့် ထိပ်သီး အသင်း တွေနဲ့ ကျွန်တော် တို့ အခုလို ကစား ရတာ ဟာ တစ်ကယ် ပဲ အကျိုး ရှိလှ ပါတယ် ”
” အခု ရာသီ ကြို ပွဲစဉ် တွေ လာပါ တော့မယ် ။ ဒါဟာ မန်နေဂျာ အတွက် လည်း ရာသီ တစ်ခု ကို အစ အဆုံး ကောင်းမွန်စွာ ပိုင်ဆိုင် ခွင့် ရရှိ ခြင်း ပါပဲ ။ ကျွန်တော် တို့ အစုအဖွဲ့ တစ်ခု အဖြစ် အစ ကတည်းက ရှိခွင့် ရရှိ နေတာ ဟာ တစ်ကယ့် ကို ကောင်းမွန် လှ ပါတယ် ”
” ဒါ့အပြင် ကစားသမား သစ်တွေ လည်း ပါဝင် လာကြ ပါ လိမ့်မယ် ။ ကျွန်တော် တို့ အဲ့တာ အတွက် လည်း အသင့် ရှိနေ ရ ပါ့မယ် ။ ကျွန်တော် တို့ နွေးထွေး တဲ့ လက် တစ်စုံ နဲ့ သူတို့ ကို ရင်ဖွင့် ကြိုဆို ကြရ ပါ လိမ့်မယ် ” လို့ တော်မီနေး က ဆိုသွား ခဲ့လိုက် ပါတယ် ။
တော်မီနေး ဟာ 2017 ခုနှစ် ကတည်းက အသင်း နဲ့ အတူ ရာသီ ကြို ပွဲစဉ် တွေမှာ လိုက်ပါ ခွင့် ရရှိ ခဲ့သူ ဖြစ်တာ ကြောင့် ဒါဟာ အသင်း မှ လူငယ် ကစားသမား တွေ အတွက် စီနီယာ အသင်း ဆီ ရောက်ရှိ ဖို့ ဘယ်လောက် အထိ အရေး ပါတဲ့ အခိုက်အတန့် ဖြစ် သလဲ ဆိုတာ ကောင်းမွန်စွာ သိရှိ ထားသူ ပဲ ဖြစ် ပါတယ် ။
” ဒါဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်း နဲ့ အတူ လိုက်ပါ ခဲ့တဲ့ လူငယ် ကစားသမား တွေ ၊ ဒီ ရာသီ အသင်း နဲ့ ဆက်လက် လိုက်ပါ ခွင့် ရရှိ နေတဲ့ လူငယ် ကစားသမား တွေ အတွက် တစ်ကယ့် ကို ကောင်းမွန် လှ ပါတယ် ။ ဘာတွေ ဖြစ် နေလဲ ဆိုတဲ့ ခံစားချက် တွေကို သူတို့ ပိုင်ဆိုင် ကြရ လိမ့်မယ် လေ ”
” ဒါ့အပြင် ပွဲစဉ် တွေ အတွက် ဘယ်လို ကြိုတင် ပြင်ဆင် ကြရ သလဲ ၊ သူတို့ ဘာတွေ ကို သေသေချာချာ လုပ်ဆောင် ရမှာလဲ ၊ ကျွန်တော် တို့ တွေရဲ့ တွေ့ဆုံ မှု နဲ့ အကြောင်း အရာ အချို့ တွေ အကြောင်း ကို သူတို့ တွေ သိရှိ ခွင့် ရရှိ ကြပါ လိမ့်မယ် ”
” ဒါဟာ သူတို့ တိုးတက် ကောင်းမွန် လာဖို့ အတွက် တစ်ကယ့် ကို အရေးပါ လွန်းတဲ့ အချိန် တစ်ခု ပါပဲ ။ သူတို့ တွေဟာ တစ်ဦး အကြောင်း တစ်ဦး ပိုမို သိရှိ ခွင့် ရရှိ ကြမှာ ဖြစ်ပြီး ပွဲစဉ် နဲ့ ပတ်သက် လို့လည်း အတွေ့အကြုံ ကောင်းတွေ အများကြီး ရရှိ ကြ မှာပါ ”
” ဒါဟာ သူတို့ ကစား သမား ဘဝ ရဲ့ တစ်ကယ့် ကို အရေး အကြီးဆုံး အလှည့် အပြောင်း အချိန် တစ်ခု ပါပဲ ။ သူတို့ တွေဟာ ပွဲစဉ် အတွင်း ခင်ဗျား အပေါ် ယုံကြည် မှု ထားရှိ ရမှာ ဖြစ် သလို ခင်ဗျား ရဲ့ ယုံကြည် မှု ရရှိ ဖို့ ကိုလည်း ကြိုးစား ကြရ ပါ လိမ့်မယ် ” လို့ တော်မီနေး က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar

Comments
Post a Comment