မန်ချက်စတာ ယူနိုက်တက် ကို မလာချင်ကြတာ ဘာကြောင့်လဲ . . . . .

မတ်ဟမ်းမဲလ် ကတော့ ယူနိုက်တက် ကို ငြင်းပြီး ဒေါ့မွန် ကို ပြန်ဖို့ ရွေးချယ် ခဲ့ ပါတယ် ။ ငြင်းရတဲ့ အကြောင်း အရင် ကတော့ ချန်ပီယံ လိဂ် ဝင်ခွင့် မရ လို့ ပါတဲ့ ။ ဒါက မုသားဖြူ တစ်ခု ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ဒီလိုပဲ လက်တလော ဈေးကွက် ထဲမှာ ယူနိုက်တတ် နဲ့ သတင်းထွက်နေသူ တွေ အများအပြား ရှိပါတယ် ။ ဒါပေမယ့် ယူနိုက်တက် မှာ လာ ကစားချင်တယ် လို့ ပြောသူလည်း သိပ်မတွေ့ သလို ယူနိုက်တက် က လိုက်နေသူ တွေ ကလည်း ဘာအချက်ပြတာ မျိုးမှ မလုပ်ဘဲ ငြိမ် နေကြပါတယ် ။ သူတို့ ကြည့်ရတာ ယူနိုက်တက် ဆီ မလာချင် ကြတဲ့ ပုံတွေ ပါပဲ ။

ဒီလို ဖြစ်နေတာ တွေ ဟာ ချန်ပီယံ လိဂ် ဝင်ခွင့် မရတာကြောင့် ပါလား . . . မဟုတ်ဘူး လို့ထင် ပါတယ် ။ ဟမ်းမဲ ငြင်းဆန် ခဲ့တဲ့ အဓိက အကြောင်း အရင်း ဟာ ယူရိုပါလိဂ် ကစား ရတာ ကြောင့် မဖြစ်နိုင် ပါဘူး ။ အခြား အကြောင်း တွေ ရှိနိုင် ပါတယ် ။ ယူနိုက်တက် ရဲ့ ပဲ့ကိုင်ရှင် နဲ့ အသင်းရဲ့ အလားအလာ တို့ ကြောင့် က ပိုပြီး ဖြစ်နိုင် လိမ့်မယ် လို့ ထင်ပါတယ် ။

အတိတ် ကို ပြန်သွား ကြည့်ကြရ အောင် . . . ။ မော်ရင်ဟို မန်ချက်စတာ ယူနိုက်တက် ကို စတင် ကိုင်တွယ် တုန်းက ပေါ့ ။ ဗန်ဟား ကိုင်တဲ့ နောက်ဆုံးရာသီ မှာ ယူနိုက်တက် ဟာ ယူရိုပါ လိဂ် ကိုသာ ဝင်ခွင့် ရခဲ့ ပါတယ် ။ အမှတ်ပေး ချန်ပီယံ မဖြစ်တာလည်း ၃ နှစ် ရှိပြီ ။ ဒါပေမယ့် အဲ့ဒီ့ နွေရာသီ မှာ ယူနိုက်တက် ကို ဘယ်သူတွေ ရောက်လာခဲ့ ပါသလဲ . . .

ပေါလ် ပေါ့ဘာ ၊ ဇလာတန် အီဘရာဟီမိုဗစ်ချ် ၊ အဲရစ် ဘိုင်လီ ၊ မစ်ခီတာရမ် တို့ပါ ။ သူတို့ တွေထဲ မှာ ဘိုင်လီ တစ်ဦးသာ သိပ် မထင်ပေါ် သူ ဖြစ်ပြီး ကျန် ၃ ဦး ကတော့ နာမည်ကျော်တွေပါ ။ ချန်ပီယံ လိဂ် ဝင်ခွင့် မရခဲ့တဲ့ ယူနိုက်တက် ကို သူတို့ ရွေးချယ် ခဲ့တာ ဘာကြောင့် ပါလဲ . . .

အဓိက ကျတဲ့ အချက် ကတော့ နည်းပြ ကြောင့် ပါပဲ ။ မော်ရင်ဟို ဆိုတဲ့ နည်းပြ နဲ့ မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ ကလပ် စတဲ့ High Profile ၂ ခု ပေါင်းစပ် သွားမိမှု ဟာ စိတ်ကူး ယဉ်ကြည့်စရာ ကောင်းတဲ့ အခြေအနေ ပဲ မဟုတ်ပါလားဗျာ ။ အခု ယူနိုက်တက် နည်းပြ အမည် က အိုလေ ဂန်နာ ဆိုးရှား ပါ ။ နည်းပြ လောက မှာတော့ Low Profile ပါပဲ ။

ဒုတိယ အချက် ကတော့ ယူနိုက်တက် ရဲ့ ကျဆင်းနေမှု ပါ ။ မော်ရင်ဟို ကိုင်တုန်းက လည်း ယူနိုက်တက် က ချန်ပီယံ အသင်းတစ်သင်း ရဲ့ ပုံစံ မှာ ရှိမနေ ပါဘူး ။ ဒါပေမယ့် ပြန်ပြီး ဦးမော့ လာမလား ဆိုတဲ့ စိတ်ကူး တွေ နဲ့ ဇလာတန် ၊ ပေါ့ဘာ တို့ ရောက်လာခဲ့ ကြပါတယ် ။ လက်ရှိ အနေ အထား မှာတော့ ယူနိုက်တက် ဟာ မန်စီးတီး ၊ လီဗာပူး ၊ စပါး တို့ ကို ယှဉ်နိုင် ဖို့ မလွယ်သေး ပါဘူး ။ ၃-၄ နှစ် လောက် ပြန်တည်ဆောက် ဖို့ လိုတဲ့ အသင်း တစ်သင်း ကို ဟမ်းမဲလ် မရွေးချယ် ခဲ့တာ ဉာဏ်ကောင်း ခဲ့တယ် လို့ ပဲ ဆိုရမှာပါ ။

အခု ဈေးကွက် ထဲ ကို ကြည့်ရင်ပဲ ယူနိုက်တက် တို့ အခက် အခဲ တွေ ရင်ဆိုင် နေရတာ ကို တွေ့မြင် နိုင် ပါတယ် ။ ဒန်နီရယ် ဂျိမ်းစ် လို အလားအလာ ရှိပြီး လူသိပ်မသိတဲ့ ကစား သမားမျိုး က လွဲရင် ဝက်စ်ဟမ်း ၊ ပဲလေ့စ် က ကစား သမားတွေ ကိုတောင် ရအောင် ခေါ်ယူဖို့ ခက်ခဲ နေတာ အထင်းသား ဖြစ်နေပါတယ် ။

ယူနိုက်တက် ဘက်မှာ ဘာမှ ဆွဲဆောင် စရာ မရှိ ပါဘူး ။ ကစား သမား တစ်ယောက် အတွက် မက်လောက် စရာ ဆိုလို့ ပုံပေးမယ့် ငွေတွေ ပဲ ရှိနိုင် ပါတယ် ။ တိုးတက် နိုင် စရာ ၊ အောင်မြင် နိုင် စရာ လမ်းကြောင်းတွေ မမြင် ရသလို နည်းပြ ကလည်း ဂွာဒီယိုလာ ၊ ကလော့ ၊ ပိုချက်တီနို တို့ အကြားမှာ သိမ်ငယ် နေသူပါ ။ ချန်ပီယံ လိဂ် လည်း မဝင် ရပြန် ပါဘူး ။ ဒီတော့ ယူနိုက်တက် ဆီ မလာချင် ကြတာ မဆန်းဘူးလို့ ပဲ ဆိုရမှာပါ ။

ဒါဆိုရင် ယူနိုက်တက် တို့ ဘာတွေ ဆက်လုပ် ကြမလဲ . . . အပြောင်း အရွှေ့ က မပိတ်သေးပါဘူး ။ ဒါပေမယ့် အချိန်သာ ကုန်ပြီး ကစား သမားသစ်တွေ ထပ်ရောက်လာ ဖို့ က ခက်ခဲ နေဦးမယ် လို့ ထင်ပါတယ် ။ ရောက်တော့ ရောက်လာ ကြမှာပါ ။ ငွေပုံကြီး ပေါ် ကို ခွစီးပြီးတော့ ပေါ့ . . . .

SPORTS MYANMAR

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်