ရာသီကြို ပွဲစဉ်တွေနဲ့ ပတ်သက်လု့ိ အရေး အကြီးဆုံး အရာတစ်ခုကို ပြောကြားသွားတဲ့ #လင်ဒီလော့ဖ်
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ နယ်လ်ဆင် ဗစ်တာ လင်ဒီလော့ဖ် က ရာသီ ကြို ပွဲစဉ် တွေမှာ ကစားသမား သစ်တွေ ဟာ အသင်း နဲ အတူ ပါဝင် နိုင်ဖို့ ဆိုတာ အရမ်းပဲ အရေး ကြီးကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။
ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ အဆင့် 6 နေရာ နဲ့သာ ရာသီ ကုန်ဆုံး ခဲ့ ရတဲ့ အတွက် ချန်ပီယံ လိဂ် ပြိုင်ပွဲ ကစား ခွင့် လွဲချော် ထားခဲ့ ကြတဲ့ ယူနိုက်တက် ကစားသမား တွေဟာ လာမယ့် တနင်္လာ နေ့မှာ ရာသီ ကြို ပွဲစဉ် တွေ အတွက် ပြင်ဆင် ဖို့ အသင်း နဲ့ ပြန်လည် ပူးပေါင်း သွား ကြမှာ ပဲ ဖြစ် ပါတယ် ။
လက်ရှိ အချိန် အထိ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဆွမ်ဆီး အသင်း မှ ဒန်နီယယ် ဂျိမ်းစ် တစ်ဦး တည်းကို သာ ပေါင် 18 သန်းနဲ့ ခေါ်ယူ ထားခဲ့ ပြီး နည်းပြ ဆိုးလ်ရှား က တော့ အပြောင်းအရွှေ့ ရာသီ မပိတ်မီ သြဂုတ် 8 ရက်နေ့ မတိုင်မီ နောက်ထပ် ကစားသမား 4 ဦး ခန့်ကို အနည်းဆုံး ခေါ်ယူ သွားလို နေ ပါတယ် ။
အခုတော့ တနင်္လာ နေ့မှာ ရာသီ ကြို ပွဲစဉ် တွေ အတွက် အသင်း နဲ့ ပြန်လည် ပူးပေါင်း ဖို့ ရှိနေ တဲ့ ယူနိုက်တက် ဗဟို နောက်ခံလူ လင်ဒီလော့ဖ် က ရာသီ ကြို ပွဲစဉ် တွေ ကတည်းက အသင်း သားတွေ အားလုံး ပူးပေါင်း ရှိနေ ကြဖို့ ဆိုတာ တစ်ကယ့် ကို အရေး ကြီးတဲ့ အရာ တစ်ခု ဖြစ်ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။
” ရာသီ ကြို ပွဲစဉ် တွေ ဆိုတာ အသင်း တစ်သင်း အတွက် အရမ်း ကို အရေးကြီး လှ ပါတယ် ။ အဲ့ဒီ လို အချိန် တွေမှာ ကစား သမား အသစ် တွေဟာ အသင်း ဆီ ရောက်ရှိ လာတက် ကြပြီး အသင်း သား တွေနဲ့ စတင် တွေ့ဆုံ တက်ကြ ပါတယ် ။ ဒါဟာ တစ်ကယ့် ကို အရေးကြီး လှ ပါတယ် ”
” အထူးသဖြင့် ဒီ ရာသီ အတွက်ပေါ့ ။ ကျွန်တော် တို့ အားလုံး အစ ကတည်းက အတူတကွ ရှိနေ ပြီး ကျွန်တော် တို့ လုပ်သင့် တဲ့ အရာ တွေကို ပူးပေါင်း လုပ်ဆောင် ဖို့ ၊ တိုးတက် ကောင်းမွန် ဖို့ လိုအပ် တဲ့ နေရာ တွေကို ပိုကောင်းအောင် လုပ်ဆောင် ဖို့ လိုအပ် ပါတယ် ။ ဒါ့ကြောင့် ကျွန်တော့် အတွက် ရာသီ ကြို ပွဲစဉ် တွေဟာ အရမ်း ကို အရေး ကြီးလှ ပါတယ် ”
” ကျွန်တော် အသင်း ဆီ ရောက်ရှိ ခဲ့တဲ့ အချိန် တုန်းက ကျွန်တော့် အတွက် အသင်းဖော် တွေ ၊ အသင်း ရဲ့ ဝန်ထမ်း တွေနဲ့ တွေ့ဆုံ ပြီး တစ်သွေး တည်း တစ်သား တည်း ဖြစ်ဖို့ က အရေးပါ တဲ့ အရာ ဖြစ်ခဲ့ ပါတယ် ။ ဒီမှာ ရှိတဲ့ သူတွေ က ဘယ်လို တွေလဲ ၊ ဘယ်လို အလုပ် လုပ်ကြ သလဲ ဆိုတာ သိဖို့ လိုအပ် ခဲ့ ပါတယ် ။ ကျွန်တော် တစ်ကယ် ပဲ ပျော်ရွှင် ခံစား ခဲ့ရ ပါတယ် ”
” ကျွန်တော် တို့ တွေက ပရော်ဖက်ရှင်နယ် ကစားသမား တွေပါ ။ ဒါ့ကြောင့် အားလပ်ရက် တွေ ရရှိ တဲ့ အခါ မှာ ကျွန်တော် တို့ တွေဟာ လေ့ကျင့်ရေး တွေ ပုံမှန် ပြုလုပ် ဖို့ ၊ ကြံ့ခိုင် မှု တွေ ကောင်းမွန် နေစေ ဖို့ လုပ်ဆောင် ကြရ ပါတယ် ”
” ရာသီ ကြို ပွဲစဉ် နဲ့ ပတ်သက် လို့ အရေး ပါတဲ့ အရာ တစ်ခု က ပွဲ ကစား ချိန် မိနစ် တွေ ပိုင်ဆိုင် သွားဖို့ ၊ ကွင်းထဲ မှာ အချိတ်အဆက် မိမိ ကစား သွား နိုင်ဖို့ ၊ နည်း စနစ် ပိုင်း တွေကို ကောင်းမွန် စွာ လုပ်ဆောင် နိုင်ဖို့ ၊ ပြီးရင် ကစားသမား တိုင်းက ကျွန်တော် တို့ ဘာတွေ လုပ်ဆောင် လိုကြ သလဲ ဆိုတာ ကို ရှင်းရှင်း လင်းလင်း သိနေ ဖို့ က အရမ်း ကို အရေးကြီး ပါတယ် ” လို့ လင်ဒီလော့ဖ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar

Comments
Post a Comment