အသင်းပြောင်းရွှေ့ဖို့ ရှိနေကြောင်း မကြာသေးခင်က အသင်းဖော်ဟောင်းတွေကို ပြောထားခဲ့တဲ့ #ပေါ့ဂ်ဘာ
လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က အသင်း ပြောင်းရွှေ့ ဖို့ အရမ်း ကို စိတ်အား ထက်သန် နေခဲ့ ပါတယ် ။ သူဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ မကုန်ဆုံးခင် ကလည်း ဂျူဗင်တပ် ဆီ ပြန်လည် ပြောင်းရွှေ့ ဖို့ ရှိကြောင်း ပြောကြား ခဲ့ သေးတယ် လို့ သိရှိ လိုက်ရ ပြန် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ကိုယ်တိုင် ကလည်း သူဟာ ဒီနွေ မှာ အိုးလ် ထရပ်ဖို့ဒ် မြေမှ ထွက်ခွာ လိုကြောင်း ၊ စိန်ခေါ်မှု အသစ် တွေကို ရင်ဆိုင်ဖို့ အလို ရှိကြောင်း မကြာ သေးခင် က ဖွင့်ဟ ပြောကြား ခဲ့ပါ သေးတယ် ။
ယူနိုက်တက် ကွင်းလယ်လူ ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပထမ ရာသီ ဝက် အတွင်း အသင်း အတွက် ကောင်းမွန် တဲ့ ခြေစွမ်း တွေ မပြသ နိုင်ခဲ့ သလို ခြေစွမ်း တည်ငြိမ် မှု မရှိ ခဲ့တာ ကြောင့် အရန်ခုံ ပေါ်ကို တောင် မကြာခန ရောက်ရှိ ခဲ့ပြီး ဝေဖန် မှု တွေကို လည်း မကြာခန ခံခဲ့ ရပါ သေးတယ် ။
အဲ့တာ တွေ အပြင် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို နဲ့ မကြာခန အခြေအတင် ဖြစ်ခဲ့ သလို အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှ သူတို့ နှစ်ဦး ကတောက်အဆ ဖြစ်ခဲ့ ကြတဲ့ ဗွီဒီယို ဖိုင် တစ်ခု က သူတို့ နှစ်ဦး ကြား တင်းမာ မှု အနေအထား အရမ်း ပဲ မြင့်တက် နေပြီ ဖြစ်ကြောင်း သိရှိ စေခဲ့ ပါတယ် ။
ဒါပေမယ့် ဟိုဆေး မော်ရင်ဟို ယူနိုက်တက် မှ ထုတ်ပယ် ခံလိုက် ရတဲ့ နောက် မှာတော့ ပေါ့ဂ်ဘာ ရဲ့ ခြေစွမ်း ဟာ ချက်ချင်း ပဲ ပြောင်းလဲ သွားခဲ့ ပါတယ် ။ ဆိုးလ်ရှား ဟာ ယူနိုက်တက် အသင်း ဆီ ယာယီ နည်းပြ အဖြစ် ရောက်ရှိ လာတာ နဲ့ တစ်ပြိုင်နက် ပေါ့ဂ်ဘာ ဟာ အရင် ပေါ့ဂ်ဘာ မဟုတ် ခဲ့တော့ ပါဘူူး ။
ထို့အတူ ယူနိုက်တက် မှာ ပေါ့ဂ်ဘာ အထူး ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ မှုနဲ့ အတူ ထိပ်သီး လေးသင်း စာရင်း ဝင်နိုင်ဖို့ မျှော်လင့်ချက် မှေးမှိန် ခဲ့တဲ့ ယူနိုက်တက် ဟာ မကြာမီ အချိန် အနည်းငယ် အတွင်း မှာပဲ အဆင့် 4 နေရာ အထိ တက်လှမ်း နိုင်ခဲ့ ပါတယ် ။
ဒါပေမယ့် 2018 – 19 ဘောလုံး ရာသီ ကုန်ဆုံး ကာနီး မှာတော့ ပေါ့ဂ်ဘာ ဟာ ဟိုဆေး မော်ရင်ဟို ရဲ့ လက်အောက် မှာ မှေးမှိန် ခဲ့တဲ့ ပေါ့ဂ်ဘာ ပြန်လည် ဖြစ်သွား ခဲ့ ပါတယ် ။ ထို့ အတူ ယူနိုက်တက် ဟာလည်း အဆိုပါ ဘောလုံး ရာသီ ကို အဆင့် 6 နေရာ နဲ့သာ ကုန်ဆုံး ခဲ့ရ ပါတယ် ။
အခုတော့ ယူနိုက်တက် ကို ပြန်လည် ရောက်ရှိတာ သုံးရာသီ သာ ရှိ သေးတဲ့ ပေါ့ဂ်ဘာ ဟာ အသင်း ပြောင်းဖို့ ပြန်လည် ရေပန်းစား နေခဲ့ ပြီး သူ့ကို ခေါ်ယူ ဖို့ အတွက် စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် နဲ့ အသင်း ဟောင်း ဂျူဗင်တပ် အသင်း တို့က ထိပ်ဆုံး မှ သတင်း ကြီးနေ ခဲ့ကြ ပါတယ် ။
အခုတော့ အီတလီ မြေမှ ထွက်ပေါ် လာ ခဲ့တဲ့ သတင်း တွေ အရ ပြီး ခဲ့တဲ့ လ တုန်းက အသင်းဖော် ဟောင်း ဖြစ်သူ ဘာဇာဂလီ ရဲ့ မွေးနေ့ ပွဲကို တက်ရောက် ခဲ့တဲ့ ပေါ့ဂ်ဘာ က သူဟာ တူရင် မြေကို ပြန်ပြောင်း ဖို့ အတွက် ဆန္ဒ ရှိနေ တယ်လို့ ပြောခဲ့ ကြောင်း သိရှိ လိုက်ရ ပါတယ် ။
ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ် အသင်း အတွက် ကစား ပေး ခဲ့စဉ် တုန်းက အသင်း အတွက် 178 ပွဲ အထိ ကစား ပေး ထားခဲ့ ပြီး ကိုယ်တိုင် 43 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ကာ စီးရီအေ အမှတ်ပေး ဖလား 4 ကြိမ် နဲ့ ကိုပါ အီတာလီယာ ဖလား 2 ကြိမ် တို့ကို ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။
အဲ့ဒီ နောက် ယူနိုက်တက် ဆီ ပြန်လည် ပြောင်းရွှေ့ လာ ခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ 2016 – 17 ဘောလုံး ရာသီ မှာ နည်းပြ မော်ရင်ဟို နဲ့ အတူ လိဂ် ဖလား ၊ ယူရိုပါလိဂ် ဖလား တွေကို ဆွတ်ခူး ထားနိုင် ခဲ့ပြီး အဲ့ဒီ နောက် ဖလား လက်မဲ့ ရာသီ တွေကို သာ ကုန်လွန် ဖြစ်သန်း ခဲ့ရ ပါတယ် ။
#Sports_Myanmar

Comments
Post a Comment