လူကာကူ အတွက် တင်းခံ နေတဲ့ ယူနိုက်တက် နဲ့ . . . . . နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

မန်ချက် စတာ ယူနိုက်တက် အသင်း ကတော့ တိုက်စစ်မှုး ရိုမီရို လူကာကူ ရဲ့ အပြောင်း အရွှေ့ အတွက် ငွေသား သီးသန့်သာ အလိုရှိ နေပြီး အင်တာ ရဲ့ ကမ်းလှမ်းမှု ပေါင်းစုံ ကို ငြင်းပယ်ချ နေတယ် လို့ သိရ ပါတယ် ။ အင်တာ ဟာ လူကာက ကို ၂ နှစ် အငှား နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် ယူနိုက်တက် က ပယ်ချ ခဲ့တာပဲ ဖြစ် ပါတယ် ။ ယူနိုက်တက် ဟာ လူကာကူ အတွက် ပေါင် သန်း ၈၀ အလို ရှိနေတယ် လို့ လည်း သိရ ပါတယ် ။
 
PSG အသင်း ကတော့ ယူနိုက်တက် ကနေ စာချုပ် ပြည့်လို့ ထွက်ခွာ လာတဲ့ ကွင်းလယ်လူ ဟာရဲရား နဲ့ ဆီဗီးလား ကစား သမား ပါဘလို ဆာရာဘီယာ တို့ ကို အသင်းသားသစ် အဖြစ် လာမယ့် ဇူလိုင် ၁ ရက်နေ့ မှာ ကြေညာ ဖွယ် ရှိတယ် လို့ သိရ ပါတယ် ။
 
မန်ချက် စတာ ယူနိုက်တက် ဟာ လက်စတာ ခံစစ်မှုး ဟယ်ရီ မက်ဂွဲယား ကို ကြိုးစားတော့ မှာ မဟုတ်ဘဲ အခြား ခံစစ် မှုး တစ်ဦး ကို ပြောင်းလဲ ပစ်မှတ် ထားတော့ မယ် လို့ သိရ ပါတယ် ။ ဒ့ါအပြင် နယူးကာဆယ် ကွင်းလယ်လူ လောင်း စတပ် နဲ့ စပို့တင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက် တို့ ကို နွေရာသီ ပစ်မှတ် ၂ ခု အဖြစ် သတ်မှတ် ကြိုးစား နေတယ် လို့လည်း သိရ ပါတယ် ။

စတီဗင် ဂျရတ် ကိုင်တွယ် နေတဲ့ ရိန်းဂျားစ် အသင်း ဟာ ဂျရတ် ရဲ့ လီဗာပူး အသင်း ဖော် ဟောင်း မာတင် စကာတယ် ကို ခေါ်ယူ ဖို့ ကစား သမား နဲ့ ဆွေးနွေး နေတယ် လို့ သိရှိရ ပါတယ် ။

ရိန်းဂျားစ် အသင်း ဟာ လက်ရှိ ပေါ်တူဂီ မှာ လေ့ကျင့်မှု လာရောက် ပြုလုပ် နေပြီး လီဗာပူး ခံစစ်မှုး ဗန်ဒိုက် နဲ့ ဗီလာ လက်ထောက် နည်းပြ တယ်ရီ တို့ ကလည်း ရိန်းဂျားစ် အသင်း နဲ့ အတူ လာရောက် လေ့ကျင့်မှု တွေ ပြုလုပ်သွား ခဲ့ကြ ပါတယ် ။

ဘိုင်ယန် မြုးနစ် ဟာ ချဲလ်ဆီး တောင်ပံ ကစား သမားလေး ဟတ်ဆန် အိုဒွိုင်း ကို ပေါင် ၂၂.၄ သန်း နဲ့ ကမ်းလှမ်း ခဲ့ ပေမယ့် ချဲလ်ဆီး ဘက်က ပယ်ချ သွားခဲ့ တယ် လို့ သိရ ပါတယ် ။

နည်းပြသစ် ရှာပုံတော် ဖွင့် နေတဲ့ နယူးကာဆယ် ဟာ ပေါ်တို နညည်းပြ ဆာဂျီယို ကွန်ဆီကာအို ကို စိတ်ဝင် စားလာ ခဲ့တယ် လို့ သိရ ပါတယ် ။

PSG ဟာ အေစီ ဂိုး သမားလေး ဒွန်နာရမ်မာ ကို ပေါင် ၄၆ သန်း ဖြင့် ကမ်းလှမ်း ခဲ့ ပေမယ့် မီလန် ကလပ် က ပယ် ချ သွားခဲ့ ပါတယ် ။

ဆီဗီးလား အသင်း ဟာ တိုက်စစ်မှုး ဘန်ယက်ဒါ ကို လက်လွှတ် လိုက်ရပါက အစားထိုး ဖို့ အတွက် PSV တိုက်စစ်မှုး လုခ် ဒီဂျောင် ကို မျက်စိ ကျနေတယ် လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ ကစား သမား ရာဖင်ဟာ အယ်ကန် ထရာ ဟာ လာမယ့် ရက် အနည်းငယ် အတွင်း ဗလင်စီယာ ထံ ပြောင်းရွှေ့ ဖြစ်လိမ့် မယ် လို့ ကြားသိရ ပါတယ် ။

ဗလင်စီယာ အသင်း ဟာ ဗီလာရီးရဲ ကနေ အငှား ခေါ်ထားတဲ့ ရုရှ တောင်ပံ ကစား သမား ချယ်ရီရှက်ဗ် ကို ယူရို ၅ သန်း နဲ့ အပြီးသတ် ခေါ်ယူ ဖို့ စီစဉ် နေတယ် လို့လည်း သိရ ပါတယ် ။

ဆီဗီးလား အသင်း ဟာ အီဘာ အသင်း ရဲ့ ကွင်းလယ်လူ ဟိုအန် ဂျော်ဒန် ကို ယူရို ၁၅ သန်း ဖြင့် ခေါ်ယူ လိုက်နိုင်ပြီ လို့ အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

အင်္ဂလန်အမျိုးသမီး အသင်း ဟာ လက်ရှိ ကျင်းပ နေတဲ့ အမျိုး သမီး ကမ္ဘာ့ ဖလား ပြိုင်ပွဲ ရဲ့ ကွာတား ဖိုင်နယ် မှာ နော်ဝေ အသင်း ကို အနိုင် ရပြီး ဆီမီး ဖိုင်နယ် ကို တက်ရောက် သွားပြီ လို့ သိရ ပါတယ် ။
ဥရောပ ယူ-၂၁ ပြိုင်ပွဲ ရဲ့ ဆီမီး ဖိုင်နယ် မှာ ဂျာမဏီ နဲ့ စပိန် လူငယ် တို့ ရင်ဆိုင် တွေ့ဆုံ ခဲ့ကြတယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် နည်းပြသစ် ဖြစ်လာတဲ့ မော်ရီဇီယို ဆာရီ ကတော့ သူဟာ တစ်ခါ တစ်ရံ မှာ တစ်နေ့ ကို ဆေးလိပ် ၆၀ လောက် ကုန် အောင် သောက်ဖြစ်ခဲ့တယ် လို့ ဖွင့်ဟ ပြောဆို သွားပြိး ဒါဟာ နည်းနည်းတော့ များတယ် ဆိုတာ သူသိ ပါတယ် လို့လည်း ဆိုသွား ခဲ့ ပါတယ် ။

SPORTS MYANMAR

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်