ဟာရဲရားရဲ့ နေရာကို အစားထိုးဖို့ အတွက် လန်ဒန်မြေမှာ အေးဂျင့်နဲ့ တွေ့ဆုံ သွားဖွယ် ရှိနေတဲ့ #ယူနိုက်တက်

ဘရူနို ဖာနန်ဒက် ရဲ့ အေးဂျင့် ဖြစ်သူ ဟာ ကစားသမား ရဲ့ အပြောင်း အရွှေ့ အတွက် ယူနိုက်တက် နဲ့ ဆွေးနွေး နိုင်ဖို့ အတွက် လန်ဒန် မြေကို သွားရောက် ဆုံတွေ့ ဖို့ ရှိ နေတယ် လို့ သိရှိ လိုက်ရ ပါတယ် ။
ပေါ်တူဂီ လက်ရွေးစင် ကို ခေါ်ယူ လို နေတဲ့ ပရီးမီးယား လိဂ် ထိပ်သီး တော့တင်ဟမ် ဟော့ စပါး ဟာလည်း ပေါင် သန်း 70 ခန့် ပြောင်းရွှေ့ ကြေး သတ်မှတ် ထားတဲ့ ကစားသမား ကို ခေါ်ယူ ဖို့ လုပ်ဆောင် နေတယ် လို့ သိရှိ ရ ပါတယ် ။


ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဖာနန်ဒက်စ် ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်း အတွက် ပြိုင်ပွဲစုံ 31 ဂိုး အထိ သွင်းယူ ပေး ခဲ့တဲ့ နောက် ဒီနွေ အပြောင်းအရွှေ့ အတွင်း ဥရောပ ထိပ်သီး ကလပ် တွေရဲ့ ပစ်မှတ် ကစားသမား ဖြစ်လာ တာပဲ ဖြစ် ပါတယ် ။

လက်ရှိ အချိန် မှာတော့ ကစားသမား ကိုယ်တိုင် က ပရီးမီးယား လိဂ် ကို ပြောင်းရွှေ့ ဖို့ ဆန္ဒ ရှိနေ ပြီး ဆိုးလ်ရှား ဦးဆောင် တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း က ဟာရဲရား ရဲ့ နေရာ ကို အစား ထိုးဖို့ အတွက် ကစားသမား ကို ခေါ်ယူ နိုင်ဖို့ ရေပန်း အစားဆုံး ဖြစ်နေ ခဲ့ ပါတယ် ။

အကယ်လို့ ယူနိုက်တက် မှသာ အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို ဒီနွေ မှာ ဆုံးရှုံး ခံဖြစ် ပါက ဖာနန်ဒက်စ် က အဆိုပါ နေရာ အတွက် အသုံးဝင် နိုင်သူ တစ်ဦး လည်း ဖြစ်လာ နိုင် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ရဲ့ အေးဂျင့် ဖြစ်သူ မီဂွယ် ပင်ဟို ကိုယ်တိုင် က ကစားသမား ရဲ့ အပြောင်း အရွှေ့ နဲ့ ပတ်သက် လို့ တော့တင်ဟမ် ၊ ယူနိုက်တက် နှစ်သင်း လုံးနဲ့ စကား ပြောခဲ့ ဖူး ပါသေး တယ် ။
ပေါ်တူဂီ အခြေစိုက် နာမည်ကြီး အား ကစား သတင်းစာ တစ်ခု ဖြစ်တဲ့ အို ဂျိုဂို က အခု ကြားသိ ရတဲ့ သတင်း အရ တော့ ပင်ဟို ဟာ နောက်ထပ် ဆွေးနွေး မုှတွေ ပြုလုပ် ဖို့ အတွက် လန်ဒန် မြေကို လာဖို့ ရှိ နေတယ် လို့ အခိုင်အမာ ဖော်ပြ သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း အရ တော့ ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေ ဖြစ်ကြ တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် တို့ဟာ ကစားသမား အတွက် ပေါင်သန်း 50 ထက် ပို့ပြီး မသုံးစွဲ လိုကြ ဘူးလို့ သိရှိ ထားခဲ့ ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ စပါး ဟာ ကွင်းလယ် အတွက် လိုင်ယွန် မှ တန်ဂိုင်း အန်ဒွမ်ဘီလီ ကို ခေါ်ယူ နိုင်ဖို့ အတွက် အရမ်း နီးစပ် နေပြီး အခြား ကစားသမား တွေ ဖြစ်ကြ တဲ့ ဘရူနို ဖာနန်ဒက် နဲ့ လို ဆယ်လ်ဆို တို့ကို ပါ ခေါ်ယူ ဖို့ စောင့်ကြည့် ပစ်မှတ် ထား နေတယ် လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်