လူကာကူကို နည်းလမ်း တစ်ခုနဲ့သာ ရောင်းချသွားဖို့ ဆန္ဒ ရှိနေတော့တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ရှိ တိုက်စစ်မှူး လူကာကူ အတွက် ကမ်းလှမ်း မှုတွေ ကို စောင့်မျှော် နေပေမယ့် ကစားသမား ဖြစ်သူ အတွက် ပြောင်းရွှေ့ ကြေး ပေါင် 75 သန်း ရရှိ မှသာ ရောင်းထုတ် သွားလို နေတယ် လို့ သိရှိ ရ ပါတယ် ။

လူကာကူ ဟာ ယူနိုက်တက် ကို ယခင် နည်းပြ ဟိုဆေး မော်ရင်ဟို ကိုင်တွယ် ခဲ့တဲ့ 2017 ခုနှစ် တုန်းက အိုးလ် ထရပ်ဖို့ဒ် မြေကို ပေါင် 75 သန်း နဲ့ ရောက်ရှိ လာခဲ့ သူ ဖြစ်ပြီး အခုတော့ ယူနိုက်တက် ဟာ လူကာကူ အတွက် ပေးချေ ခဲ့ သမျှ ငွေသား ချည်း ပြန်လည် ရယူ နိုင်ဖို့ ဆန္ဒ ရှိနေ ခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ လ တုန်းက တော့ Sky Sports မှ ဖော်ပြချက် အရ အင်တာ မီလန် အသင်း ရဲ့ နည်းပြ ဖြစ်လာ ဖို့ ရှိနေ ခဲ့တ့ အန်တိုနီယို ကွန်တီ ဟာ ချဲလ်ဆီး ကို ကိုင်တွယ် ခဲ့စဉ် တုန်းက ခေါ်ယူ လိုချင် ခဲ့တဲ့ တိုက်စစ် မှူး လူကာကူ ကို ဦးစားပေး အဖြစ် ခေါ်ယူ သွားဖို့ ရှိကြောင်း သိရှိ ခဲ့ရ ပါ သေးတယ် ။

အခုတော့ ကွန်တီ ဟာ အင်တာ မီလန် အသင်း ရဲ့ နည်းပြ ဖြစ် လာတာ နဲ့ တစ်ပြိုင်နက် လူကာကူ အပြင် အသင်း ဟောင်း ချဲလ်ဆီး မှ ခံစစ် ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ ဗစ်တာ မော့ဆက် ကိုလည်း ခေါ်ယူ ဖို့ ဆန္ဒ ရှိနေ ကြောင်း သိရှိ ခဲ့ရ ပါတယ် ။

ကွန်တီ ဟာ ချဲလ်ဆီး ကို ကိုင်တွယ် ခဲ့စဉ် ကတည်းက အဆို ပါ ပရီးမီးယား လိဂ် ကစားသမား တွေရဲ့ အရည်အသွေး တွေကို သိရှိ နေတာ ကြောင့် အင်တာ မီလန် ကို လမ်းကြောင်း အမှန် ပေါ် ပြန်လည် တည့်မတ် နိုင်ဖို့ ကစားသမား သစ်တွေ ခေါ်ယူ အင်အား ဖြည့်တင်း လို နေတာ ပဲ ဖြစ် ပါတယ် ။

အင်တာ မီလန် အသင်း ဟာ ဇွန်လ 30 ရက် နေ့မှာ FPP ရဲ့ စည်းမျဉ်း သတ်မှတ်ချက် ၊ အပြစ်ဒဏ် မှ လွတ်မြောက် မှာ ဖြစ်တာ ကြောင့် အဆိုပါ နေ့မှ စတင် ပြီး လူကာကူ ကို ခေါ်ယူ နိုင်ရေး အတွက် တရားဝင် လှုပ်ရှား သွား လိမ့်မယ် လို့ သတင်း ထွက်ပေါ် နေခဲ့ ပါတယ် ။

အထူးသဖြင့် လက်ရှိ အသင်းရဲ့ အားထား ရတဲ့ တိုက်စစ်မှူး ဖြစ်သူ မော်ရို အီကာဒီ ဟာ အင်တာ မီလန် အသင်း မှ ထွက်ခွာ ဖို့ သေချာ သလောက် ရှိနေ တာကြောင့် ကွန်တီ ဟာ စိတ်ချ နိုင်ဖွယ် ရှိတဲ့ တိုက်စစ် ကစားသမား တစ်ဦး နဲ့ ဦးစွာ အစားထိုး လိုနေ တာပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် လူကာကူ အတွက် ယူနိုက်တက် တို့ တောင်းဆို နေတဲ့ ပမာဏ ဟာ များပြား နေခဲ့ တာကြောင့် အင်တာ မီလန် ဖက်မှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အိုင်ဗန် ပါရီဆစ် နဲ့ ကစားသမား အလဲအထပ် ပြုလုပ် လိုနေ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် ဖက်မှ အဆိုပါ ကမ်းလှမ်မှု မျိုးကို စိတ် မဝင် စားပဲ အင်တာ မှ ခံစစ် ကစားသမား ဖြစ်သူ မီလန် စက္ကရီနဲ ကို ပြန်လည် လိုချင် နေခဲ့ တာကြောင့် ကစားသမား အလဲအထပ် ကိစ္စ ဟာ အထ မမြောက် ခဲ့တာ ပဲ ဖြစ် ပါတယ် ။

အခုတော့ ယူနိုက်တက် ဖက်မှ လူကာကူ အတွက် ငွေသား ချည်းပဲ အလိုရှိ နေတယ် လို့ သိရှိ လိုက်ရ ပါတယ် ။ ဒါ့ကြောင့် အင်တာ မီလန် ဖက်မှ အီကာဒီ ကို ရောင်းချ လို့ ရရှိ နိုင်မယ့် ပြောင်းရွှေ့ ကြေးကို လူကာကူ အတွက် အသုံးပြု သွား နိုင်ဖွယ် ရှိနေ တယ်လို့ သိရှိ နေရ ပါတယ် ။

လူကာကူ ဟာ ယူနိုက်တက် အတွက် ကစားပေး ထားခဲ့ တဲ့ ပွဲစဉ် 96 ပွဲမှာ 42 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ဆီ ဆိုးလ်ရှား ရောက်ရှိ လာ ခဲ့တဲ့ နောက် မှာတော့ လူကာကူ ဟာ ရပ်ရှ်ဖို့ ရဲ့ အရန် အဖြစ်သာ ပါဝင် ခွင့် ရရှိ ခဲ့တာ ကြောင့် ဒီနွေ မှာ အသင်း ပြောင်း လိုနေ တာပဲ ဖြစ် ပါတယ် ။

#Sports_Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်