မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ဒန်နီ ရယ် ဂျိမ်းစ် အပြီး ဒုတိယ မြောက် ခေါ်ယူ မှု ကို ပြုလုပ် လိုက်ပြီ ဖြစ် ပါတယ် ။ သူက တော့ အသက် ၁၆ နှစ် သာ ရရှီသေးတဲ့ စပိန် တောင်ပံ ကစား သမားလေး မက်တီယို မီဟီယာ ဖြစ်ကာ ရီးရဲ ဇာရာဂိုဇာ အသင်း ကနေ ပေါင် ၆ သိန်း ဖြင့် ခေါ်ယူ လိုက်တာ ပဲ ဖြစ် ပါတယ်


အင်္ဂလန် ယူ-၂၁ အသင်း ဥရောပ ပြိုင်ပွဲ ကနေ စောစီးစွာ ထွက် ခွာ ခဲ့ရမှု ဟာ ယူနိုက်တက် ရဲ့ ဘစ်ဆာဝါ ကို ခေါ်ယူ ရေး မှာ ကောင်းကျိုး ဖြစ်စေ နိုင် ခဲ့ပြီး လာမယ့် အပတ် ထဲ မှာ ဘစ်ဆာဝါ ကို ယူနိုက်တက် တို့ ဆေးစစ် မှု ပြုလုပ် သွားနိုင်ချေ ရှိတယ် လို့ ကြား သိရ ပါတယ် ။
အကယ်၍ ပေါလ် ပေါ့ဘာ ကိုသာ ယူနိုက်တက် တို့ ရောင်းထုတ် ဖြစ်ခဲ့ ပါက ဒေါ့မွန် စတား ဂျေဒန် ဆန်ချို ကို ခေါ်ယူ ဖို့ ပြန်လည် လှုပ်ရှား လာနိုင် ချေ ရှိတယ် လို့ လည်း ကြား သိရ ပါတယ် ။
ယူနိုက်တက် အပါ အဝင် ဥရောပ ထိပ်သီး ကလပ် တွေ စောင့်ကြည့် နေတဲ့ နာပိုလီ ခံစစ်မှုး ကိုလီဘာလေ ကတော့ နာပိုလီ မှာ ဆက်ရှိနေ မလား ဆိုတာ သေချာ ပေါက် မပြောနိုင် ပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ကစား သမား ဟောင်းတွေ ဖြစ်တဲ့ ဖလက်ချာ နဲ့ ဖာဒီနန် တို့ ဟာ အသင်းရဲ့ အားကစား ဒါရိုက်တာ ရာထူး အတွက် ရေပန်း စားနေကြဆဲ ဖြစ်တယ် လို့ သိရ ပါတယ် ။ ပရိသတ် တွေ ကတော့ စနေနေ့ က နော်တင်ဟမ် ဖောရက်စ် နဲ့ လမ်းခွဲ လာခဲ့တဲ့ ယူနိုက်တက် ကပ္ပတိန်ဟောင်း ရွိုင်ကင်း ကို ဒါရိုက်တာ အဖြစ် မြင်တွေ့ ချင်ကြ တယ် လို့ သိရ ပါတယ် ။
မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ အင်တာ မီလန် ဆီကနေ လူကာကူ နဲ့ ပတ်သက် တဲ့ သတင်း ကို စောင့်မျှော် နေပြီး အီကာဒီ နဲ့ လဲလှယ် ဖို့ ကမ်းလှမ်း လာပါက လက်ခံ သွားဖွယ် ရှိ တယ် လို့ သိရ ပါတယ် ။

ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း တိုးလိုက်တဲ့ မာတာ ဟာ လာမယ့် ရာသီ မှာ အသင်းရဲ့ ဒုတိယ ကပ္ပတိန် ဖြစ်လာ နိုင်တယ် လို့ လည်း ကြားသိရ ပါတယ် ။ မာတာ ဟာ အိုးထရက်ဖိုဒ့် မှာ ဆက်ရှိ နေဖို့ အတွက် လက်ရှိ ရနေတဲ့ လုပ်ခ ထဲ ကနေ ပေါင် ၄၅၀၀၀ လျော့ယူ ပြီး စာချုပ်သစ် ချုပ်ဆို ခဲ့တာ ဖြစ်တယ် လို့ သိရှိ ရ ပါတယ်

ယူနိုက်တက် ဟာ အသင်း ရဲ့ တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့်ရဲ့ စာချုပ် မှာ ပါ၀င် တဲ့ ၁ နှစ် သက်တမ်း တိုးခွင့် ကို အသက်သွင်း ပြီး တိုက်စစ် မှုး ကို ဆက်ထိန်း ထားဖို့ စိတ်ကူး နေတယ် လို့ သိရ ပါတယ် ။ ရက်ဖိုဒ့် နဲ့ ယူနိုက်တက် တို့ ဟာ လုပ်ခ လစာ တိုးတောင်း တဲ့ ကိစ​္စ ကြောင့် စာချုပ်သစ် ကြန့်ကြာ နေတာကြောင့် အခုလို ထပ်တိုး စာချုပ် ကို အသက်သွင်း ဖို့ စဉ်းစား လာခဲ့တာ ဖြစ် တယ် လို့ သိရ ပါတယ် ခင်ဗျာ ။

Credit; SPORTS MYANMAR

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်