ဒီဂီယာကို ဆာအဲလက်စ်က တကြိမ်လေး တောင် ပြစ်တင်ပြောဆိုတာမျိုးမရှိခဲ့ဘူး လို့ ဆိုလိုက်တဲ့ ယူနိုက်တက်ဂိုးနည်းပြ ဟောင်း #အဲရစ်စတီလီ

အသက် ၂၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာ ဟာ အခုချိန် မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တွေထဲ က တဦးအဖြစ် သတ်မှတ်ခံနေရ ပြီလည်းဖြစ်ပါတယ်။ ဒီစပိန်သားဟာ ၂၀၁၁ ခုနှစ် မှာ အေတီကို အသင်းကနေ ယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အခုချိန်ထိ လိဂ်ပွဲ ၂၇၅ ပွဲအထိ ပါဝင် ကစားပေးထားခဲ့ အရေးပါတဲ့ ကစားသမားတဦး အဖြစ်ရှိ နေခဲ့တာဖြစ်ပါတယ်။ ဒီလို အရည်အသွေးမြင့် ဂိုးသမားတဦးကို ခေါ်ယူခဲ့တာ ကတော့ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်းတဦး ဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်ပဲဖြစ်ပါတယ်။

စကော့တလန် လူမျိုးနည်းပြ ကြီး တဦးဖြစ်တဲ့ ဖာဂူဆန်ဟာ ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အထိယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့ပြီး သမိုင်းရဲ့အကြီးကျယ်အခန်းနားဆုံး နည်းပြတဦးလည်းဖြစ်ပါတယ်။ ဖာဂူဆန် ဟာ ဒီဂီယာကို ခေါ်ယူနိုင်ဖို့ စပိန်မြေအထိ တကူးတက အပင်ပန်းခံ ကိုယ်တိုင်သွားရောက် ကင်းထောက်ခဲ့ တာဖြစ်ပြီး သူ့ရဲ့ ကြိုးစားမှုရဲ့ အသီးအပွင့်တွေဟာ သူ့ရဲ့ အလွန်အသင်းကိုကိုင်တွယ်နေတဲ့ နည်းပြတွေပါအကျိုးခံစားနေရတာဖြစ်ပါတယ်။ဒီဂီယာကို ရရှိဖို့ ကြိုးပမ်းစဉ်က အကြောင်းတွေနဲ့ ပတ်သက် ပြီး ယူနိုက်တက် ဂိုးနည်းဟောင်းအဲရစ်စတီလီက ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

Daily Mail သတင်းစာရဲ့ ကော်လံမှာ စတီလီက – – ” ယူနိုက်တက် အသင်းကို ဖာဂူဆန် ကိုင်တွယ်ခဲ့တဲ့ ၂၆ နှစ်တာကာ လအတွင်းမှာ အသင်းကစားတဲ့ ပွဲ၂ ပွဲ လောက်ကိုပဲ သူမတက်ရောက်နိုင်ခဲ့ဘူး လို့ ကျွန်တော်မှတ်မိပါတယ်။ပထမတပွဲ က ၂၀၀၀ ပြည့်နှစ်မှာကစားခဲ့တဲ့ မန်ချက်စတာဒါဘီဖြစ်ပြီး သူ့ရဲ့သားမင်္ဂလာဆောင်ကြောင့် သူကိုင်တွယ်နိုင်ခဲ့ခြင်းမရှိ ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် တပွဲကတော့ ဒီဂီယာရဲ့ လက်စွမ်းကို ကင်းထောက်နိုင်ဖို့စပိန်မြေကို သွားရောက်ကြည့်ရှုစဉ် အခါကဖြစ်ပါတယ်။ထိုစဉ်က အသက်၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဒီဂီယာကို ခေါ်ယူဖို့ ဖာဂူဆန်ကိုစပြီး ဆွဲဆောင်ခဲ့တာက ကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

ကျွန်တော်ဟာ သူကစားထားတဲ့ပွဲစဉ်တွေရဲ့ အနှစ်ချုပ် ၃မိနစ်စာ DVD ခွေကို ဖာဂူဆန်ကိုပြသခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ သူကစားတာကိုကျွန်တော်တို့ ကြည့်ရှုချင်လာခဲ့လို့ ဗလင်စီနဲ့ အဝေးကွင်းပွဲစဉ်ကို အတူသွားရောက် အားပေးခဲ့ကြပါတယ်။အဲ့ဒီညမှာ ယူနိုက်တက် အသင်းဟာ လိဂ်ဖလားပွဲအဖြစ် စကန်သော့ပ်အသင်းနဲ့ကစားခဲ့ရတာ ဖြစ်ပါတယ် ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။ သူတို့၂ဦး ဒီဂီယာရဲ့ လက်စွမ်းကို အဆိုပါ ပွဲစဉ်တပွဲမှာပဲ အတော်လေးကျေနပ်အားရခဲ့တယ်လို့လည်း အဲရစ်စတီလီကဆိုပါတယ်။

သူကဆက်လက်ပြီး- ” ပွဲကစားချိန် ၆၅ မိနစ်လောက်အတွင်း မှာပဲ ဒီဂီယာ ဟာ ယူနိုက်တက် အသင်း ခေါ်ယူသင့်တဲ့ ကစားသမားဖြစ်တယ်ဆိုတာကိုဖာဂူဆန်တယောက်နားလည်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဒီဂီယာ ဟာ အကောင်းဆုံး အာရုံစူးစိုက်မှု တွေကာကွယ်တုန့်ပြန်ပုံတွေ ပြသခဲ့ပြီး ကြောက်စရာအခွင့်အရေးကို ကာကွယ်နိုင်ခဲ့ပါတယ်။သူ့ကို ပြိုင်ဘက် အသင်းသားတွေက ပစ်မှတ်ထားပြီး ပြစ်ဒဏ်ကျူးလွန်တတ်ကြပေမယ့် ကျွန်တော်တို့ကတော့ သူ့ကို တိုးတက်အောင် လေ့ကျင့်တဲ့ အစီအစဉ်ကိုဘယ်တော့မှမပြောင်းခဲ့ပါဘူး။ ကျွန်တော်နဲ့ ဖာဂူဆန်တို့ ၂ဦးဟာသူ့ကို အမြဲ အားပေး လှုံ့ဆော်ပေးပါတယ်။

ဖာဂူဆန်ဆိုရင်သူ့ကိုတကြိမ်တခါလေးတောင်ပြစ်တင်တာမျိုးမရှိခဲ့ပါဘူး။တခါတလေပွဲတွေကနေချန်လှပ်တာမျိုးရှိပေမယ့် ဘယ်တော့ မှအော်ဟစ်နှိမ့်ချဆက်ဆံတာမျိုး မရှိခဲ့ပါဘူး။ အခုအချိန်မှာ ဒီဂီယာကို ကြည့်လိုက်ရင် အတော်လေး စိတ်တည်ငြိမ်ပြီး ပြောင်မြောက်တဲ့ အရည်အသွေးမျိုးပိုင်ဆိုင်နေတာကိုမြင်ရမှာဖြစ်ပါတယ်။သူဟာဒီအချိန်မှာ ကွင်းထဲမှာရှိနေတဲ့ကစားသမား တွေထဲက အတည်ငြိမ်ဆုံးလည်းဖြစ်ပါတယ် ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

SM

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်