ပေါ့ဂ်ဘာဟာ ဆာရီဆီ ဖုန်းခေါ်ဆို ခဲ့တယ်လို့ သတင်း ထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသ မား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ ဒီနွေ အပြောင်း အရွှေ့ အတွင်း ဘယ်ဆီ ရောက်ရှိ နိုင်လိမ့် မလဲ ဆိုတဲ့ ပရိသတ် တွေရဲ့ စောင့်ကြည့် ခြင်း ခံနေ ရ ပါတယ် ။

ပြီးခဲ့တဲ့ မတ်လ တုန်းက တော့ ပေါ့ဂ်ဘာ ဟာ ဇီဒန်း ဦးဆောင် တဲ့ ရီးယဲ မက်ဒရစ် အသင်း မှာ ကစား ရဖို့ ဆိုတာ အိပ်မက် တစ်ခု သာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား ခဲ့ဖူး ပါ သေးတယ် ။ အဆိုပါ အချိန် မှ စတင် ပြီး ပေါ့ဂ်ဘာ အသင်း ပြောင်းရွှေ့ ရေး နဲ့ ပတ်သက် လို့ သတင်း တွေ ကြီးခဲ့ ပါတယ် ။

အဆိုပါ အချိန် တုန်းက တော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဇီဒန်း ကိုယ်တိုင် က သူဟာ ပေါ့ဂ်ဘာ ရဲ့ ခြေစွမ်း ကို နှစ်သက် ကြောင်း ၊ ပေါ့ဂ်ဘာ ရဲ့ စွမ်းရည် တွေကို ကောင်းမွန် စွာ သိရှိ ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

အဲ့ဒီနောက် ဒီ ရာသီ အသင်း ကို ပြန်လည် တည်ဆောက် နေ ခဲ့တဲ့ ရီးယဲ မက်ဒရစ် အသင်း ဟာ ချဲလ်ဆီး မှ ဟာဇက် အပါအဝင် ကစားသမား သစ် 5 ဦး အထိ ခေါ်ယူ ခဲ့ကာ ပေါင် 300 သန်း နီးပါး ကို ပြောင်းရွှေ့ စရိတ် အဖြစ် သုံးစွဲ ခဲ့ ပါတယ် ။

ဒါ့ကြောင့် ရီးယဲ မက်ဒရစ် အသင်း ဟာ ဘဏ္ဍာရေး စည်းမျဉ်း နဲ့ ငြိစွန်း မှာ စိုးရိမ် ခဲ့တာ ကြောင့် ကွင်းလယ်ပိုင်း ကို အင်အား ဖြည့်တင်း ဖို့ အတွက် တော့တင်ဟမ် မှ အဲရစ်ဆင် ကို ခေါ်ယူ ရ မလား ၊ ယူနိုက်တက် မှ ပေါ့ဂ်ဘာ ကို ခေါ်ယူရ မလား ဆိုပြီး အတွင်း ပိုင်း ဆွေးနွေ မှုတွေ ပြုလုပ် ခဲ့တယ် လို့ သိရှိ ခဲ့ရ ပါတယ် ။

နောက်ဆုံး ကြားသိခဲ့ ရတဲ့ သတင်း တွေ အရတော့ ပေါ့ဂ်ဘာ ကို ခေါ်ယူ လိုတဲ့ ဇီဒန်း ရဲ့ အဆို ကို ရီးယဲ တို့ သဘော တူညီ ခဲ့ တယ် လို့ သိရှိ ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် ရီးယဲ မက်ဒရစ် အသင်း ဟာ ဘဏ္ဍာရေး စည်းမျဉ်း နဲ့ မငြိစွန်းဖို့ အသင်း ရဲ့ ကစားသမား အချို့ ကို ရောင်းချ ဖို့ လုပ်ဆောင် ခဲ့ ပါတယ် ။

ဒါပေမယ့် ရီးယဲ တို့ အခုလို လုပ်ဆောင် နေစဉ် ပေါ့ဂ်ဘာ ကိုယ်တိုင် က စိန်ခေါ် မှု အသစ် အတွက် ယူနိုက်တက် မှ ထွက်ခွာ လိုကြောင်း တရုတ်ပြည် မှာ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး တစ်ခု မှာ ဖွင့်ဟ ခဲ့တဲ့ နောက် သူ့ရဲ့ အသင်း ဟောင်း ဂျူဗင်တပ် ဟာလည်း ပေါ့ဂ်ဘာ ကို အရ ခေါ်ယူ လိုတဲ့ အသင်း စာရင်း ထဲ ပါဝင် လာခဲ့ ပါတယ် ။

အထူးသဖြင့် ဂျူဗင်တပ် အသင်း ရဲ့ နည်းပြ သစ် ဖြစ်လာ သူ မော်ရီစီယို ဆာရီ က အသင်း ဆီ ယူနိုက်တက် မှ ကွင်းလယ်လူ ပေါ့ဂ်ဘာ နဲ့ ဖီအိုရင်တီးနား မှ တိုက်စစ် ကစားသမား ဖြစ်သူ ဖက်ဒရီကို ချီဆာ တို့ကို ခေါ်ယူ ပေးဖို့ အား ကစား ဒါရိုက်တာ ဖြစ်သူ ပါရာတီစီ ဆီ တောင်းဆို ခဲ့တယ် လို့ သိရှိ ခဲ့ရ ပါတယ် ။

အခုတော့ နောက်ဆုံး ထွက်ပေါ် လာ ခဲ့တဲ့ သတင်း တစ်ရပ် အရ ယူနိုက်တက် ကွင်းလယ်လူ ပေါ့လ် ပေါ့ဂ်ဘာ ကိုယ်တိုင် က သူ့ကို ဂျူဗင်တပ် အသင်း ဆီ အမြန်ဆုံး ခေါ်ယူ သွားဖို့ နည်း ပြ ဖြစ်သူ ဆာရီ ဆီ ဖုန်းဆက် ပြောကြား ခဲ့တယ် လို့ သိရှိ လိုက်ရ ပါတယ် ။

အဆိုပါ သတင်း ကိုတော့ အီတလီ နာမည် ကြီး သတင်းစာ တစ်ရပ် ဖြစ်တဲ့ Tuttosport မှ အတည်ပြု ဖော်ပြ ခဲ့တာ ပဲ ဖြစ် ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ဖက်မှ ပေါ့ဂ်ဘာ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း 150 သတ်မှတ် ထားခြင်း က အီတလီ ထိပ်သီး အတွက် အခက်အခဲ တစ်ရပ် ဖြစ်လာ နိုင် ပါတယ် ။

လက်ရှိ အချိန် အထိ တော့ ယူနိုက်တက် ဟာ ပေါ့ဂ်ဘာ ကို လက်လွတ် ဆုံးရှုံး ခံ သွားဖို့ ဆန္ဒ ရှိ မနေ တာကြောင့် ကွင်းလယ်လူ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ကို သတ်မှတ် ထားတာပဲ ဖြစ်တယ် လို့ သိရှိ နေရ ပါတယ် ။

ပေါ့ဂ်ဘာ ဘယ်အသင်း ဆီ ရောက်ရှိ လိမ့်မလဲ ၊ ယူနိုက်တက် မှာပဲ ဆက်ရှိ နိုင်မလား ဆိုတာ ကတော့ တစ်စ ထက် တစ်စ စိတ်ဝင်စား ဖို့ ကောင်းမွန် လာခဲ့ ပါပြီ ။

#Sports_Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်