ရာသီကြို ပွဲစဉ်နဲ့ ပတ်သက်လို့ ကစားသမားတွေဆီက ဘာတွေ မျှော်လင့် ထားသလဲ ၊ ပထမဆုံး ပွဲစဉ် နှစ်ပွဲ အကြောင်း ဖွင့်ဟလိုက်တဲ့ #ဆိုးလ်ရှား

2019 – 20 ဘောလုံး ရာသီ ကို အပြည့်အဝ ကိုင်တွယ် နိုင်ခွင့် ပိုင်ဆိုင် ထား ခဲ့တဲ့ ဆိုးလ်ရှား ဟာ ကောင်းမွန် တဲ့ ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင် နိုင်ရေး အတွက် ရာသီ ကြို ပွဲစဉ် တွေမှာ အသင်း ရဲ့ ကစားသမား တိုင်းကို လိုက်ပါ ပါဝင် ကစား စေလို နေ ပါတယ် ။


ဒါ့ကြောင့် ဆိုးလ်ရှား ဟာ အသင်း သား တိုင်းကို အသင်း နဲ့ အချိန် မီ လာရောက် ပူးပေါင်း ကြဖို့ အတွက် မှာကြား ထား ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။ ဒါ့ကြောင့် ရာသီ ကြို ပွဲစဉ် တွေမှာ ယူနိုက်တက် ကစားသမား အတော် များများ ကို မြင်တွေ့ ရ နိုင်ခြေ ရှိနေ ပါတယ် ။

ဒါပေမယ့် အိုးလ် ထရပ်ဖို့ဒ် မှာ အနာဂတ် ဆက်ရှိ နေဖို့ မသေချာ တော့တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ နဲ့ တိုက်စစ်မှူး လူကာကူ တို့ နှစ်ဦး ရာသီ ကြို ပွဲစဉ် တွေမှာ လိုက်ပါ နိုင်လိမ့် မလား ဆိုတာ ကတော့ သံသယ ဖြစ်ဖွယ် အနေအထား မှာ ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။

လက်ရှိ အချိန် ကိုပါ အမေရိက နဲ့ အာဖရိက ဖလား ပြိုင်ပွဲ တွေကို ကျင်းပ နေကြ ပေမယ့် အဆိုပါ ပြိုင်ပွဲ တွေမှာ ယူနိုက်တက် ကစားသမား သိပ်ပြီး မပါဝင် ကြ တာကြောင့် ယူနိုက်တက် တို့ ရာသီ ကြို ပွဲစဉ် တွေမှာ လူ စာရင်း တောင့်တင်း နိုင်ဖွယ် ရှိနေ ကြ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် မှ အလက်ဆစ် ဆန်းချက် တစ်ဦး သာ ကိုပါ အမေရိက ပြိုင်ပွဲ မှာ ချီလီ လက်ရွေးစင် အသင်း အတွက် ပါဝင် ကစား နေပြီး တောက်ပ တဲ့ ခြေစွမ်း ကောင်းတွေ ပြန်လည် ပြသ ထားနိုင် ခဲ့ ပါတယ် ။

” ဒီနွေ ကတော့ လက်ရှိ ပုံစံ အရ ဆိုရင် အတော်လေး ကောင်းမွန် တယ်လို့ ဆိုရ ပါ လိမ့်မယ် ။ ကျွန်တော် တို့ ပါ့သ် ( ပါ့သ် ဂလိုရီ ) ဆီ လူ အင်အား အပြည့် အစုံ နဲ့ သွားရောက် နိုင်ကြ ပါ လိမ့်မယ် ”
” ရွေးချယ် မှုတွေ ပြုလုပ် နိုင်ဖို့ အသင်းသား တိုင်းကို ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ။ သူတို့ တွေ ပြန်လာ ကြတဲ့ အခါ ကြံ့ခိုင် မှုတွေ ပြည့်ဝ နိုင်ဖို့ အတွက် ကျွန်တော် မျှော်လင့် ပါတယ် ။ ကျွန်တော် တို့ အကောင်းဆုံး ပုံစံ နဲ ရှေ့ဆက် နိုင်ဖို့ အတွက် ပေါ့ ” လို့ ဆိုးလ်ရှား က ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါပေမယ့် အသင်း မှ ထွက်ခွာ လို နေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ၊ အင်တာ မီလန် အသင်း ဆီ ရောက်ရှိ ဖို့ သတင်းထွက် နေတဲ့ တိုက်စစ် မှူး လူကာကူ တို့ အကြောင်း ကိုတော့ ဆိုးလ်ရှား ဟာ ဘာမှ ထူးထူး ခြားခြား ပြော မသွား ခဲ့ ပါဘူး ။

ယူနိုက်တက် အသင်း ဟာ ဇူလိုင် လ 13 ရက် နေ့မှ စတင် ပြီး ပါ့သ် ဂလိုရီ ၊ လိဒ် ယူနိုက်တက် အသင်း တွေနဲ့ ရာသီ ကြို ပွဲစဉ် တွေကို ကစား သွား ရမှာ ပဲ ဖြစ် ပါတယ် ။ အဆိုပါ ပွဲစဉ် တွေနဲ့ ပတ်သက် လို့ ဆိုးလ်ရှား က …

” အေ လိဂ် ပရီးမီးယား မှ ပါ့သ် ဂလိုရီ အသင်း နဲ့ ရင်ဆိုင် ရခြင်း က တစ်ကယ့် ကို ကောင်းမွန် နေမှာ ပါ ။ လိဂ် တွေကို နှိုင်းယှဉ် ကြရာ မှာ သူတို့ လိဂ် ကို ဂုဏ်ဆောင် တဲ့ ကလပ် တွေထဲ ပါ့သ် ဂလိုရီ လည်း ပါဝင် ပါတယ် ”

” လိဒ် ယူနိုက်တက် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တိုင်း လိုလို က ကျွန်တော် တို့တွေ အတွက် ပွဲကြီး ပွဲကောင်း တွေ ဖြစ်ခဲ့ ဖူး ပါတယ် ။ ကျွန်တော် ဟာ ကွင်း အတွင်း နဲ့ ကွင်း အပြင် တွေမှာ သူတို့ တွေကို ပြိုင်ဖက် အဖြစ် ရင်ဆိုင် ခဲ့ဖူး ပါတယ် ။ သူတို့ တွေနဲ့ ကျွန်တော် တို့ အကြား ကောင်းမွန် တဲ့ ပြိုင်ဆိုင် မှုတွေ ရှိနေ ခဲ့ ပါတယ် ” လို့ ဆိုလ်ရှား က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်