လိဒ်ယူနိုက်တက်နှင့်ကစားမည့်ပွဲစဉ်နှင့် ပတ်သတ်ပြီး သူ့ရဲ့ထင်မြင်ချက်စကားကိုထုတ်ဖော်ပြောဆို သွားခဲ့သည့် နောက်ခံလူ လင်ဒီလော့ဒ်
လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်က ခြေစမ်းပွဲလု့ိပြောပေမယ့်ခက်ခဲ မှုတွေကရှိလာမှာပါ။ ကျွန်တော့်ရဲ့မိတ်ဆွေ ဆွီဒင်းသား တစ်ဦးက လိဒ်ယူနိုက်တက် အသင်းမှာ ကစားနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က ကျွန်တော့်အတွက်ပျော်ရွှင်စ ရာပွဲတစ် ပွဲဖြစ်လာတော့မှာ ပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့
အကောင်းဆုံး ကစားဖို့လိုအပ်ပါမယ်။
ရာသီကြိုခြေစမ်းပွဲဟာ အသင်းအတွက်အရေးပါမှု တွေ ရှိ ပါတယ်။ ကျွန်တော်အသင်းကိုစရောက်တုန်းကဆိုရင် အသင်းဖော်တွေနဲ့ အသင်းရဲ့ဝန်ထမ်းတွေကိုတွေ့ဆုံဖို့
အတွက် ဒီပွဲစဉ်ဟာ ကျွန်တော့်အတွက်အရမ်းကိုအရေးပါ ခဲ့ပါတယ်။ အသင်းမှာအလုပ် လုပ်မယ့် ကစားသမားတွေ အတွက်ဒီပွဲစဉ်ဟာ အရမ်းကိုအရေးပါတယ်။နောက်ပြီး ဒီခြေစမ်းပွဲတွေအပေါ် ကျွန်တော် အရမ်းပဲပျော်ရွှင်မှုရှိပါ တယ်။
ကျွန်တော်တို့က အားလပ်ရက်ရောက်နေတာတောင် ပရော်ဖက်ရှ င်နယ် ကစားသမားတစ်ဦးဖြစ်တာကြောင့် လေ့ကျင့်မှုတွေ အနည်းဆုံးအိမ်မှာ တော့လုပ်ရပါတယ်။
ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း ထိန်းသိမ်းရတယ်။ အသင်းဆီကိုပြန်ရောက်တဲ့အချိန် အသင်းရဲ့ကစားကွက်မှာ အံဝင်ခွင့်ကျအောင်ကစားနိုင်
ဖို့ပြင်ဆင်မှု တွေကိုလည်းလုပ်ဆောင်ရပါတယ်။
ကျွန်တော်တို့ သွားရောက်ရမယ့်ခရီးစဉ် ခြေစမ်းပွဲမှာ ကစားသမားကောင်း၊ အသင်းကောင်းတော် တော်များများနဲ့ တွေ့ဆုံမှာပါ။ ကမ္ဘာတစ်ဝှမ်း မှာ ရှိ ကြတဲ့ အသင်းရဲ့ပရိသတ် တွေနဲ့တွေ့ဆုံရမှာ ဖြစ်လို့ ဒီခြေစမ်းပွဲ ပွဲစဉ်ကလုံးဝကိုအရေး ပါ ပါတယ်။ "
[𝐨𝐟𝐟𝐢𝐜𝐚𝐥 𝐰𝐞𝐛𝐬𝐢𝐭𝐞]
#နငယ်

Comments
Post a Comment