မနက်ခင်း ယူနိုက်တက်သတင်းတိုများ

🔴ယူနိုက်တက် အသင်း၏နည်းပြဖြစ်သူ ဆိုးလ်ရှား
က စပိုတင်လစ္စဘွန် အသင်း၏ ကွင်းလယ်လူ ဖာနန်ဒက်
ကိုခေါ်ယူပေးရန်နှင့်ပတ်သတ်ပြီး ဘုတ်အဖွဲ့ကိုဖိအားပေး
သွားမည်ဟုသိရသည်။ ဝမ်ဘစ်စကာကိုခေါ်ယူပြီးနောက်
ယင်းကိုတစ်ပတ်အတွင်း ၌ပင်ခေါ်ယူနိုင်ရန်ဆိုးလ်ရှားက
ပစ်မှတ်ထားသည်။
Source. [𝐚𝐛𝐨𝐥𝐚]








🔴အင်တာမီလန်အသင်းသည် ယူနိုက်တက် အသင်း၏
တိုက်စစ်မှူး လူကာကူကို ကနေဦး (2) နှစ် အငှါးစာချုပ်
ဖြင့်ခေါ်ယူပြီး ပေါင်(10) သန်းပေးချေကာ မဖြစ်မနေခေါ်ယူ
မှုဖြင့်ပေါင်သန်း(60) ပေး၍အရစ်ကျ ခေါ်ယူရန်စီစဉ်
နေသည်။ယူနိုက်တက် အသင်းနှင့်အင်တာမီလန်တို့မှာ
ယင်း၏အပြောင်းအရွှေ့အတွက်မကြာမီအချိန်၌ တွေ့ဆုံသွားမည်ဖြစ်သည်။
Source:[𝐟𝐚𝐛𝐫𝐢𝐳𝐢𝐨 R𝐨𝐦𝐚𝐧𝐜𝐞]

🔴လက်စတာအသင်းသည် ယင်းတို့၏နောက်ခံလူ
မက်ဂွိုင်ယားကိုပေါင်(75) သန်းရခဲ့မည်ဆိုလျှင် ရောင်း
ထုတ်ရန်အစီအစဉ်ရှိသည်။ ယင်းကို ယူနိုက်တက်အသင်း
နှင့်မန်စီးတီး သင်းတို့က အဓိက ပစ်မှတ်ထားသည်။
Source: [𝐁𝐁𝐂]

🔴ယူနိုက်တက်အသင်းသည် ဒီလစ်ကိုခေါ်ယူရန်ကြိုးပမ်း
ခဲ့ပေမယ့်ယင်းဘက်က အသင်းကိုလာရောက်ကစားရန်
ဆန္ဒမရှိသည့်အတွက် အသင်းဘက်က ကြိုးပမ်းမှုကိုလက်
လျှော့ခဲ့ခြင်းဖြစ်သည်။
Source: [𝐁𝐁𝐂]

🔴ယူနိုက်တက် အသင်း၏နည်းပြဖြစ်သူဆိုးလ်ရှားသည်
ဝမ်ဘစ်စကာကိုခေါ်ယူပြီးနောက် ခံစစ်ကစားသမားတစ်ဦး၊
ကွင်းလယ်လူနှစ်ဦး၊ညာ တောင်ပံကစားသမားတစ်ဦးနှင့်
အထောင်တိုက်စစ်မှူး တစ်ဦး(လူကာကူထွက်ခွာခဲ့သည်
ရှိသော်) အစရှိသည့်ကစားသမားများကိုခေါ်ယူပေးသွားရန်
ဘုတ်အဖွဲ့ကိုထပ်မံတောင်းဆိုသွားမည်ဖြစ်သည်။
Source. [𝐠𝐮𝐚𝐫𝐝𝐢𝐚𝐧]

ကျွန်တော်ရေးသားထားတဲ့ သတင်းတွေကို
ယူနိူက်တတ်ပရိသတ်များအနေဖြင့်
ကျွန်တော်တို့ယူနိုက်တက် ပရိသတ်
တွေ ပိုမိုဖတ်ရှု့နိုင်အောင် ယူနိုက်တက်groupများတွင်
Share ခြင်းဖြင့် ကူညီပေးကြပါ ရန် မေတ္တာ ရပ်ခံပါ၏☺

#နငယ်

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်