ဗန်ပါစီလမ်းစဉ်လိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတဲ့ #အူဘာမီယန်

မကြာသေးမီကမှ ဘောလုံးစားခြင်းကနေ အနားယူသွားခဲ့တဲ့ော်လန်တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီဟာ ယူနိုက်တက် အသင်းနဲ့ အာဆင်နယ် အသင်း အားပေးသူပရိသတ်တွေ အတွက် မမေ့နိုင်တဲ့ ကစားသမားတဦးဖြစ်ပါတယ်။သူဟာဖီယင်နု အသင်းကနေ အာဆင်နယ် အသင်းကိုပြောင်းလာခဲ့ပြီး အင်္ဂလန် ဘောလုံးလောကနဲ့ နဖူးတွေ့ဒူးတွေစတင်ရင်ဆိုင်ခွင့်ရခဲ့သူဖြစ်ပါတယ်။


အာဆင်နယ်အသင်းအတွက် လိဂ်ပွဲ ၁၉၄ ပွဲကစားပြီး သွင်းဂိုး ၉၆ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတဦးအဖြစ် လည်း မှတ်တမ်းဝင်ခဲ့ ပါတယ်။ သူဟာ လန်ဒန်မှာ ၉နှစ်ကြာ ကစားခဲ့ပြီးFA ဖလားတလုံးပဲ လောက်လောက်လား လားကိုင်မြောက် ခွင့်ရရှိခဲ့ပါတယ်။

၂၀၁၂-၁၃ ရာသီမှာတော့ သူဟာ အာဆင်နယ် အသင်းရဲ့ အစဉ်အလာပြိုင်ဘက် ယူနိုက်တက်ထံကို အံ့အားသင့်ဖွယ်ပြောင်း ရွှေ့သွားခဲ့ပါတယ်။အဆိုပါရာသီမှာပဲသူဟာ ယူနိုက်တက် အသင်းနဲ့ လမိုင်းကပ် ခြေစွမ်းပြသနိုင်ခဲ့ပြီး သူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကြီးကိုကိုင်မြောက်ခွင့်ရခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နောင်ပိုင်းနှစ်တွေအတွင်း အသင်းရဲ့ ငွေသုံး နှမျောတဲ့ပေါ်လစီတွေကြောင့် အောင်မြင်မှုတွေနဲ့ကပ်လွဲနေခဲ့ရပြီး အခုလို ကစားသမားကောင်းတွေဟာလည်း အသင်းပြောင်းပြီးမှ ဆုဖလားတွေ ကိုင်မြောက်ခွင့်ရနေခဲ့တာဖြစ်ပါတယ်။ကုန်ကုန်ပြောရရင်ကိုကွိီလင်၊ ပေါ်လစ္စတာတို့လို ဒုတိယတန်းစားကစားသမားတွေ တောင်ဗလင်စီယာ အသင်းကိုပြောင်းရွှေ့အပြီးမှာ ဘာစီလိုနာကို အနိုင်ယူပြီးကိုပါဒယ်ရေးဖလားကြီးကို ပူပူနွေးနွေးကိုင်မြောက်ခွင်ရရှိထားတာလည်းဖြစ်ပါတယ်။

လတ်တလောထွက်နေတဲ့ ကောလာဟလတွေအရ အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းစက် တဦးဖြစ်တဲ့ အူဘာမီယန်ဟာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို YES လို့အဖြေပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ယူနိုက်တက် အသင်းဟာ အိုးထရက်ဖို့ဒ်ကိုစွန့်ခွာတော့မယ့် လူကာကူရဲ့ နေရာအတွက် ဒီဂါဘွန်သားကို လိုချင်နေတာဖြစ်တယ်လို့ မီတလီ မီဒီယာတွေက ဆိုပါတယ်။

အူဘာမီယန်ဟာ ၂၀၁၇ဆောင်းရာသီစျေးကွက် အတွင်းမှာ ဒေါ့မွန်ကနေ ပြောင်းလာခဲ့တာဖြစ်ပြီး အခုထိပရီးမီးယားလိဂ်သွင်းဂိုး ၃၂ ဂိုးအထိရရှိထားပြီလည်းဖြစ်ပါတယ်။သူဟာ အခုနှစ်ရာသီမှာ လိဂ်ဂိုး ၂၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆာလတ်၊ မာနေး တို့နဲ့အတူ ရွှေဖိနပ်ဆုကို ပူးတွဲပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ ဟာအချိန်သိပ်မကျန်တော့ဘူးလို့ သတင်းတွေ ထွက်နေပြီး အသင်းပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလာယလတွေကျယ်လောင်နေပါတယ်။ အာဆင်နယ်အသင်းဟာ သူ့အတွက် ပေါင် ၅၆သန်းလောက်နဲ့ ကမ်းလှမ်းလာပါက လိဂ်ပြိုင်ဘက် အချင်းချင်းဆိုရင်တောင် ရောင်ချဖို့ရှိနေတယ်လို့ လည်း သိရပါတယ်။

TalkSPORT ရဲ့ အားကစားကလောငရှင် တဦးဖြစ်တဲ့ ဂိုးစတိန်းကလည်းယူနိုက်တက် အသင်းက ဒီဂါဘွန်တိုက်စစ်မှူးကို အတော်လေးလိုချင်နေတယ်လို့ ယုံကြည်ရကြောင်းဆိုပါတယ်။ဂိုးစတိန်းက -” ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့တွေ အကြောင်းကို ကျွန်တော့်ကို အသိပေးတဲ့ သူတယောက်ရှိပါ တယ်။သူပြောတာတွေဟာ ရ၅ရာခိုင်နှုန်းလောက်တိကျမှန်ကန်ပါတယ်။မာရှယ်ကိုယူနိုက်တက် အသင်းမခေါ်မီ ၂ရက်လောက်ကလည်းသူကျွန်တော့ကိုပြောခဲ့ဖူးပါတယ်။အခုချိန်မှာလည်း အူဘာမီယန်ကို ယူနိုက်တက် အသင်းက စိတ်ဝင်စားနေတယ်လို့ သူကပြောပါတယ် ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းထံကို နောက်ဆုံးရောင်းချထားခဲ့တဲ့ ကစားသမားကတော့ အလက်ဆစ်ဆန်းချက်ဖြစ်ပြီး မီခီတာရန်းနဲ့ လဲလှယ် ခဲ့တာဖြစ်ပါတယ်။ဒီချီလီသားဟာအာဆင်နယ် အသင်း မှာ အဓိကကစာသမားတဦးဖြစ်ခဲ့ပေမယ့် ယူနိုက်တက် မှာတော့ အခုထိ ရုန်းကန်နေခဲ့ရသေး တာဖြစ်ပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံမှာ အခြေအနေဆိုးခဲ့တဲ့ ယူနိုက်တက် အသင်းဟာ အခုနွေမှာ အားဖြည့်မှု တွေပြု လုပ်ဖို့ရှိနေပြီး လတ်တလောမှာတော့ ဆွမ်းဆီးလ်ကြယ်ပွင့်လေး ဒန်နီရယ်ဂျိန်းစ်ကို ပေါင် ၁၅သန်းနဲ့ ခေါ်ယူထားခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် ပဲလေ့စ်ခံစစ်မှူး ဘစ်ဆာကာကို လည်း ပေါင် သန်း ၅၀ ပတ်ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရထားပြီးပြီလို့ သိရပါတယ်။

SM

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်