ဘစ်ဆာကာ ရဲ့ အရည်အသွေး တွေကို ချီးကျူးရင်း သူဟာ ယူနိုက်တက် အတွက် ဘာတွေ ယူဆောင်လာနိုင်သလဲ ဆိုတာ ဖွင့်ဟ ပြောကြားလိုက်တဲ့ #ဇာဟာ
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဝီလ်ဖရိုင်း ဇာဟာ က ပဲလေ့စ် မှာ အသင်း ဖော်သစ် ဖြစ်တဲ့ ဝမ် ဘစ်ဆာကာ နဲ့ စတင် လေ့ကျင့်ရေး ပြုလုပ် ခဲ့စဉ် က သူ့ရဲ့ အရည်အသွေး တွေကြောင့် တစ်ကယ့် ကို အံ့အား သင့်ခဲ့ ရကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အသက် 21 နှစ်သာ ရှိနေ သေးတဲ့ ဝမ် ဘစ်ဆာကာ ဟာ ပြီး ခဲ့တဲ့ ရက်သတ္တပါတ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ပေါင် သန်း 50 ဝန်းကျင် နဲ့ ပြောင်းရွှေ့ ဖို့ အတွက် နှစ်ဖက် အသင်း ရဲ့ ကြိုတင် သဘော တူညီ မှု ရရှိ ထားခဲ့ သူပဲ ဖြစ် ပါတယ် ။
ပြီးခဲ့တဲ့ ရာသီ တုန်းက ပြသ ခဲ့တဲ့ ခြေစွမ်း ကြောင့် ဘစ်ဆာကာ ဟာ ပရီးမီးယား လိဂ် မှာ ထွန်းတောက် လာမယ့် ညာ နောင်ခံ ကစားသမား တစ်ဦး ဖြစ်လာ လိမ့်မယ် ဆိုတဲ့ ထင်ကြေး တွေ ပေးခံ ရသူ တစ်ဦး ပဲ ဖြစ်ခဲ့ ပါတယ် ။ ဇာဟာ ကတော့ သူဟာ အသင်းဖော် ရဲ့ ခြေစွမ်း အပေါ် အထင်ကြီး မိကြောင်း ဆု်သွား ခဲ့လိုက် ပါတယ် ။
” ကျွန်တော် အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ သူနဲ့ ပြိုင်ဖက် အဖြစ် ကစား ရတဲ့ အချိန် သူ ဘယ်လောက် အထိ ကောင်းမွန် သလဲ ဆိုတာ ကြည့်ပြီး အရမ်း ကို အံ့အား သင့်ခဲ့ ရ ပါတယ် ။ ကျွန်တော် ဟာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ညာ နောက်ခံ လူ တွေ အတော် များများ နဲ့ ရင်ဆိုင် ခဲ့ဖူး ပါတယ် ။ အဲ့ဒီ ထဲမှာ သူလဲ ပါဝင် လာတာ ပေါ့ဗျာ ”
” ခင်ဗျား ဟာ ကွင်း အတွင်း သူ့ကို ကျော်ဖြတ် သွားကောင်း သွားနိုင် ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ သပ်ရပ်တဲ့ ဖျက်ထုတ် မှု ဒဏ်တွေ ကိုတော့ ခံလိုက် ရမှာ ပါပဲ ။ သူဟာ တောင်ပံ တိုက်စစ် ကစားသမား အဖြစ် ကနေ ညာ ခံစစ် ကစားသမား ဘယ်လို ဖြစ်လာ သလဲ ဆိုတာ တော့ ကျွန်တော် မသိ ပါဘူး ”
” ဒါပေမယ့် သူ့ရဲ့ အရည်အသွေး တွေက တိုက်စစ် နေရာ ထက်ပိုပြီး ခံစစ် နေရာ မှာ ထူးခြား ကောင်းမွန် လှ ပါတယ် ။ သူဟာ အဲ့ဒီ နေရာ မှာ ပိုပြီး သဘာဝ ကျကျ ကစား ပေးနိုင် ပါတယ် ။ သူဟာ အရမ်း အေးဆေး ပါတယ် ။ ခင်ဗျား သူ့ကို စကား သွား မပြောမချင်း သူဟာ ဘယ်သူ နဲ့မှ စကား ပြောလေ့ မရှိ ပါဘူး ”
” တစ်ကယ်တမ်း ပြောရရင် သူဟာ အသင်း ရဲ့ အဝတ်လဲ ခန်း ထဲမှာ လည်း တိတ်တိတ် ဆိတ်ဆိတ် ပဲ နေတက် ပါတယ် ။ သူဟာ စကား ကို ကွင်း အတွင်း မှာ ခြေစွမ်း ပြရင်း ပဲ ပြောတက် ပါတယ် ။ ဒါ့ကြောင့် လည်း လူတိုင်းက သူ့ကို နှစ်သက် ကြတာ ပါ ”
” သူ ကွင်းထဲ လာတယ် ။ လုပ်စရာ ရှိတာ ၊ လုပ်သင့် တာ လုပ်တယ် ။ အကောင်းဆုံး ကြိုးစား ကစား ပြတယ် ။ ပြီးရင် အိမ်ပြန် သွား တက်တယ် ။ သူ ဝင်လာ တယ် ။ ပြိုင်ဖက် နဲ့ ရင်ဆိုင် တယ် ။ ပြီးရင် ကစား နေတဲ့ ပုံစံ က ‘ အိုး ဆန်းချက် နဲ့ ရင်ဆိုင် ကစား နေသလို ပါပဲ ‘ လို့ ကျွန်တော် တို့ကို တွေးမိ စေ ပါတယ် ”
” သူဟာ ခက်ခဲ တဲ့ အရာ တိုင်းကို ပေါ့ပေါ့ပါးပါး ပဲ လုပ်ဆောင် ပြသွား တက် ပါတယ် ။ ကျွန်တော် သူ့ရဲ့ စိတ်ဓါတ် ပိုင်း ဆိုင်ရာ ကို အတော်လေး နှစ်သက် လှ ပါတယ် ။ ကျွန်တော် ကွင်းထဲ သွားရင် လည်း အဲ့ဒီ ပုံစံ အတိုင်း ပဲလေ ”
” ကျွန်တော် ဘာ ဂျာစီ ဝတ်ဆင် ထား သလဲ ဆိုတာ အရေး မကြီး ပါဘူး ။ ပြီးတော့ ပြိုင်ဖက် အသင်း ဟာ ဘာ ဂျာစီ ဝတ်ဆင် ထားလို ပါ ဆိုပြီး လည်း ကျွန်တော် ကြောက်ရွ့ံ မနေတက် ပါဘူး ။ ကျွန်တော် ကတော့ တူညီ တဲ့ ပုံစံ တစ်ခု နဲ့ပဲ ကစား နေမှာ ပါ ”
” အခု သူ လုပ်ဆောင် နေတာ လည်း ကျွန်တော် နဲ့ ပုံစံ တူတယ် လို့ပဲ ခံစား ရ ပါတယ် ။ သူဟာ ပြိုင်ဖက် ဘယ်သူ ပဲ ဖြစ်နေ ပါစေ ၊ ကျော်ဖြတ် ရဲတယ် ၊ ဖြတ်ထုတ် ရဲတယ် ၊ ဘောလုံး ယှဉ်လု ရဲ ပါတယ် ။ ဒါ့ကြောင့် လည်း ကျွန်တော် ဟာ သူ့ကို အထူး အမွှမ်းတင် လို နေတာ ပါ ” လို့ ဇာဟာ က အသင်းဟောင်း ယူနိုက်တက် ကစားသမား သစ် ဖြစ်လာ ဖို့ နီးစပ် နေတဲ့ အသင်း ဖော် အကြောင်း ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar

Comments
Post a Comment