ဝမ်ဘစ်စကာ ယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့တဲ့အပေါ်သူတို့တွေရဲ့ထင်မြင်ချက် စကားသံများ

" ဒီကောင်လေးက ဘဝကိုရင်းပြီးဘောလုံးကစားတဲ့
ကောင်လေးတစ်ယောက်ဖြစ်တယ်။ ပွဲတစ်ပွဲပြီးတာနဲ့
သူ့ကို * ကောင်လေး မင်းဘောလုံးကစားတာ အရမ်း
ကောင်းတယ်* လို့တောင်ချီးကျူ းစကားတွေအမြဲဆိုခဲ့ဖူး
တယ်။ သူက လည်းကျွန်တော့်ကို * ဟုတ်ကဲ့။ ကျွန်တော်
ဒီလိုဖြစ်အောင်အမြဲတမ်းကြိုးစားနေတယ်* လို့ပြန်ပြော
လေ့ရှိပါတယ်။ အကယ်၍ သူက ယူနိုက်တက် အသင်းကို
ရောက်သည်ဖြစ်စေ ၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်
အင်္ဂလန်လက်ရွေးစင်အသင်းမှာပဲ ကစားရသည့်ဖြစ်စေ
သူ့ပုံစံကပြောင်းလဲမှုရှိမှာမဟုတ်ဘူး။ ဘယ်အသင်းမှာပဲ
ဖြစ်ဖြစ် သူ့ရဲ့ခြေလှမ်းတွေအတွက် အကောင်းဆုံးစတင်
သွားမယ့် သူပဲ။ "

~ရစ်ချာရှော့~(ခရစ္စတယ်ပဲလေ့စ်U-23 နည်းပြ)

" သူလုပ်နေတဲ့ အလုပ်တွေကိုကျွန်တော့်ဘက်ကတော့
တိတိကျကျတော့ မသိဘူး။ဒါပေမယ့် သူက ပွဲစဉ်တစ်ပွဲ
အတွက်ပြင်ဆင်မှုတွေကို အမြဲတမ်းအကောင်းဆုံးလုပ်
ဆောင်တက်တဲ့သူပဲ ဖြစ်တယ်။ "

~ဇာဟာ~(ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား)

" သူဟာ ယူနိုက်တက် အသင်းရဲ့အမှန်အကန်ဆုံးကစား
သမားဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။
သူက အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးလည်းဖြစ်
ပါသေးတယ်။ သူ့ရဲ့ကစားသမားဘဝမှာ ခံစစ်နေရာကို
မကစားဖူးပေမယ့် သူကစားတဲ့နေရာကိုတိတိကျကျနဲ့
အကောင်းဆုံးကစားနိုင်တဲ့သူပဲ ဖြစ်တယ်။ သူယူနိုက်တက်
အသင်းကိုလာခဲ့ရင် ခြေစွမ်းနဲ့ပတ်သတ်ပြီး ဘာသံသယ
မှ မဖြစ်မိပါဘူး။ သူ့ဘက်ကယူနိုက်တက် အသင်းမှာကစား
ရင် သင်ယူလေ့လာမှုတွေကိုဒီထက်မက လုပ်သွားဖို့ပဲ
လိုမယ်။ "

~အင်ဒီကို~(ယူနိုက်တက် ဂန္တဝင်ကစားသမား)

[𝐀𝐋𝐋 𝐅𝐎𝐎𝐓𝐁𝐀𝐋𝐋]
#နငယ်

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်