ယူနိုက်တက် အသင်းမှာ အဝတ်စားလှယ် ခန်း၊ ကွင်းတွင်း ကွင်းပြင်ဦးဆောင်ပေးနိုင်မယ့်ကစားသ မားမျိုးလိုအပ်တယ်လို ဂယ်ရီနဗီလ်ပြောကြား

" ခင်ဗျာလုပ်ဆောင်တဲ့အလုပ်ကို တစ်ခြားသောသူတွေ က ဝေဖန်နေရတဲ့အကြောင်းအရင်းလား? ကစားသမား တစ်ဦးဖြစ်နေတဲ့အခါမှာ ကိုယ့်ကို သူများတွေမဝေဖန်ခင် ခင်ဗျာကိ်ုယ်တိုင် ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရပါမယ်။

ဒီအလုပ်တစ်ခုကိုလုပ်လို့ ကိုယ့်ရဲ့ကစားသမား ဘဝကိုတိုး တက်စေမလာဆိုတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်းမေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။ နည်းပြတစ်ယောက်ဖြစ်နေတဲ့ အခါ မျိုးမှာ လည်း ကိုယ့်ရဲ့ကစားသမားက အသင်းရဲ့လေ့ကျင့် ခန်းအစီအစဉ်မှာ အပြင်းအထန်လေ့ကျင့်မှုရှိတဲ့ ကစား
သမားကိုပဲ နှစ် သက်ကြပါတယ်။ ကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ အနှ စ်(20) တုန်းက အဖြစ်အပျက်တွေကလုံးဝကို နှစ် သက်မှုရှိတယ်။ အဲ့အချိန်တုန်းက အားလုံးဟာ ညီညွတ်
မှု တွေရှိကြတယ်။ ရာသီကြိုခြေစမ်းပွဲ စဉ် အတွက်တောင် အသည်းအသန်အလုပ်တွေကို ကြိုးစားပြင်ဆင်တက်ပါ တယ်။

အခုခေတ်ကလေးတွေက အပြေးမြန်ကြတယ်။နောက်ပြီး သူတို့တွေက စားကောင်းသောက်ကောင်းတွေ ပိုမို စားသောက်နိုင်ကြပြီး အရက်တွေကိုလည်း သိပ်မသောက် ဖြစ်ကြဘူး။ ပွဲစဉ်တစ်ပွဲမှာ သူတို့က ပျှမ်းမျှအားဖြင့် (13) ကီလိုမီတာ ဒါမှမ ဟုတ် (14) မီတာလောက်ပြေးနိုင်ကြ တယ်။ ကျွန်တော်ကစားသမားဘဝကနေ အနားယူလိုက်ရ တဲ့အကြောင်းအရင်းက  ကျွန်တော်ဟာပြေးရင်ထင် သ လို နေရာကိုရောက်ရှိ တော့တာမဟုတ်ဘူး။ ကုမ္ပဏီ တစ်ခု ဖြစ်စေ၊ ဘောလုံးအသင်းတစ်သင်း မှာဖြစ်စေ အဝတ်စား လှယ်ခန်း၊ ကွင်းတွင်ကွင်းပြင် ကိစ္စမှန် သမျှ ကိုဦး  ဆောင်ပေး
နိုင်မယ့် ကစားသမားကောင်းတွေ ယူနိုက်တက် အသင်း မှာ အရမ်းကိုလိုအပ်တယ်။

 အသင်းမှာ ကြီးမားတဲ့ပြ ဿ နာ တွေရှိနေခဲ့ရင်တောင် ခင်ဗျာဘက်က ဒါကိုဖြေရှင်းပေးနိုင်
မယ့် ကစားသမားကိုလိုအပ်ပါတယ်။

ယူနိုက်တက်အသင်းမှာ အုပ်ထိန်းပေမယ့် ကစားသမားမျိုး မရှိသေးဘူး။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် စတိုင်လ်အရမ်းကျတဲ့ ကစားသမားလိုပြောရင် မာတာလို့ပဲပြောပါရစေ။
ဟာရဲယားရှိတုန်း က တိုမီနေးကိုအကောင်းဆုံးကစားသမား တစ်ဦးဖြစ်စေဖို့ သူ့ဘက်ကလွမ်းမိုးမှု တွေရှိပါတယ်။ ဒါပေမယ့် အခုဆို ဘယ်ကစားသမားတွေကမှ ဒီလိုလွမ်းမိုးမှုမရှိ ပါဘူး။ ကျွန်တော့်ရဲ့ကစားသမားဘဝတုန်းကဆိုရင် အသင်းကိုအုပ်ထိန်းပေးမယ့် ကစားသမား(3) ဦးဒါမှ မဟုတ် အုပ်စု(3) စုရှိပါတယ်။ အဲ့တုန်းကအသင်းမှာ လူငယ် ကစားသမားတွေကိုအုပ်ထိန်းဖို့အတွက် ကစားသမား တစ်ဦးနောက်ပြီး အလယ်အလတ်ကစားသမားနဲ့ စီနီယာကစားသမားတွေကိုအုပ်ထိန်း ပေးမယ့် ကစားသမားတစ်ဦးချင်းစီရှိခဲ့ ကြပါတယ်။ ကျွန်တော်တို့လူငယ်ကစား သမားဘဝတုန်းကဆို ရင် ရွိုင်ကင်းနဲ့ပေါ့လ်အင့်စ်တို့က ကျွန်တော်တို့ကို အုပ်ထိန်းပေးကြတဲ့ သူတွေပဲဖြစ်ကြ
တ ယ်။ "

[𝐌𝐄𝐍]
#နငယ်

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်