ရာသီကြိုခြေစမ်းပွဲမှာကတည်းက အသင်းအတွက်အကောင်းဆုံး ကစားပေးကြဖို့ အသင်းသား တွေကိုတိုက်တွန်းစကားဆိုသွားခဲ့သည့် တိုမီနေး

" ခြေစမ်းပွဲ ပွဲစဉ်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ကိုယ့်ဘက်
က အသင်းကြီးနဲ့တွေ့ဆုံရသလိုပုံစံနဲ့ အကောင်းဆုံးကစား
ပေးဖို့တော့လိုအပ်ပါတယ်။ ဒါပေမယ့်ပေါ့တိပေါ့ဆနဲ့ကစား
ရင် ခက်ခဲမှုဆိုတာနေရာမရွေး၊ အချိန်မရွေးဖြစ်ပေါ်လာ
တက်ပါတယ်။

ဒါပေမယ့် ပိုပြီးတော့အရေးကြီးတာကတော့
အသင်းကြီးတွေနဲ့တွေ့ဆုံတဲ့ အခါမျိုးမှာ ကိုယ့်ဘက်က
ကြံ့ခိုင်မှုအပြည့်နဲ့ အသင်းကိုအကူအညီပေးနိုင်ဖို့က
ပိုပြီးတော့အရေးကြီးပါတယ်။ ဒါကြောင့် ခြေစမ်းပွဲလို့ပြော
ပေမယ့် တွေ့ဆုံရမယ့် တစ်ချို့အသင်းတွေက အသင်းကြီး
တစ်သင်းဖြစ်နေတာကြောင့် ကျွန်တော်တို့အတွက်အမှန်
တကယ်ကောင်းလာမယ့် ပွဲစဉ်ဖြစ်လာမှာပါ။

ကျွန်တော်တို့တွေရာသီကြိုခြေစမ်းပွဲအတွက် ပွဲစဉ်စတင်
တဲ့အခါမှာ နည်းပြနဲ့အတူအလုပ်တွေကိုသေသေချာချာ
လုပ်ကိုင်ရပါတယ်။ ရာသီကြိုခြေစမ်းပွဲအတွက် ခရီးစဉ်ကို
လိုက်ပါလာကြမယ့် လူငယ်တွေအတွက်လည်း အရမ်း
ကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာတော့မှာပါ။ စီနီယာကစား
သမားတွေနဲ့ အတူတူလေ့ကျင့်ခွင့်ရလို့သူတိုဆီမှာပျော်ရွှင်
မှုနဲ့စိတ်လှုပ်ရှားမှုတွေပြည့်နက်နေမှာပါ။

သူတို့တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီလိုခရီးတွေက
အရမ်းကိုအရေးပါ အရာရောက်ပါတယ်။ စီနီယာအသင်း
မှာ ကိုယ့်ရဲ့ခြေစွမ်းတွေဘယ်လောက်အထိရှိနေလဲဆိုတာ
ကိုလည်းပြသနိုင်မယ့် ပြိုင်ပွဲတစ်ပွဲလည်းဖြစ်တယ်။
ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ ကိုယ့်ဘက်က
ပွဲစဉ်တစ်ပွဲကိုကစားရင်ယုံကြည်မှုတွေရှိနေဖို့ပဲ ဖြစ်တယ်။
ယုံကြည်ရှိရှိနဲ့ နည်းပြစိတ်ကြိုက်ကစားရင် အတွေ့အကြုံ
တွေဒီထက်မက ပိုရှိလာမှာပါ။ "

[MU Offical websites ]
#နငယ်

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်