ပေါ့ဘာ ထွက်ခွာသွားပါက ယူနိုက်တက် တို့ ခေါ်ယူသင့်တဲ့ ကစားသမား လေးဦး နာမည်ကို ပြောကြားလိုက်တဲ့ #ကော်လီမိုး

လီဗာပူး အသင်း ရဲ့ တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုး က ပေါ့ဘာ သာ ထွက်ခွာ သွားပါက မန်ယူနိုက်တက် အသင်း ခေါ်ယူသင့်တဲ့ ကစားသမား လေးဦး နာမည် ပြောကြား လိုက်ပြီး ပေါ့ဘာ ရဲ့ နိုင်ငံ လက်ရွေးစင် အသင်းဖော်အပြင် အာဆင်နယ် လူငယ် ကစားသမားလည်း ပါဝင်လာပါတယ် ။

မန်ယူနိုက်တက် ရဲ့ ကွင်းလယ် ကြယ်ပွင့် ကစားသမား ပေါ့ဘာ ဟာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်ကြောင်း ထုတ်ဖော် ပြောကြား ထားပြီး သူ့ ကို ခေါ်ယူဖို့ အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းက စိတ်ဝင်စား နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ကော်လီမိုး က Daily Mirror မှာ ပြောကြား ခဲ့ရာတွင် ယူနိုက်တက် အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ဒ် အနေနဲ့ ပေါ့ဘာ သာ ထွက်ခွာသွားပါက ချဲလ်ဆီး အသင်း ကွင်းလယ်လူ ကန်တေ ၊ ဝက်စ်ဟမ်း ကွင်းလယ် ကြယ်ပွင့် ဒီကလန် ရိုက်စ် ၊ လက်စတာ ကွင်းလယ်လူ မက်ဒီဆင် ၊ အာဆင်နယ် ကွင်းလယ်လူ ဂွမ်ဒူဇီ တို့ကို ခေါ်ယူသင့်ကြောင်း ဆိုပါတယ် ။

ကော်လီမိုး က ” ပေါ့ဘာ က ပြင်သစ်အသင်းမှာဆို ကန်တေ နဲ့ တွဲကစားရတော့ ခြေစွမ်းက လျှမ်းလျှမ်းတောက်ပါပဲ ။ ကန်တိုနာ နဲ့ ဒက်စ်ချမ့် အတွဲကိုတောင် ပြန်ပြီး အမှတ် ရမိပါတယ် ။ ယူနိုက်တက် က ပေါ့ဘာ ခြေစွမ်းကောင်းတွေ ပြသနိုင်အောင် ကူညီပေးနိုင်မယ့် ကစားသမားကို ခေါ်ယူထားနိုင်ခြင်း မရှိပါဘူး ။ ”

” ပေါ့ဘာ ဘေးနားမှာသာ ထိပ်တန်း ကစားသမား တစ်ဦး ရှိရင် သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ကျိန်းသေပေါက် မြင်ရမှာပါ ။ အက်ဝုဒ်ဝက် ကတော့ ပေါ့ဘာကို လက်လွှတ်ချင်မှာမဟုတ်ပါဘူး ၊ ရီးရဲလ် မက်ဒရစ် (သို့မဟုတ် )ဂျူဗင်တပ်စ် တို့က အနည်းဆုံး ပေါင် သန်း ၁၅၀ လောက်ပေးမှ ရောင်းမယ့်ပုံပါပဲ ။ ”

” ပေါ့ဘာသာ ထွက်ခွာ သွားမယ်ဆိုရင် ကစားသမား နှစ်ဦးလောက် ပြန်ခေါ်ရမှာပါ ။ ချဲလ်ဆီး အသင်းက ကန်တေ ကော ဝက်စ်ဟမ်း က ရိုက်စ် ကိုကော ခေါ်ဖို့ ခက်ခဲမှာပါ ။ သူတို့ နှစ်ဦးကိုသာ ပေါ့ဘာ နဲ့ တွဲပေးလိုက်ရင် ယူနိုက်တက် ကွင်းလယ်က အများကြီး ကောင်းသွားမှာပါ ။ ”

” ပေါ့ဘာ နေရာ အစားထိုးဖို့ဆိုရင် ဆိုးလ်ရှား အနေနဲ့ ရင်းနှီး မြှပ်နှံမှု အများကြီး လုပ်ရမှာပါ ။ ပြီးခဲ့တဲ့ ရာသီတွေတုန်းက ကစားသမား ခေါ်ယူမှုတွေနဲ့ မတူညီတဲ့ နည်းလမ်းကို လျှောက်လှမ်းဖို့ အကြံ ပေးချင်ပါတယ် ။ ”

” ဂွမ်ဒူဇီ ၊ ဒီကလန်ရိုက်စ် ၊ မက်ဒီဆင် တို့ဆို ယူနိုက်တက် ကို ရေရှည် အကျိုးပြု နိုင်မယ့် ကစားသမားတွေပါ ။ သူတို့လို ငယ်ရွယ်ပြီး အရည်အသွေးကောင်းတွေရှိတဲ့ ကစားသမားလေးတွေကို ခေါ်ယူ သင့်ပါတယ် ။ သုံးယောက်စလုံးကို ခေါ်ယူ နိုင်ခဲ့ရင်တော့ အကောင်းဆုံးပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်