ယူနိုက်တက်အသင်းကိုကြည့်ရတာ အိုင်ဖုန်းတစ်လုံးကို နိုကီယာအားသွင်းကြိုးနဲ့ မီးအားသွင်းနေသလိုပါပဲ”

-လင်ဒီဂတ်
(ယူနိုက်တက်ဂိုးသမားဟောင်း)

"
ပြောရရင် ကျွန်တော်တို့က ခေတ်သစ်တစ်ခုနောက်ကို လိုက်ရောညီထွေ လိုက်မပြောင်းလဲနိုင်လိုက်သလိုပါပဲ။
ဖာဂူဆန် လက်ထဲကနေ မိုရက်စ်လက်ထဲ ရောက်သွားတဲ့ယူနိုက်တက်အသင်းက ဘာနဲ့တူလဲဆိုတော့ အိုင်ဖုန်းတစ်လုံးကို နိုကီယာအားသွင်းကြိုးနဲ့ မီးအားသွင်းနေသလိုပါပဲ။
ဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်ကို ဘယ်သူက ပြန်လည်ဦးမော့လာအောင်လုပ်ပေးနိုင်မှာလဲ..။
မိုရက်စ်ကစလို့ နောက်ပိုင်း မန်နေဂျာတွေအားလုံးကို လက်ညှိုးထိုး အပြစ်တင်ရတာကတော့ လွယ်ပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းကို လိုက်ပြီးတော့ ကျွန်တော် လက်ညှိုးထိုးမနေချင်ပါဘူး။ ဒါက မမှန်ဘူးလို့လည်း ထင်ပါတယ်။

အသင်းမှာ ရလဒ်ဆိုးတွေရလာတိုင်း အသံတွေထွက်လာတတ်တယ်။ မန်နေဂျာကို အစားထိုးရမယ်၊ အသင်းမှာရှိတဲ့ လူတစ်ဝက်လောက်ကို ရောင်းရမယ်၊ လူသစ်တွေအများကြီးဝယ်ရမယ်။ အဲ့လိုမျိုးတွေလက်တွေ့ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။

ကျွန်တော်အနေနဲ့ကတော့ ရလဒ်ဆိုးတွေအတွက် ကျွန်တော်အပါအဝင် အသင်းမှာရှိတဲ့လူတိုင်းကို လက်ညှိုးထိုးချင်ပါတယ်။ မန်နေဂျာတစ်ယောက်ထဲကို ဝိုင်းအပြစ်ပြောတာ အဖြေမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးမှာ အပြစ်ရှိခဲ့ကြပါတယ်။

အားလုံးကတော့ ယူနိုက်တက်ကို အရင် ဖာဂူဆန်လက်ထက်တုန်းကလို မပြောင်းလဲပဲဆက်ရှိနေမယ်၊ အောင်မြင်မှုတွေဆက်ရနေမယ်လို့ ထင်နေကြမှာပါ။ ဒါပေမယ့် ဒါတွေအားလုံးဟာ ပုံရိပ်ယောင်တွေပါ။

ကလပ်အသင်းက ခေတ်မီပြောင်းလဲမှုတွေပြုလုပ်ဖို့လိုတယ်လို့ ထင်ပါတယ်။ ယူနိုက်တက်အသင်းဆိုတာ သမိုင်းကြောင်းကြီးကြီးမားမားနဲ့ ခိုင်မာတဲ့ ရိုးရာတစ်ခုရှိခဲ့တဲ့အသင်းပါ။ အထူးသဖြင့် ယူနိုက်တက်လို အောင်မြင်မှုအများကြီးရခဲ့ပြီး ကြီးမားလှတဲ့ ရိုးရာတစ်ခုကို ပြောင်းလဲဖို့ဆိုတာ မလွယ်ကူလှပါဘူး။

ဒါပေမယ့် ခေတ်သစ်ဘောလုံးလောကမှာ အသင်းတစ်သင်းအနေနဲ့ အမြဲပုံဖော်နေရမယ့် ဒဿနတစ်ခုရှိဖို့လိုအပ်ပါတယ်။ အဲ့ဒီ ဒဿနကို မန်နေဂျာတစ်ဦးတစ်ယောက်က သတ်မှတ်ရမှာမဟုတ်ပါဘူး။ အသင်းက ခိုင်မာတဲ့ ပေါ်လစီနဲ့အတူ သတ်မှတ်ရမှာပါ။

အဲ့လိုမှမဟုတ်ရင်တော့ မန်နေဂျာတစ်ယောက်ပြောင်းလိုက်၊ အဲ့မန်နေဂျာအကြိုက် အသင်းတစ်သင်းစာလောက် လူအသစ်ဝယ်လိုက်နဲ့ပဲ အသင်းက လုံးလည်ချာလည်လိုက်နေမှာပါ။

လက်ရှိယူနိုက်တက်မှာ ခိုင်မာတဲ့ ဒသနတစ်ခုရှိနေပြီးသားလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အပြင်လူတွေအနေနဲ့တော့ ကြည့်ရတာ သိပ်ပြီးမြင်သာထင်သာမရှိလှပါဘူး။

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ပြန်လည်တည်ဆောက်ဖို့ လူမှန်တစ်ယောက်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ အသင်းသမိုင်းကြောင်း၊ ရိုးရာတွေကို ကောင်းကောင်းသိပြီး ယူနိုက်တက် DNA ရှိတဲ့ သူတစ်ယောက်ပါ။
ဒါပေမယ့် မအောင်မြင်ခင်မှာတော့ အချက်တစ်ချက်ကို လက်ခံရပါမယ်။ အဲ့ဒါကတော့ အချိန်ပေးရမယ်ဆိုတာပါပဲ။
လက်တွေ့ကျကျပြောရရင် ယူနိုက်တက်ကို အရင်လိုအခြေအနေဖြစ်အောင်တည်ဆောက်ဖို့ နှစ်အနည်းငယ်တော့ ကြာပါလိမ့်မယ်။ လီဗာပူးလ်အသင်းဆို သူတို့ အခုလို အခြေအနေမရောက်ခင် အချိန်ဘယ်လောက်ယူခဲ့ရလည်း ပြန်ကြည့်လိုက်ပါ။

ဆိုးလ်ရှားကို ရေရှည်မှာ အောင်မြင်မှုရစေချင်ရင်တော့ ကျွန်တော်တို့အနေနဲ့ လက်ရှိအခြေအနေကိုလက်ခံပြီးတော့ စိတ်ရှည်ရှည်ထားပေးဖို့ လိုမယ်လို့ထင်ပါတယ်။

~ လင်ဒီဂတ်နှင့် Evening Standard တို့ပြုလုပ်တဲ့ အင်တာဗျူးမှ ကောက်နှုတ်ချက် ~

လင်ဒီဂတ်ကိုမှတ်မိကြတဲ့သူတွေရှိကြသေးလား

#MUFP

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်