လူကာကူ အတွက် အင်တာရဲ့ အလန်းစား ကမ်းလှမ်းမှုကို ပယ်ချလိုက် ပြန်တဲ့ #ယူနိုက်တက်

ပရီးမီးယား လိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အင်တာ မီလန် အသင်း ဖက်မှ တိုက်စစ် မှူး လူကာကူ အတွက် အီကာဒီ ( သို့မဟုတ် ) နိုင်ဂိုလန် + ငွေကြေး ဆိုတဲ့ ကမ်းလှမ်း မှု တစ်ရပ် ကို ပယ်ချ လိုက် ပြန်တယ် လို့ သိရှိ လိုက်ရ ပါတယ် ။
 
ESPN ရဲ့ ဖော်ပြချက် အရ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ တိုက်စစ်မှူး ရိုမီလူ လူကာကူ အတွက် ကစားသ မား အလဲအထပ် ပြုလုပ် ကမ်းလှမ်း ခံရ ခြင်းထက် ယူရို သန်း 80 ရရှိ နိုင်ရေး ကိုသာ အဓိက ထား နေတယ် လို့ သိရှိ ရ ပါတယ် ။


အင်တာ မီလန် အသင်း ရဲ့ နည်းပြ သစ် ဖြစ်လာ သူ အန်တိုနီယို ကွန်တီ က ချဲလ်ဆီး ကို ကိုင်တွယ် ခဲ့စဉ် တုန်းက ယူနိုက်တက် အသင်း ဆီ လက်လွှတ် ခဲ့လိုက် ရတဲ့ လူကာကူ ဒီနွေ အပြောင်း အရွှေ့ အတွင်း အရ ခေါ်ယူ လိုနေ ခဲ့ ပါတယ် ။

ဒါပေမယ့် ဘယ်လ်ဂျီယံ လက်ရွေးစင် အတွက် ယူနိုက်တက် မှ အလိုရှိ နေတဲ့ ပြောင်းရွှေ့ ကြေးဟာ အရမ်း ကို များပြား နေခဲ့ တဲ့ အတွက် ကွန်တီ က တိုက်စစ်မှူး အီကာဒီ ( သို့မဟုတ် ) ကွင်းလယ်လူ နိုင်ဂိုလန် + ငွေကြေး အနည်းငယ် နဲ့ ခေါ်ယူ လိုနေ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် ဖက်မှ ကစားသမား ဖြစ်သူ အတွက် ငွေသား သီးသန့် ကိုသာ အလိုရှိ နေတာ ကြောင့် အဆိုပါ အပြောင်း အရွှေ့ ဟာ အင်တာ တို့ကို လက်တလော အကြပ်ရိုက် စေနေ တာပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ လွန် ခဲ့တဲ့ နှစ်နှစ် တုန်းက လူကာကူ အတွက် အဲဗာတန် အသင်း ကို ပြောင်းရွှေ့ ကြေး ယူရို 85 သန်း ပေးချေ ခဲ့ရ တာကြောင့် ဆိုးလ်ရှား က အဆိုပါ ပမာဏ နဲ့ နီးစပ် တဲ့ ကိန်း ဂဏန်း တစ်ခု ကို ပြန်လည် ရယူ လိုနေ တာပဲ ဖြစ် ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း အရ တော့ အေးဂျင့် ဖက်ဒရီကို ပတ်စတိုရယ်လို က ဗုဒ္ဓဟူး နေ့မှာ အင်တာ နည်းပြ သစ် ကွန်တီ နဲ့ တွေ့ဆုံ ခဲ့ပြီး လူကာကူ အပါအဝင် အခြား ကစားသမား တွေ ဖြစ်ကြ တဲ့ ဗယ်လန်တီနို လာဇာရို ၊ အီဒိုရာဒို ဘာဂါနီ တို့ အတွက် ပါ ဆွေးနွေး ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

လာဇာရို ဟာ ဟာသာဘာလင် အသင်း မှာ ကစား နေတဲ့ ကွင်းလယ် ကစားသမား ဖြစ်ပြီး ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်း အတွက် ကိုယ်တိုင် 3 ဂိုးသွင်း ၊ 6 ကြိမ် အထိ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ တဲ့ အတွက် ကွန်တီ ရဲ့ စိတ်ဝင်စား မှုကို ရရှိ နေခဲ့ တာပဲ ဖြစ် ပါတယ် ။

အီဒိုရာဒို ဘာဂါနီ ကတော့ အီတလီ U17 အသင်း အတွက် ပါဝင် ကစားပေး နေတဲ့ အသက် 18 နှစ် အရွယ် တိုက်စစ် မှူး တစ်ဦး ဖြစ်ပြီး ရိုးမား အသင်း မှ ဒီဇီကို ရဲ့ နေရာ ကို အစား ထိုးဖို့ အတွက် စောင့်ကြည့် နေသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။

#Sports_Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်