လူမှုကွန်ယက်ပေါ်မှာ ပေါက်ကရ Post တင်တက်တဲ့ လင်ဂတ်ကိုရောင်းထုတ်မယ့် စာရင်းမှာထည့် သွင်းဖို့ ယူနိုက်တက်ကိုတိုက်တွန်းခဲ့သည့်Ian Holloway
ခရစ္စတယ်ပဲလေ့စ်၊ QPR အသင်းတို့တွင် နည်းပြအဖြစ်
ကိုင်တွယ်ခဲ့ဖူးသည့် နည်းပြဟောင်း Ian Holloway က
Instagram ပေါ်တွင် ပေါက်ကရ ဗီဒီယိုများတင်လေ့ရှိသည့်
တောင်ပံ ကစားသမားလင်ဂတ်ကိုရောင်းထုတ်မယ့်
ကစားသမားစာရင်းတွင်ထည့်သွင်းရန် ယူနိုက်တက်အသင်း
ကိုတိုက်တွန်းစကားဆိုသွားခဲ့ကြောင်းသိရသည်။
Ian Holloway က ယင်းကိစ္စနှင့်ပတ်သတ်ပြီး" ခင်ဗျာဟာ
ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်လာတဲ့အခါမှာ
ကိုယ့်ရဲ့နိုင်ငံကိုလေးစားမှုတွေရှိရမယ်။နောက်ပြီး နိုင်ငံ
တိုင်းအပေါ်မှာလည်း လေးစားမှုရှိရပါမယ်။ လင်ဂတ် က
ဖာဂူဆန်ခေတ်လောက်မှာကတည်းက အသင်းမှာရှိလာ
ခဲ့တဲ့သူဖြစ်တယ်။ ဒါကြောင့် အားလပ်တဲ့အချိန်တွေကို
ဘယ်လိုအသုံးချသင့်လဲဆိုတာ သူသိသင့်တယ်။
သူတင်ထားတဲ့ လူမှုကွန်ယက်ပေါ်က ဗီဒီယိုတွေကို
ကြည့်ဖြစ်တယ်။ သူတင်တာတွေက လေးစားမှုမဲ့ပြီးပေါက်
ကရ ဗီဒီယိုတွေကများပါတယ်။ သူတင်တဲ့ ဗီဒီယိုတွေကို
သူ့ရဲ့နည်းပြ၊ သူ့ရဲ့အသင်းဖော် နောက်ပြီး အသင်းတာဝန်
ရှိတဲ့သူတွေသာမြင်ရင် သူ့ကိုလေးစားမှုတွေနည်းလာမှာ
ပါ။
သူဟာ အသင်းမှာဘယ်လိုကစားသမားဖြစ်လဲဆိုတာကို
မေ့နေပုံရတယ်။ အထူးသဖြင့်ဘဝမေ့နေတဲ့ ပုံစံပေါ့ဗျာ။
သူအခုအသင်းနဲ့ စာချုပ်သက်တမ်းတွေရှိနေတယ်လို့သိ
ထားပေမယ့် အခုလိုပေါက်ကရတွေလုပ်နေလို့ကတော့
သူ့ကိုရောင်းထုတ်မယ့်စာရင်းမှာထည့်ပြီး မြန်မြန်ရောင်း
ထုတ်ဖို့လိုပါတယ်။ "
[talkSPORT]
#နငယ်
Credit; Manchester United Daily News

Comments
Post a Comment