ယူနိုက်တက်ရဲ့ အဓိကပြသနာကို ထောက်ပြလိုက်ပြီး အသင်းကို ပြန်လည်တည်ဆောက်ရာမှာ Top 6 မန်နေဂျာ တစ်ဦးကို အတူယူရန် ဆိုးရှားကို တိုက်တွန်းလိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီးက အိုလီဂန်နာ ဆိုးရှား အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နိယာမ နဲ့ ကိုက်ညီခြင်း မရှိတဲ့ ဘယ် ကစားသမားကို မဆို ဖယ်ရှားပစ်ရမယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက စိတ်ပျက်စရာ အခြေအနေကို ပိုင်ဆိုင် ခဲ့ကာ ပရီးမီးယားလိဂ် မှာ အဆင့် ၆ နေရာသာ ရရှိ ခဲ့သလို ဖလားလက်မဲ့လည်း ဖြစ်ခဲ့တာကြောင့် ယခုနွေရာသီမှာ ကလပ်ရဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့ ကစားသမား အချို့ကို ရှင်းထုတ်ဖို့ ရှိနေပါတယ်။

နဗီးက အသင်းမှာ ဦးဆောင်သူ ကင်းမဲ့ နေတာဟာ အဓိက ပြသနာလို့ သတ်မှတ်လိုက်ပြီး သူ ယူနိုက်တက် မှာ ကစား ခဲ့တဲ့ အချိန်နဲ့ ယှဉ်ကာ ပြောပြလိုက်ပါတယ်။

နဗီး က “ကျွန်တော် ယူနိုက်တက် မှာ ကစား ခဲ့စဉ်က အသင်းမှာ အမြဲတမ်း အုပ်စု ၃ ခု ရှိခဲ့ပါတယ်။ အုပ်ထိန်းသူ အုပ်စု ၊ အလယ်အလတ်တန်း အုပ်စု နဲ့ လူငယ် အုပ်စု ဆိုတာ ရှိပါတယ်။ ကျွန်တော် ပထမ အသင်းမှာ နေရာ စရလာတုန်းက ကလပ်မှာ ပေါလ်အင့် နဲ့ ရွိုင်ကိန်း တို့လို ကစားသမားတွေ ရှိနေပြီး ဆိုးဆိုးရွားရွား ဘောလုံးပေးပို့မှု တစ်ကြိမ် လုပ်ခဲ့ရင် ဒါဟာ လုံးဝကို ရာဇဝတ်မှုပါပဲ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခုဆိုရင် အဲဒီလို အုပ်ထိန်းသူတွေ ရှိမနေ ပါဘူး။ လုံးဝကို မရှိတာပါ။ ပရော်ဖက်ရှင်နယ် ကစားသမားကောင်း အချို့တော့ ရှိနေပါတယ်။ ဟွမ်မာတာ လိုမျိုး ၊ ယူနိုက်တက် မှာ ဟာရဲရား ကစားခဲ့စဉ် လိုမျိုး ဖြစ်ပြီး စကော့ မက်တိုမီနေးဟာလည်း လူကောင်းလေး တစ်ဦး ဖြစ်ကာ ကစားလိုစိတ် ပြင်းထန် ပါတယ်။

ဒါပေမယ့် သူတို့ဟာ ယူနိုက်တက် ရဲ့ အဝတ်လဲခန်း ထဲမှာ အရင်က လူတွေလိုမျိုး လွှမ်းမိုး နိုင်စွမ်း ရှိတယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဒါဟာ တကယ့် ပြသနာ ပါပဲ။ ဘယ်လုပ်ငန်း မဆို ၊ ဘယ် ဘောလုံး အသင်းမှာ မဆို လွှမ်းမိုး နိုင်တဲ့ သူတွေ ၊ လွှမ်းမိုး နိုင်တဲ့ ကစားသမားတွေ မရှိဘူး ဆိုရင် တကယ့်ကို ပြသနာ ဖြစ်လာမှာပါ။ ဒီအတွက် ရှင်းထုတ်မှုတွေ လုပ်ရမှာပါ။” လို့ဆိုသွား ပါတယ်။

နဗီးဟာ ယူနိုက်တက် ကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ဆိုးရှား ကို တွန်းအားတွေ ပေးနေတာ ဖြစ်ပါတယ်။ နဗီးက သူ့ရဲ့ အသင်းဖော် အနေနဲ့ Top 6 ပြိုင်ဘက် မန်နေဂျာ တစ်ဦးကို ဥပမာ တစ်ခု အနေနဲ့ မှတ်ယူ ရမယ်လို့ ဆိုလိုက်ပါတယ်။ နဗီး က သူ့ရဲ့ အသင်းဖော်ဟောင်း ဆိုးရှား အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ငွေကြေး လုံး၀ မသုံးစွဲဘဲ စပါး အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက် နိုင်အောင် စွမ်းဆောင် ပေးခဲ့တဲ့ မော်ရီစီယို ပိုချက်တီနို ကို အတုယူရန် တိုက်တွန်း သွားပါတယ်။

နဗီး က “ကျွန်တော် အိုလီကို အရမ်း နှစ်သက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ရဲ့ မူဝါဒ နဲ့ ကိုက်ညီခြင်း မရှိဘူးလို့ သူ ခံစားမိတဲ့ ဘယ်သူ့ကို မဆို ဖယ်ရှား ပစ်ရမှာပါ။ ပိုချက်တီနို တော့တင်ဟမ် ကို စရောက်တဲ့ အချိန်ကို ကျွန်တေ်ာ မှတ်မိ နေပါသေးတယ်။ ကျွန်တော် သူ့ဆီတောင် သွားခဲ့ပါတယ်။ သူ့ရဲ့ အသင်းမှာ ပိုချက်တီနို နဲ့ အလုပ်အတူ တွဲလုပ်လိုတဲ့သူ ၊ သူနဲ့ အလုပ်မလုပ် ချင်တဲ့သူ ဆိုပြီး ၂ဖွဲ့ ကွဲနေ ပါတယ်။

အခု တော့တင်ဟမ် ကို ကြည့်လိုက်ပါ။ သူဟာ ပထမ ၂ နှစ် ၃ နှစ် မှာတင် သူ့ကို ကူညီ ပေးလိုတဲ့ သူတွေနဲ့ အကောင်းဆုံး လုပ်နိုင် ခဲ့ပါတယ်။ ဒါမေပယ့် သူဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် အချို့ကို ချမှတ် ခဲ့ရပါတယ်။ ကလပ်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့ အတွက် ငွေကြေး ဆုံးရှုံး ခံရတာတွေ ရှိခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက် တို့ လုပ်သွား ရမယ့် ပုံစံမျိုး ပါပဲ။” လို့ ဆိုလိုက် ပါတယ်။

Credit; Sport Myanmar

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်