United ကစားသမားတစ်ယောက်ဖြစ်လာပြီဖြစ်တဲ့ Daniel James
အသက် 21 နှစ်အရွယ် Wales တောင်ပံကစားသမား Daniel James ဟာ ဗုဒ္ဓဟူးနေ့ နေ့လည်မှာ United အသင်းရဲ့ တရားဝင်ကစားသမားဖြစ်လာခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ United အသင်းအတွက် ပထမဆုံးခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ United အသင်းနဲ့ James တို့ရဲ့ ပထမဆုံး အင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။
🔴 Daniel ရေ၊ Manchester United ကနေ ကြိုဆိုပါတယ်။ United ကစားသမားတစ်ယောက်ဖြစ်လာပြီဆိုတော့ ဘယ်လိုခံစားနေရသလဲ။
ကျေးဇူးတင်ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော့်အတွက်တော့ တစ်ကယ်ကို အိပ်မက်ဆန်ပါတယ်။ လူငယ်တိုင်းနီးပါးက Man Utd အသင်းမှာကစားရဖို့ စိတ်ကူးယဉ်ခဲ့ကြဖူးမှာပါ။ ကျွန်တော်ကတော့ United အသင်းနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ဖို့မတွေးခဲ့ဖူးသလို United အသင်းအတွက် ကစားပေးရမယ်လို့လည်း စိတ်ထဲမရှိခဲ့ဖူးပါဘူး။ ဒါကြောင့်မလို့ အိပ်မက်ဆန်တယ်လို့ပြောတာပေါ့။ ပြီးတော့ ကျွန်တော်အခု United ကစားသမားဖြစ်လာတဲ့အတွက် အရမ်းကိုပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေတယ်ဗျ။ အသင်းနဲ့အတူပူးပေါင်းဖို့ကိုလည်း မစောင့်နိုင်လောက်အောင်ပါပဲ။
🔴 မင်းရဲ့ကစားသမားဘဝတစ်လျှောက်မှာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အပြောင်းအလည်းတွေ ကြီးကြီးမားမားဖြစ်ခဲ့တယ်နော်။ အဲ့နှစ်တွေကို ပြန်ကြည့်လိုက်ရင် ဒီကိစ္စတွေက အရမ်းကို မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတယ်လို့ မင်းမြင်လား။
အဲ့အတိုင်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီအစတုန်းက ပထမအသင်းကြီးမှာ ပွဲအများကြီးကစားရမယ်လို့ မထင်ခဲ့ဘူးဗျ။ နှစ်အစပိုင်းတုန်းက မန်နေဂျာရဲ့ရုံးခန်းကိုသွားပြီး အငှားထွက်ကစားချင်တယ်လို့ပြောခဲ့သေးတယ်။ အဲ့မှာ သူကသဘောမတူပဲ မင်းက ဒီနှစ်မှာ အသင်းရဲ့ အစိတ်အပိုင်းတစ်နေရာကနေ ပါဝင်ရမယ်ဆိုပြီးပြန်ပြောတယ်။ ဒါနဲ့ပဲ ရုံးခန်းထဲကပြန်အထွက်မှာ စဉ်းစားမိသေးတယ် ဟုတ်လို့လားပေါ့။ ဒီလိုနဲ့ပဲ Swansea အသင်းကြီးအတွက် ပွဲတွေအများကြီးကစားပေးဖို့ အခွင့်အရေးရခဲ့တယ်။ တစ်ကယ်ကိုကောင်းမွန်တဲ့ ခြောက်လပါပဲ။ Wales အသင်းအတွက်လည်း ပွဲဦးထွက်ကစားခွင့်ရခဲ့တာ တစ်ကယ်ကိုကောင်းမွန်တဲ့အရာပါ။
🔴 ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ မင်းအတွက် တော်တော်လေးတိုးတက်မှုရှိတဲ့ ရာသီတစ်ခုရခဲ့တယ်။ ဒီလို ကြီးကြီးမားမားတိုးတက်လာတာဟာ ဘာကြောင့်လို့ထင်လဲ။
စစချင်းတုန်းကတော့ ကျွန်တော် စိုးရိမ်မှုတွေရှိနေတယ်။ သူများတွေ ကျွန်တော့်ကိုဘယ်လိုတွေးထင်နေမလည်းဆိုတာကို ကျွန်တော်လိုက်စဉ်းစားနေမိတာဗျ။ ဒါပေမယ့် အိမ်ကွင်းမှာ ပထမဆုံးပွဲကစားရတော့ ဒါတွေ မရှိတော့ဘူး။ နည်းပြကြီးကလည်း ကျွန်တော့်အပေါ် ယုံကြည်မှုရှိပါတယ်။ ကစားစရာရှိတာကိုသာ အကောင်းဆုံးကစားဖို့မှာတယ်။ ကျွန်တော်ထင်တယ် အဲ့ကနေပဲ ကျွန်တော်ယုံကြည်မှုတွေရလာပြီး တစ်ပွဲပြီးတစ်ပွဲ ပိုမိုလေ့လာသင်ယူလာခဲ့တော့ မြန်မြန် တိုးတက်လာတာဖြစ်မယ်။
🔴 မင်းကစားတာကို မမြင်ဖူးသေးတဲ့ ပရိတ်သတ်တွေအတွက်ကော မင်းကစားပုံကို ဘယ်လိုဖော်ပြမလဲ။
ကျွန်တော်က တိုက်ရိုက်ဆန်တဲ့ ကစားသမားလို့ပဲပြောချင်တယ်။ ကျွန်တော့်ခြေထဲမှာ ဘောလုံးကိုထားပြီး ပြိုင်ဘက်ကို လိမ်ခေါက်ကျော်ဖြတ်ပြတာမျိုးကို ကျွန်တော်မကြိုက်ဘူး။ ကျွန်တော်က တော်တော်လေး လျင်လျင်မြန်မြန်ရွေ့လျားနိုင်တဲ့ ကစားသမားမျိုးပါ။
🔴 ပြီးခဲ့တဲ့ရာသီမှာ ရှေ့တန်း နေရာသုံးမျိုးစလုံး ကစားခဲ့တယ်နော်။ ဒီလို နေရာစုံကစားနိုင်မှုက ပွဲတစ်ပွဲအတွက် ဘယ်လောက်ထိအရေးပါလဲ။
ဟုတ်တယ်၊ ဒီလို နေရာစုံရွေ့လျားကစားနိုင်မှုက အရေးပါတယ်လို့ ကျွန်တော်ထင်တယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာပေါ့။ ကစားသမားတော်တော်များများအတွက်တော့ နေရာစုံကစားနိုင်ဖို့က အရေးကြီးပါတယ်။ ကျွန်တော် ဘယ်ခြမ်းမှာရော ညာခြမ်းမှာရော တိုက်စစ်မြှားဦးမှာပါကစားခဲ့ပြီး အဲ့သုံးနေရာစလုံးမှာ ကစားရတာကိုလည်း သဘောကျပါတယ်။ တစ်နေရာထဲမှာကစားနေပြီး အဲ့တစ်နေရာထဲကိုပဲ နှစ်သက်နေလို့မရဖို့ အရေးကြီးတယ်။ သုံးနေရာစလုံးကစားနိုင်တယ်၊ နှစ်သက်မှုလည်းရှိတယ်ဆိုရင် အသင်းမှာ နေရာပိုရမယ်ဆိုတာ ထင်သာမြင်သာပါပဲ။
🔴 နိုင်ငံအသင်းမှာလည်း နည်းပြ Ryan Giggs ရဲ့ လွှမ်းမိုးမှုကို ရရှိနေမှာပဲ။ ဒီစာချုပ်ကိုချုပ်ဆိုဖို့အတွက် သူက ဘယ်လောက်တောင် အရေးပါမှု ရှိခဲ့သလဲ။
ဟုတ်တာပေါ့ Ryan က ကျွန်တော် ဒီမှာရှိနေရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါပဲ။ Slovakia နဲ့ပွဲမှာပါဝင်ဖို့ သူကပဲ အခွင့်အရေး ပေးခဲ့တာပါ။ စစချင်း ငါးမိနစ်မှာပဲ ဂိုးသွင်းနိုင်ခဲ့တာကလည်း တစ်ကယ့်ကို ကျေနပ်စရာဖြစ်ပြီး ခွန်အားတွေ ရရှိခဲ့ပါတယ်။ သူက ကျွန်တော့်ကို ယုံကြည်ပေးခဲ့ပြီး အဲ့အချိန်ကစလို့ Swansea မှာ ကျွန်တော်ကစားရတဲ့ပွဲတွေကို လာကြည့်တတ်ပါတယ်။ အခုဒီနေရာမှာရှိနေရတာအတွက် သူ့ကိုကျွန်တော် ကြီးကြီးမားမား အသိအမှတ်ပြုပါတယ်။ အဲ့အတွက်လည်း သူ့အပေါ် ကျွန်တော်အများကြီးပေးဆပ်သွားမှာပါ။
🔴 မင်း စပါယ်ရှယ်ဂိုးတစ်ချို့သွင်းတာကို ငါတို့တွေ တွေ့ခဲ့ရပြီးပြီ။ Brentford နဲ့ FA ဖလားပွဲမှာသွင်းခဲ့တဲ့ဂိုးဆိုရင် YouTube မှာ နာမည်ကြီးပဲ။ အဲ့တာဟာဆိုရင် မင်းကစားဖူးသမျှပွဲတွေမှာ အမြန်ဆုံးပြေးနိုင်ခဲ့တာလား။ ဒီဂိုးကိုရဖို့ ကိုက် ၈၀ လောက်ပြေးပြီး ဂိုးရသွားတော့ကော ဘယ်လိုနေလဲ။
ဒီဂိုးအကြောင်းကို ကျွန်တော်ပြန်ပြောပြတဲ့လူတိုင်းကိုပြောဖြစ်တာက ဒီဂိုးက ဘာနဲ့တူလည်းဆိုတော့ ကလေးတစ်ယောက်က ဒေသခံအသင်းမှာ သွင်းတဲ့ဂိုးနဲ့တူတယ်ဆိုတာပါပဲ။ တစ်ကယ်ပါ၊ ဖရီးကစ်ကနေပြန်ထွက်လာပြီး ကျွန်တော့်ရှေ့မှာ အဲ့လောက် နေရာလွတ်အများကြီးရှိနေမယ်လို့ မထင်ခဲ့ပါဘူး။ ကွင်းလယ်စည်းမှာ ပြိုင်ဘက်ကစားသမားတစ်ယောက်လောက်ကတော့ အမြဲကျန်နေမှာပါ။ ဒါပေမယ့် ကျွန်တော် ဘောလုံးရပြီး အရှေ့မှာ ပြေးဖို့ နေရာလွတ်ကြီးရှိလာတာနဲ့ စိတ်ထဲမှာ တစ်ခုပဲရှိတယ်၊ တတ်နိုင်သလောက် တစ်ဖက်ဂိုးပေါက်ဆီရောက်အောင် မြန်မြန်ပြေးဖို့ပဲ။ ဂိုးပေါက်ရောက်တာနဲ့ အဆုံးသတ်လိုက်ဖို့ပဲ ကျန်တော့တယ်။ ကျွန်တော် လုပ်နိုင်ခဲ့ပါတယ်။
🔴 Man Utd အသင်းနဲ့စာချုပ်ချုပ်ဆိုပြီးတော့ ဘယ်လိုစိန်ခေါ်မှုမျိုးက မင်းအတွက်ရင်ခုန်စရာ အကောင်းဆုံးဖြစ်မလဲ။
ဒီနေရာမှာရှိနေဖို့ကပဲ ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုပါပဲ။ United အသင်းရဲ့အရင်ပုံစံပြန်ရဖို့လုပ်ဆောင်မှုတွေမှာ ကျွန်တော်က ကြီးမားတဲ့နေရာကနေပါဝင်ချင်ပါတယ်။ အသင်းမှာလည်းကြီးမားလွန်းတဲ့ပရိသတ်အင်အားရှိနေပြီး သူတို့ရဲ့တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ရတာဟာ အံ့မခန်းပါပဲ။ ပရီးမီးယားလိဂ်မှာကစားဖို့ကလည်း ကျွန်တော့်အတွက်တော့စစ်ဆေးမှုကြီးတစ်ခုဖြစ်ပြီး အဲ့အတွက်လည်းကျွန်တော် အသင့် ဖြစ်နေပါပြီ။
🔴 Ole Gunnar Solskjaer နဲ့ကောတွေ့ဆုံပြီးစကားတွေပြောခွင့်ရပြီးပြီလား။ မင်းနဲ့ရှေ့ဆက်မဲ့သူ့ရဲ့အစီအစဉ်တွေ အကြောင်းပေါ့။
ဟုတ်ကဲ့၊ ကျွန်တော်ဒီကိုရောက်ကတည်းက သူနဲ့တွေ့ပြီး စကားတွေပြောပြီးပါပြီ။ လာမဲ့နှစ်အနည်းငယ်အတွင်းမှာ သူတို့မျှော်မှန်းထားတဲ့အသင်းရဲ့ ရည်ရွယ်ချက်တွေက တော်တော်လေးကောင်းမွန်တယ်ဆိုတာ သိရှိပြီးပါပြီ။ သူတို့ကအောင်မြင်မှုကို ဆာလောင်ပြီးပြင်းပြင်းထန်ထန်ကြိုးစားဖို့အသင့်ဖြစ်နေတဲ့ ကစားသမားတွေကိုလည်း အလိုရှိနေပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဒီလိုကစားသမားတစ်ယောက်လို့ ကျွန်တော်ယုံပါတယ်။ ကျွန်တော်ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါဟာစိန်ခေါ်မှုတစ်ခုပါပဲ။
🔴 မင်း Old Trafford ကွင်းကြီးထဲမှာ တစ်ခါမှမကစားဖူးသေးဘူးနော်။ ဒီကွင်းကြီးထဲမှာ ကစားရတော့မယ်ဆိုတော့ မင်းဘယ်လိုမျိုးတွေခံစားနေရလဲ။ ပြီးတော့ ပရိသတ်တစ်ယောက် အနေနဲ့ကော မင်းဒီကွင်းထဲရောက်ခဲ့ဖူးသေးလား။
ဟုတ်ကဲ့၊ ကျွန်တော်ဒီကွင်းမှာ ယူနိုက်တက်နဲ့ဘာစီလိုနာ ချန်ပီယံလိဂ်ကစားတာကိုကြည့်ခဲ့ဖူးပါတယ်။ တုံ့ပြန်မှုတွေက တစ်ကယ့်ကိုကောင်းမွန်လှပါတယ်။ ကျွန်တော်ဒီကိုပွဲလာကြည့်တုန်းကတော့ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဒီကွင်းထဲမှာကစားရလိမ့်မယ်လို့ လုံးဝကိုမတွေးခဲ့ဖူးဘူး။ အခုတွေးကြည့်လိုက်တော့ ကွင်းထဲဝင်ဖို့ကိုကျွန်တော်မစောင့်နိုင်တော့ဘူး။ ဒီကွင်းကြီးရဲ မြက်ခင်းတွေပေါ်ခြေချပြီးကစားဖို့ဆိုတာ ကျွန်တော်တကယ်ကို မျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာတော့မှာပါ။ ပရိတ်သတ် တွေကလည်း အရမ်းအံ့အားသင့်ဖို့ကောင်းပြီး တုံ့ပြန်မှုတွေကလည်း တကယ့်ကိုကောင်းမွန်ပါတယ်။
🔴 မင်းရဲ့ United အသင်းအတွက် ဘဝအစအရသာကို နွေရာသီခြေစမ်းပွဲတွေမှာ ခံစားရဖို့ရှိနေတယ်။ ဒီအသင်းဟာ တစ်ကမ္ဘာလုံးဆိုင်ရာမှာ အတော်လေးကျယ်ပြန့်နေတာကိုမြင်ရတာကို မင်းဘယ်လောက်ထိကျေနပ်မှုရှိသလဲ။ ပြီးတော့ဒီခြေစမ်းပွဲခရီးစဉ်နဲ့ပတ်သတ်ပြီးမင်းစိတ်လှုပ်ရှားမိတာကကော။
ဟုတ်ကဲ့၊ ကျွန်တော်ဒီခြေစမ်းပွဲတွေနဲ့ပတ်သတ်ပြီး တကယ်ပဲရင်ခုန်စိတ်လှုပ်ရှားနေမိပါတယ်။ ကျွန်တော်တို့ Australia မှာကော တရုတ်မှာပါ ခြေစမ်းပွဲတွေကစားဖို့ရှိပါတယ်။ ဒီအကြောင်းတွေကိုလည်း Social Media အနှံ့နဲ့ နေရာတကာမှာပါတွေ့ကြမှာပါ။ ပရိတ်သတ်အင်အားဟာလည်း မယုံနိုင်လောက်အောင် များပြားလှပါတယ်။ ကျွန်တော်တို့ဘယ်နေရာကိုပဲသွားသွား United အသင်းရဲ့ ပရိတ်သတ်တွေကနေရာတကာ မှာရှိနေမှာပါ။ ပြီးတော့ United ဟာ အသင်းကြီးတစ်ခုထဲတင်မဟုတ်ပါဘူး။ ကြီးမားတဲ့မိသားစုတစ်ခုဆိုလည်း ဟုတ်ပါသေးတယ်။
🔴 ကြာသပတေးနေ့မှာ ပရီမီးယားလိဂ်ပွဲစဉ်တွေ ထွက်ပေါ်လာလိမ့်မယ်။ မင်းအဲ့ပွဲစဉ်တွေကိုကြည့်ပြီးရင် မင်းရဲ့စွန့်စားခန်းတွေက တစ်ကယ့်အစစ်နဲ့ ပိုတူလာမလား။ ပြီးတော့ ပွဲစဉ်စာရင်းမှာ Man City, Liverpool, Chelsea တို့လို အသင်းတွေပါဝင်နေတာကို မင်းဘယ်လောက်ထိ ရင်ခုန်မိသလဲ။
ထွက်ပေါ်လာမယ့်ပွဲစဉ်တွေအပေါ် ကျွန်တော် တစ်ကယ်ပဲ ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်ဗျာ။ ပရီမီးယားလိဂ်မှာကတော့ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အကုန်လုံးက ခက်ခဲမှာပါပဲ။ ဒါပေမယ့် ဒီလို အသင်းကြီးတွေနဲ့ရင်ဆိုင်ကစားရဖို့ဆိုတာကတော့ ကျွန်တော့်အတွက်က တစ်ကယ်ကို စိတ်ကူးယဉ်ဆန်ဆန်ပါပဲ။ ကျွန်တော့်ကိုယ်ကျွန်တော် ဒီလိုအသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားရမယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။
🔴 တစ်ခြားကစားသမားထက်ပိုပြီး တူတူတွဲဆော့ဖို့ဆန္ဒရှိတဲ့ ကစားသမားကောရှိလား။
မရှိပါဘူး။ မနှစ်က FA ဖလားမှာတော့ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ကစားသမားအချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံတော့ရှိပါတယ်။ ကိုယ့်ကိုကိုယ်လည်း သူတို့ရဲ့အဆင့်အတန်းကိုရောက်နေပြီလို့ မထင်သေးပါဘူး။ ဒါပေမယ့် အဲ့လိုအဆင့်ရောက်ဖို့ဆိုတာ ကျွန်တော်ရည်မှန်းထားတဲ့အရာပါ။ ဒီအတွက်လည်း ကျွန်တော် အထူးတလည် ကြိုးစားသွားမှာပါ။
#MUFP

Comments
Post a Comment