မနက်ခင်းယူနိုက်တက်သတင်းတိုများ

🔴ယူနိုက်တက် အသင်းသည်ဝမ်ဘစ်ဆာကာကိုခေါ်ယူ
ပြီးနောက်နယူကာဆယ် ကွင်းလယ်လူလောင်စတန်ကို
ခေါ်ယူသွားရန် မျှော်လင့်ထားသည်။
Source: [𝐭𝐞𝐥𝐞𝐠𝐫𝐚𝐩𝐡]












🔴ပေါ့ဘာ၊ ရပ်ရှ်ဖို့ဒ်၊ ဒီဂီယာ၊ ဒန်နီရယ်ဂျိမ်းနှင့် ဝမ်ဘစ်ဆာ
ကာတို့သည် ယခုတစ်ပတ်တွင်ပြုလုပ်မည့် ကာရစ်တန်
လေ့ကျင့်ခန်း အစီအစဉ်များကိုနောက်ကျမည်ဖြစ်ကြောင်း
သိရသည်။ ဆိုးလ်ရှားက ရှိနေသည့် ကစားသမားများဖြင့်
သာအသင်း၏လေ့ကျင့်ခန်းအစီအစဉ်ကိုအကောင်းဆုံး
လုပ်ဆောင်သွားရန်မျှော်လင့်ထားသည်။
Source: [𝐌𝐄𝐍]

🔴အင်တာမီလန်အသင်းသည် ယူနိုက်တက်အသင်း
နှင့် လူကာကူ၏အပြောင်းအရွှေ့ကိစ္စကိုတွေ့ဆုံဆွေးနွေးရန်
ဆန္ဒရှိနေပြီး ယင်းတို့ဘက်က (2) နှစ်အငှါးဖြင့်ခေါ်ယူပြီး
အပြီးသတ်ဝယ်ယူခွင့် ပေါင်သန်း(70)စာချပ်ကိုထည့်သွင်း
ချုပ်ဆိုရန်ဆန္ဒရှိနေသည်။ သို့ပေမယ့် ယူနိုက်တက်အသင်း
က လူကာကူ၏ပြောင်းရွှေ့ကြေးကိုပေါင်သန်း(80) မရပါက
မည့်သည့်နည်းလမ်းမျှဖြင့်ရောင်းချမည်မဟုတ်ကြောင်း
သိရသည်။
Source: [𝐝𝐢 𝐦𝐚𝐫𝐳𝐢𝐨]

🔴ဆိုးလ်ရှားက အကယ်၍ လောင်စတန်ကိုခေါ်ယူနိုင်မည်
ဆိုပါက ပေါ့ဘာအတွက်လုံလောက်မှုမရှိဟု ခံစားနေရပြီး
ဖာနန်ဒက်သာလျှင် ပေါ့ဘာ၏ခြေစွမ်းကိုအကောင်းဆုံးဖြစ်
စေနိုင်မည်ဟု ယင်းက ယူဆထားသည်။ ဆိုးလ်ရှားသည်
အသက်လက်တီကိုကွင်းလယ်လူ ဆာအူးလ်ထက်
ဖာနန်ဒက်ကိုသာ ပိုမိုစိတ်ဝင်စားသည်။
Source: [𝐭𝐞𝐥𝐞𝐠𝐫𝐚𝐩𝐡]

🔴ရီရဲလ်မက်ဒရစ်အသင်း၏ဥက္ကဌဖြစ်သူ ပီရက်ဇ်က
ဇီဒန်နှင့်တွေ့ဆုံ၍ ပေါ့ဘာ၏အပြောင်းအရွှေ့ကိုလုပ်ဆောင်
ရန်ဆွေးနွေးနေပြီး ယင်းတို့ဘက်က ယူနိုက်တက်အသင်း
ကမ်းလှမ်းမှုရထားမှသာ ခေါ်ယူနိုင်မည်ဖြစ်သည်။
ယူနိုက်တက်အသင်းက ပေါ့ဘာကိုရောင်းထုတ်ရန်ဆန္ဒမရှိ
ပေ။
Source: [𝐣𝐨𝐬𝐞𝐩 𝐩𝐞𝐝𝐫𝐞𝐫𝐨𝐥]

ကျွန်တော်ရေးသားထားတဲ့ သတင်းတွေကို
ယူနိူက်တတ်ပရိသတ်များအနေဖြင့်
ကျွန်တော်တို့ယူနိုက်တက် ပရိသတ်
တွေ ပိုမိုဖတ်ရှု့နိုင်အောင် ယူနိုက်တက်groupများတွင်
Share ခြင်းဖြင့် ကူညီပေးကြပါ ရန် မေတ္တာ ရပ်ခံပါ၏☺

#နငယ်

Comments

Popular posts from this blog

အတွက် အမှန်တကယ်လှုပ်ရှားမှုကို July (1) ရက်နေ့ တွင်အပြီးသတ်သွားမည်မဟုတ်ဘဲ အပြောင်းအရွှေ့ဈေး ကွက်ပိတ်မည့် August (9) ရက်နေ့မတိုင်ခင်အချိန်အထိ လှုပ်ရှားသွားမည်

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ Adidas ရဲ့ ဖိအားပေးခြင်းကို ခံရဖွယ် ရှိနေတဲ့ ယူနိုက်တက်